VAR ကြောင့် ကိုယ့်သိက္ခာကိုယ်ပြန်အဖတ်ဆယ်နိုင်ဖို့ ကြိုးစားရတော့မယ့် ပရီးမီးယားလိဂ်

ဒီသီတင်းပတ်ရဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေနဲ့ပတ်သက်ပြီး လူပြောအများဆုံးဖြစ်ခဲ့တာကတော့ ဗီဒီယိုအကူဒိုင်နည်းပညာ (VAR) ဆိုတဲ့ ကိစ္စနဲ့ အပြင်းပွားဖွယ်ပြဿနာတွေပဲဖြစ်ပါတယ်။ အဲဒီလို အငြင်းပွားတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်ပြီဆိုကတည်းက ပြိုင်ဘက်အသင်းနှစ်သင်းအကြား

သဘောထားကွဲလွဲမှုတွေ အများကြီး ဖြစ်သွားစေတာမျိုးပါ။ ဒါကြောင့် တစ်ခါ တလေမှာ ကစားသမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာတွေ၊ နည်းပြအချင်း ချင်း ထိပ်တိုက်တွေ့တာတွေဖြစ်သွားတတ်ပြီး ဘောလုံးပွဲတစ်ပွဲကို အကျည်း တန်အရုပ်ဆိုးစေပါတယ်။ ဒါကို မကြာသေးခင်ကမှ

ကစားပြီးသွားခဲ့တဲ့ ချဲလ်ဆီးနဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြ နှစ်ယောက်အကြား ပွတ်တိုက်မှုတွေဖြစ်ပွားပြီး နှစ်ယောက်စလုံး အနီကတ် ပြထုတ်ပယ်ခံရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ဘောလုံးပွဲရသကို ပေးစွမ်းနိုင်တယ်လို့ ဆိုပေမယ့်

မတူညီတဲ့ ရှုထောင့်မျိုးက ပြန်ကြည့်ရင်တော့ ဘောလုံးပွဲတစ်ပွဲကို အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒါကြောင့် ပရီးမီး ယားလိဂ်တာဝန်ရှိသူတွေဟာ အခုလိုမျိုး အငြင်းပွားမှုတွေအတွက် သိက္ခာ ဆယ်ဖို့ ကြိုးစားလာပြီဖြစ်ပါတယ်။ အဲဒီအတွက် တာဝန်ရှိသူတွေဟာ

ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ ကစားခဲ့တဲ့ပွဲစဉ်၊ နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲ လေ့စ်တို့က အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်တွေကို ပြန်ပြီး စိစစ်ပေးဖို့ တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းတိုက်စစ်မှူး ကော်နက်သွင်းယူခဲ့တဲ့ဂိုး၊ နယူးကာဆယ်ပွဲမှာ

ပဲလေ့စ်ကစားသမား မစ်ချယ် ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးတွေအပေါ် ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆို လိုက်တာပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နှစ်ခုဟာ ဒီသီတင်းပတ်မှာ ဝေဖန်မှု အခံရဆုံး အဖြစ်အပျက်တွေဖြစ်နေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်တာ ဝန်ရှိသူတွေဟာ

ဒီကိစ္စကို သက်ဆိုင်ရာက ပြန်လည်စစ်ဆေးပေးဖို့ တောင်း ဆိုလိုက်ပြီဖြစ်တယ်လို့ PA သတင်းဌာနက ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ VAR ကြီးကြပ်သူ ဒိုင်လူကြီး ဂျီးလက်ဟာဆိုရင်လည်း အဲဒီရာထူးမျိုးနဲ့ ထိုက်တန်မှုမရှိသူဖြစ်တယ်လို့

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ဝေဖန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အငြင်းပွား စရာတွေဖြစ်ပြီးခါမှ အခုလိုမျိုး ပြန်ပြီး စိစစ်ပေးဖို့ တောင်းဆိုတာမျိုးကတော့ ကိုယ့်သိက္ခာကိုယ်ပြန်ပြီး အဖတ်ဆယ်တော့ဖို့ လုပ်တာလား ပရီးမီးယားလိဂ် ရယ်လို့ မေးရမလိုဖြစ်နေပါပြီ။

(zawgyi)

ဒီသီတင္းပတ္ရဲ႕ ပရီးမီးယားလိဂ္ ေဘာလုံးပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး လူေျပာအမ်ားဆုံးျဖစ္ခဲ့တာကေတာ့ ဗီဒီယိုအကူဒိုင္နည္းပညာ (VAR) ဆိုတဲ့ ကိစၥနဲ႔ အျပင္းပြားဖြယ္ျပႆနာေတြပဲျဖစ္ပါတယ္။ အဲဒီလို အျငင္းပြားတယ္ဆိုတဲ့ ကိစၥမ်ိဳးေတြ ျဖစ္ၿပီဆိုကတည္းက

