Selfie ရိုက်ချင်တဲ့ကလေးကို လုံခြုံရေးတွေလက်ကဆွဲထုတ်ပြီး စာနာကူညီပေးခဲ့တဲ့ မက်ဆီ

မက်ဆီရဲ့နောက်ထပ်မွှေးပျံ့လာတဲ့ သတင်းတစ်ပုဒ်ပါ။ အာဂျင်တီးနားကြယ်ပွင့်ဟာ နန့်တက်စ်ကို ၄ ဂိုးပြတ်အနိုင်ရတဲ့ ပြင်သစ်စူပါဖလား(Trophée des Champions )ဗိုလ်လုပွဲမှာ

အဖွင့်ဂိုးသွင်းနိုင်ခဲ့သလို ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ Bloomfield ကွင်းထဲက မက်ဆီပြန်အထွက်မှာတော့

သူနဲ့အမှတ်တရဓါတ်ပုံရိုက်ဖို့ ကြိုးစားသူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လုံခြုံရေးတွေက ချက်ချင်းပဲ အဲဒီသူကို ဆွဲထုတ်သွားကြပါတယ်။ ဥမင်ထဲဝင်တော့မယ့် မက်ဆီဟာ

ဒီဖြစ်ရပ်ကို သတိထားမိသွားခဲ့ပါတယ်။ တကယ်တော့ သူနဲ့ဓါတ်ပုံရိုက်ဖို့ကြိုးစားခဲ့သူက ကလေးတစ်ယောက်ပါ။ မက်ဆီဟာ ချက်ချင်းပြန်လှည့်လာပြီး ကလေးကိုလွှတ်ပေးဖို့

လုံခြုံရေးတွေကိုတောင်းဆိုခဲ့သလို အမှတ်တရဓါတ်ပုံလည်း ရိုက်ပေးခဲ့ပါတယ်။ ပရိသတ်တွေဟာ ရွှေဘောလုံးဆုစံချိန်ရှင်ရဲ့လုပ်ရပ်ကို သြဘာပေးခဲ့ကြသလို

ဆိုရှယ်မီဒီယာပေါ်အထိ ချီးမွမ်းခန်းဖွင့်နေကြပါတယ်။ အမ်ဘာပီမပါတဲ့ဒီပွဲမှာ ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာ၊ ရာမို့စ်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

နေမာက ဖရီးကစ်ကတစ်ဂိုး၊ ပင်နယ်တီက တစ်ဂိုးသွင်းပေးခဲ့ပါတယ်။ ဖနောင့်နဲ့ပေါက်ပြီးသွင်းခဲ့တဲ့ နောက်ခံလူရာမို့စ်ရဲ့ဂိုးကလည်း ပါရီပရိသတ်တွေကို ကျေနပ်စေခဲ့ပါတယ်။

(zawgyi)

မက္ဆီရဲ႕ေနာက္ထပ္ေမႊးပ်ံ႕လာတဲ့ သတင္းတစ္ပုဒ္ပါ။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ နန႔္တက္စ္ကို ၄ ဂိုးျပတ္အႏိုင္ရတဲ့ ျပင္သစ္စူပါဖလား(Trophée des Champions )ဗိုလ္လုပြဲမွာ

အဖြင့္ဂိုးသြင္းႏိုင္ခဲ့သလို ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုလည္း ခ်ီးျမႇင့္ခံခဲ့ရပါတယ္။ အစၥေရးႏိုင္ငံ တဲလ္အဗစ္ၿမိဳ႕ Bloomfield ကြင္းထဲက မက္ဆီျပန္အထြက္မွာေတာ့

သူနဲ႔အမွတ္တရဓါတ္ပုံ႐ိုက္ဖို႔ ႀကိဳးစားသူတစ္ေယာက္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ လုံၿခဳံေရးေတြက ခ်က္ခ်င္းပဲ အဲဒီသူကို ဆြဲထုတ္သြားၾကပါတယ္။ ဥမင္ထဲဝင္ေတာ့မယ့္ မက္ဆီဟာ

ဒီျဖစ္ရပ္ကို သတိထားမိသြားခဲ့ပါတယ္။ တကယ္ေတာ့ သူနဲ႔ဓါတ္ပုံ႐ိုက္ဖို႔ႀကိဳးစားခဲ့သူက ကေလးတစ္ေယာက္ပါ။ မက္ဆီဟာ ခ်က္ခ်င္းျပန္လွည့္လာၿပီး ကေလးကိုလႊတ္ေပးဖို႔

လုံၿခဳံေရးေတြကိုေတာင္းဆိုခဲ့သလို အမွတ္တရဓါတ္ပုံလည္း ႐ိုက္ေပးခဲ့ပါတယ္။ ပရိသတ္ေတြဟာ ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ရဲ႕လုပ္ရပ္ကို ၾသဘာေပးခဲ့ၾကသလို

ဆိုရွယ္မီဒီယာေပၚအထိ ခ်ီးမြမ္းခန္းဖြင့္ေနၾကပါတယ္။ အမ္ဘာပီမပါတဲ့ဒီပြဲမွာ ပီအက္စ္ဂ်ီဟာ မက္ဆီ၊ ေနမာ၊ ရာမို႔စ္တို႔ရဲ႕သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တာပါ။

ေနမာက ဖရီးကစ္ကတစ္ဂိုး၊ ပင္နယ္တီက တစ္ဂိုးသြင္းေပးခဲ့ပါတယ္။ ဖေနာင့္နဲ႔ေပါက္ၿပီးသြင္းခဲ့တဲ့ ေနာက္ခံလူရာမို႔စ္ရဲ႕ဂိုးကလည္း ပါရီပရိသတ္ေတြကို ေက်နပ္ေစခဲ့ပါတယ္။