VAR နဲ့ပတ်သက်ပြီး အငြင်းမပွားရအောင် အပြောင်းအလဲကြီးကြီးမားမားလုပ်တော့မယ့် ပရီးမီးယားလိဂ်

ဘောလုံးကမ္ဘာမှာ စတင်မွေးဖွားလာကတည်းက VAR ဟာ မင်းသားကြီးဖြစ်ခဲ့ပါတယ်။ ပွဲဆူစေတဲ့ မင်းသားပါ။ သူ့ကြောင့် အငြင်းပွားစရာတွေ အများကြီးရှိခဲ့သလို

နစ်နာမှုတွေလည်း ရှိခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ကတော့ အပြောင်းအလဲကြီးကြီးမားမားလုပ်ပြီး ဒီပြဿနာကိုဖြေရှင်းဖို့ ကြိုးစားပါတော့မယ်။ ဒိုင်လူကြီးတွေနဲ့ VAR တာဝန်ရှိသူတွေကြား

ပြောစကားတွေကို လူသိရှင်ကြားထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ The Times သတင်းစာက ဖေါ်ပြပါတယ်။ ဒါဟာ VAR ဆုံးဖြတ်ချက်အပေါ် ပရိသတ်တွေနားလည်သဘောပေါက်စေရေးနဲ့

ပိုမိုပွင့်လင်းမြင်သာမှုရှိရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ရေးသားထားပါတယ်။ ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာကလည်း

ဒီအစီအစဉ်အတွက် ခိုင်မာတဲ့ကျောထောက်နောက်ခံ ရှိထားတယ်လို့ယုံကြည်နေပါတယ်။ “ ယေဘုယျအမြင်အားဖြင့် အသံဖိုင်ထုတ်လွှင့်တာဟာ ကောင်းတဲ့အရာပါ။

ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပရိသတ်တွေ ပိုမိုပွင့်လင်းမြင်သာစေချင်ပါတယ်။ ဒါကို တိတိကျကျ အကောင်အထည်ဖော်ဖို့လည်း လိုအပ်ပါတယ် ” လို့ သူကဆိုပါတယ်။

ဒီအစီအစဉ်ကို မေဂျာလိဂ်မှာ စမ်းသပ်ခဲ့ပြီးပါပြီ။ ဆုံးဖြတ်ချက်အပေါ် ကွင်းထဲကဆွေးနွေးမှုတွေကို YouTube အသံဖော်စနစ်နဲ့ ပြန်လည်ထုတ်လွှင့်ခဲ့တာပါ။ ဒီအစီအစဉ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍက

ပါဝင်လာသူကတော့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟောင်းဝက်ဒ်ဝက်ဘ်ပါပဲ။ မေဂျာလိဂ်ဒိုင်အဖွဲ့ရဲ့အကြီးအကဲဖြစ်နေတဲ့ ဟောင်းဝက်ဒ်ဝက်ဘ်ဟာ ဒိုင်လူကြီးအဖွဲ့ဥက္ကဌအဖြစ် ပရီးမီးယားလိဂ်ကို ပြန်လာမှာဖြစ်ပါတယ်။

(zawgyi)

ေဘာလုံးကမာၻမွာ စတင္ေမြးဖြားလာကတည္းက VAR ဟာ မင္းသားႀကီးျဖစ္ခဲ့ပါတယ္။ ပြဲဆူေစတဲ့ မင္းသားပါ။ သူ႔ေၾကာင့္ အျငင္းပြားစရာေတြ အမ်ားႀကီးရွိခဲ့သလို နစ္နာမႈေတြလည္း ရွိခဲ့ဖူးပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ၿပီး ဒီျပႆနာကိုေျဖရွင္းဖို႔ ႀကိဳးစားပါေတာ့မယ္။ ဒိုင္လူႀကီးေတြနဲ႔ VAR တာဝန္ရွိသူေတြၾကား ေျပာစကားေတြကို

လူသိရွင္ၾကားထုတ္ျပန္ဖို႔ စီစဥ္ေနတယ္လို႔ The Times သတင္းစာက ေဖၚျပပါတယ္။ ဒါဟာ VAR ဆုံးျဖတ္ခ်က္အေပၚ ပရိသတ္ေတြနားလည္သေဘာေပါက္ေစေရးနဲ႔ ပိုမိုပြင့္လင္းျမင္သာမႈရွိေရးအတြက္

အေထာက္အကူျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ေရးသားထားပါတယ္။ ပရီးမီးယားလိဂ္အမႈေဆာင္ခ်ဳပ္ ရစ္ခ်တ္မာစတာကလည္း ဒီအစီအစဥ္အတြက္

ခိုင္မာတဲ့ေက်ာေထာက္ေနာက္ခံ ရွိထားတယ္လို႔ယုံၾကည္ေနပါတယ္။ “ ေယဘုယ်အျမင္အားျဖင့္ အသံဖိုင္ထုတ္လႊင့္တာဟာ ေကာင္းတဲ့အရာပါ။ ဒိုင္ေတြရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး

ပရိသတ္ေတြ ပိုမိုပြင့္လင္းျမင္သာေစခ်င္ပါတယ္။ ဒါကို တိတိက်က် အေကာင္အထည္ေဖာ္ဖို႔လည္း လိုအပ္ပါတယ္ ” လို႔ သူကဆိုပါတယ္။ ဒီအစီအစဥ္ကို ေမဂ်ာလိဂ္မွာ စမ္းသပ္ခဲ့ၿပီးပါၿပီ။

ဆုံးျဖတ္ခ်က္အေပၚ ကြင္းထဲကေဆြးေႏြးမႈေတြကို YouTube အသံေဖာ္စနစ္နဲ႔ ျပန္လည္ထုတ္လႊင့္ခဲ့တာပါ။ ဒီအစီအစဥ္မွာ အေရးႀကီးတဲ့အခန္းက႑က ပါဝင္လာသူကေတာ့

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ေဟာင္းဝက္ဒ္ဝက္ဘ္ပါပဲ။ ေမဂ်ာလိဂ္ဒိုင္အဖြဲ႕ရဲ႕အႀကီးအကဲျဖစ္ေနတဲ့ ေဟာင္းဝက္ဒ္ဝက္ဘ္ဟာ ဒိုင္လူႀကီးအဖြဲ႕ဥကၠဌအျဖစ္ ပရီးမီးယားလိဂ္ကို ျပန္လာမွာျဖစ္ပါတယ္။