ၿပိဳင္ဘက္အသင္းႏွစ္သင္းအၾကား သ ေဘာထားကြဲလြဲမႈေတြ အမ်ားႀကီး ျဖစ္သြားေစတာမ်ိဳးပါ။ ဒါေၾကာင့္ တစ္ခါ တေလမွာ ကစားသမားအခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားတာေတြ၊ နည္းျပအခ်င္း ခ်င္း ထိပ္တိုက္ေတြ႕တာေတြျဖစ္သြားတတ္ၿပီး ေဘာလုံးပြဲတစ္ပြဲကို

အက်ည္း တန္အ႐ုပ္ဆိုးေစပါတယ္။ ဒါကို မၾကာေသးခင္ကမွ ကစားၿပီးသြားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ စပါးတို႔ရဲ႕ ပြဲစဥ္မွာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။ ပြဲအၿပီးမွာ နည္းျပ ႏွစ္ေယာက္အၾကား ပြတ္တိုက္မႈေတြျဖစ္ပြားၿပီး ႏွစ္ေယာက္စလုံး အနီကတ္ ျပထုတ္ပယ္ခံရတဲ့အထိကို ျဖစ္သြားခဲ့ပါတယ္။

ဒါဟာ ေဘာလုံးပြဲရသကို ေပးစြမ္းႏိုင္တယ္လို႔ ဆိုေပမယ့္ မတူညီတဲ့ ရႈေထာင့္မ်ိဳးက ျပန္ၾကည့္ရင္ေတာ့ ေဘာလုံးပြဲတစ္ပြဲကို အ႐ုပ္ဆိုးအက်ည္းတန္ေစပါတယ္။ ဒါေၾကာင့္ ပရီးမီး ယားလိဂ္တာဝန္ရွိသူေတြဟာ အခုလိုမ်ိဳး အျငင္းပြားမႈေတြအတြက္

သိကၡာ ဆယ္ဖို႔ ႀကိဳးစားလာၿပီျဖစ္ပါတယ္။ အဲဒီအတြက္ တာဝန္ရွိသူေတြဟာ ခ်ဲလ္ဆီးနဲ႔ ဝက္စ္ဟမ္းတို႔ ကစားခဲ့တဲ့ပြဲစဥ္၊ နယူးကာဆယ္နဲ႔ ခရစၥတယ္ပဲ ေလ့စ္တို႔က အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္ေတြကို ျပန္ၿပီး စိစစ္ေပးဖို႔ ေတာင္းဆိုလိုက္ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ဝက္စ္ဟမ္းတိုက္စစ္မႉး ေကာ္နက္သြင္းယူခဲ့တဲ့ဂိုး၊ နယူးကာဆယ္ပြဲမွာ ပဲေလ့စ္ကစားသမား မစ္ခ်ယ္ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ ဂိုးေတြအေပၚ ျပန္လည္စစ္ေဆးေပးဖို႔ ေတာင္းဆို လိုက္တာပဲျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ႏွစ္ခုဟာ ဒီသီတင္းပတ္မွာ ေဝဖန္မႈ အခံရဆုံး

အျဖစ္အပ်က္ေတြျဖစ္ေနပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္တာ ဝန္ရွိသူေတြဟာ ဒီကိစၥကို သက္ဆိုင္ရာက ျပန္လည္စစ္ေဆးေပးဖို႔ ေတာင္း ဆိုလိုက္ၿပီျဖစ္တယ္လို႔ PA သတင္းဌာနက ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ VAR ႀကီးၾကပ္သူ ဒိုင္လူႀကီး ဂ်ီးလက္ဟာဆိုရင္လည္း

အဲဒီရာထူးမ်ိဳးနဲ႔ ထိုက္တန္မႈမရွိသူျဖစ္တယ္လို႔ ဝက္စ္ဟမ္းနည္းျပ မိုယက္စ္က ေဝဖန္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ အျငင္းပြား စရာေတြျဖစ္ၿပီးခါမွ အခုလိုမ်ိဳး ျပန္ၿပီး စိစစ္ေပးဖို႔ ေတာင္းဆိုတာမ်ိဳးကေတာ့ ကိုယ့္သိကၡာကိုယ္ျပန္ၿပီး အဖတ္ဆယ္ေတာ့ဖို႔ လုပ္တာလား ပရီးမီးယားလိဂ္ ရယ္လို႔ ေမးရမလိုျဖစ္ေနပါၿပီ။