VAR လာကြည့်တဲ့ ဒိုင်လူကြီးကို လာဘ်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဘရန်ဖို့ဒ် ပရိသတ် ကလေးငယ်လေး

စနေညမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တော်တော်များများမှာ VAR နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိခဲ့တာ အားလုံးအသိပါ။ အဲဒီလို အငြင်းပွား စရာဖြစ်ခဲ့တဲ့ ပွဲစဉ်တွေထဲမှာတော့ ဘရန်ဖို့ဒ်က လိဒ်ကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်လည်း အပါအဝင်ပေါ့။

ဒီပွဲရဲ့ အဖွင့်ဂိုးကိုလည်း VAR နဲ့ အစပြုခဲ့တယ်လို့ ပဲ ဆိုရမှာဖြစ်ပါတယ်။ ပွဲချိန်မိနစ် ၃၀ မှာ ဘရန်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနီကို ဆီနီစတာရာက ပင်နယ်တီဧရိယာထဲမှာ နောက်ကနေလျှောထိုးဖျက်ထုတ်ခဲ့ တာကြောင့် ကွင်းလယ်ဒိုင် ရောဘတ်ဂျုံးစ်က ပင်နယ်တီပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး VAR အကူအညီရယူဖို့ တောင်းဆိုခံခဲ့ရတာကြောင့် ကွင်းလယ်ဒိုင်ဟာ ရုပ်သံဖန်သားပြင်ရှိရာကို သွားရောက်ခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို စစ်ဆေးနေချိန်အတွင်းမှာ ပွဲကြည့်စင် မှာရှိနေတဲ့

ဘရန်ဖို့ဒ်ပရိသတ် ကလေးငယ်လေးတစ်ဦးဟာ  လက်ထဲမှာ ငွေစက္ကူတွေကို ကိုင်ဆောင်ထားပြီး ဒိုင်လူကြီးကို ဝှေ့ယမ်းပြခဲ့ပါတယ်။ ရုပ်သံပြကွက်ကို အချိန်အတော်ကြာကြာ ကြည့်ပြီးတဲ့အချိန်မှာတော့ ကွင်းလယ်ဒိုင် ရောဘတ်ဂျုံးစ်ဟာ

ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ပြီး ဒီပင်နယ်တီကို တိုက်စစ်မှူး တိုရီကပဲ သွင်းယူသွားခဲ့တာပါ။ ဒီပွဲမှာ ကွင်းဘေးကနေပြီး ဒိုင်တွေကို စောဒကတက်ခဲ့တဲ့ လိဒ်အသင်းနည်းပြ ဂျက်ဆီမာ့ရှ်လည်း အနီကတ်ပြပြီး အထုတ်ခံခဲ့ရပါတယ်။

ဒါကြောင့် VAR ရဲ့ ဆုံးဖြတ်ချက်ဟာ လေးစားမှု ကင်းမဲ့နေတယ်ဆိုပြီး မာ့ရှ်က တုံ့ပြန်သွားခဲ့ပါတယ်။ ‘’ကျွန်တော်ဟာ အတတ်နိုင်ဆုံး လေးစားမှုအပြည့်နဲ့အတူ စတုတ္ထဒိုင်ကို စကားပြောဖို့ ကြိုး စားနေခဲ့တာပါ။

ပင်နယ်တီ ပေးလိုက်တဲ့ အခါမှာတောင် ဒါဟာ ပင်နယ်တီ ပြစ်ဒဏ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒါကို အပြန်အလှန်ပြုလုပ်တာလို့ မမြင် တဲ့အခါ အဲဒါ လေးစားမှုနဲ့ ဆိုင်တယ်။ ဒါကို VAR သေသေချာချာကြည့်ဖို့ အဖြစ်မရှိဘူးဆိုရင်တော့ အဆုံးသတ်မှာ အဲဒါဟာ လေးစားမှု လျော့ကျတာပါပဲ” လို့ မာ့ရှ်က

ဝေဖန်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို မျက်နှာသာပေးသွားခဲ့တဲ့ VAR နဲ့ ကွင်းလယ်ဒိုင် ဂျုံးစ်တို့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘရန်ဖို့ဒ်ပရိသတ် ကလေးငယ်လေးရဲ့ လာဘ်ထိုးတဲ့ကိစ္စ အောင်မြင်သွားခဲ့တယ်လို့ ဆိုရလေမလားပါပဲ။

(zawgyi)

စေနညမွာကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ားမွာ VAR နဲ႔ ပတ္သက္ၿပီး အျငင္းပြားစရာေတြ ရွိခဲ့တာ အားလုံးအသိပါ။ အဲဒီလို အျငင္းပြား စရာျဖစ္ခဲ့တဲ့ ပြဲစဥ္ေတြထဲမွာေတာ့ ဘရန္ဖို႔ဒ္က လိဒ္ကို ၅-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္လည္း အပါအဝင္ေပါ့။

ဒီပြဲရဲ႕ အဖြင့္ဂိုးကိုလည္း VAR နဲ႔ အစျပဳခဲ့တယ္လို႔ ပဲ ဆိုရမွာျဖစ္ပါတယ္။ ပြဲခ်ိန္မိနစ္ ၃၀ မွာ ဘရန္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္တိုနီကို ဆီနီစတာရာက ပင္နယ္တီဧရိယာထဲမွာ ေနာက္ကေနေလွ်ာထိုးဖ်က္ထုတ္ခဲ့ တာေၾကာင့္ ကြင္းလယ္ဒိုင္ ေရာဘတ္ဂ်ဳံးစ္က ပင္နယ္တီေပးခဲ့ပါတယ္။

ဒါေပမဲ့ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး VAR အကူအညီရယူဖို႔ ေတာင္းဆိုခံခဲ့ရတာေၾကာင့္ ကြင္းလယ္ဒိုင္ဟာ ႐ုပ္သံဖန္သားျပင္ရွိရာကို သြားေရာက္ခဲ့ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီလို စစ္ေဆးေနခ်ိန္အတြင္းမွာ ပြဲၾကည့္စင္ မွာရွိေနတဲ့

ဘရန္ဖို႔ဒ္ပရိသတ္ ကေလးငယ္ေလးတစ္ဦးဟာ လက္ထဲမွာ ေငြစကၠဴေတြကို ကိုင္ေဆာင္ထားၿပီး ဒိုင္လူႀကီးကို ေဝွ႔ယမ္းျပခဲ့ပါတယ္။ ႐ုပ္သံျပကြက္ကို အခ်ိန္အေတာ္ၾကာၾကာ ၾကည့္ၿပီးတဲ့အခ်ိန္မွာေတာ့ ကြင္းလယ္ဒိုင္ ေရာဘတ္ဂ်ဳံးစ္ဟာ ပင္နယ္တီအျဖစ္ သတ္မွတ္ခဲ့ၿပီး

ဒီပင္နယ္တီကို တိုက္စစ္မႉး တိုရီကပဲ သြင္းယူသြားခဲ့တာပါ။ ဒီပြဲမွာ ကြင္းေဘးကေနၿပီး ဒိုင္ေတြကို ေစာဒကတက္ခဲ့တဲ့ လိဒ္အသင္းနည္းျပ ဂ်က္ဆီမာ့ရွ္လည္း အနီကတ္ျပၿပီး အထုတ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ VAR ရဲ႕ ဆုံးျဖတ္ခ်က္ဟာ

ေလးစားမႈ ကင္းမဲ့ေနတယ္ဆိုၿပီး မာ့ရွ္က တုံ႔ျပန္သြားခဲ့ပါတယ္။ ‘’ကြၽန္ေတာ္ဟာ အတတ္ႏိုင္ဆုံး ေလးစားမႈအျပည့္နဲ႔အတူ စတုတၳဒိုင္ကို စကားေျပာဖို႔ ႀကိဳး စားေနခဲ့တာပါ။ ပင္နယ္တီ ေပးလိုက္တဲ့ အခါမွာေတာင္ ဒါဟာ ပင္နယ္တီ ျပစ္ဒဏ္လို႔ ကြၽန္ေတာ္ မျမင္မိပါဘူး။

ဒါကို အျပန္အလွန္ျပဳလုပ္တာလို႔ မျမင္ တဲ့အခါ အဲဒါ ေလးစားမႈနဲ႔ ဆိုင္တယ္။ ဒါကို VAR ေသေသခ်ာခ်ာၾကည့္ဖို႔ အျဖစ္မရွိဘူးဆိုရင္ေတာ့ အဆုံးသတ္မွာ အဲဒါဟာ ေလးစားမႈ ေလ်ာ့က်တာပါပဲ” လို႔ မာ့ရွ္က ေဝဖန္သြားခဲ့ပါတယ္။

ဒါေၾကာင့္ ဒီပြဲစဥ္မွာ ဘရန္ဖို႔ဒ္အသင္းကို မ်က္ႏွာသာေပးသြားခဲ့တဲ့ VAR နဲ႔ ကြင္းလယ္ဒိုင္ ဂ်ဳံးစ္တို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ဘရန္ဖို႔ဒ္ပရိသတ္ ကေလးငယ္ေလးရဲ႕ လာဘ္ထိုးတဲ့ကိစၥ ေအာင္ျမင္သြားခဲ့တယ္လို႔ ဆိုရေလမလားပါပဲ။