
ဒီနေ့မနက်အစောပိုင်းက ပြင်သစ်ရှုံးထွက်ဖလားပွဲအဖြစ်
မာဆေးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ PSG နာမည်ကျော်ကစားသမား
မက်ဆီဟာ အသင်းဖော်နေမာရဲ့ ကျောနံပါတ်(၁၀)ကို
ပြောင်းလဲဝတ်ဆင်ပြီး နေမာက နံပါတ်(၁၁)ဂျာစီ ဝတ်ဆင်
ကစားခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။
မက်ဆီဟာ PSG အသင်းကို စတင်ပြောင်းရွှေ့ချိန်ကတည်းက
နံပါတ်(၃၀)ဂျာစီ ဝတ်ဆင်နေတာဖြစ်ပြီး အဲဒီနံပါတ်က ဘာစီလိုနာ
ကစားသမားဘဝအစပိုင်းမှာ မက်ဆီ ဝတ်ဆင်ကစားခဲ့တဲ့ နံပါတ်လည်း
ဖြစ်ပါတယ်။ ဒါပေမဲ့ မာဆေးလ်နဲ့ပွဲမှာတော့ မက်ဆီက နံပါတ်(၁၀)နဲ့
ကစားခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက်လည်းဖြစ်ခဲ့ပါတယ်။
ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့စည်းမျဉ်းအရ
ပွဲထွက်ကစားသမားတွေဟာ ရှေးရိုးပုံစံဖြစ်တဲ့ နံပါတ်(၁)ကနေ
(၁၁)အတွင်း ဝတ်ဆင်ရမှာဖြစ်ပြီး အရန်ကစားသမားတွေကိုတော့
နံပါတ်(၁၁)ကနေ (၂၅)အတွင်းသာ ဝတ်ဆင်ခွင့်ပြုထားပါတယ်။
အဲဒါကြောင့် မက်ဆီဟာ သူ့ရဲ့ကျောနံပါတ်(၃၀)အစား နံပါတ်(၁၀)ကို
ပြောင်းလဲဝတ်ဆင်ခဲ့တာဖြစ်ပြီး နေမာကတော့ ဆန်းတို့စ်၊ ဘာစီလိုနာ
အသင်းတွေမှာကစားခဲ့တုန်းက နံပါတ်ဖြစ်တဲ့ (၁၁)ကို ဝတ်ဆင်ခဲ့တာပါ။
မက်ဆီဟာ ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲမှာ နံပါတ်(၁၀)နဲ့ကစားခဲ့တဲ့
(၂)ပွဲစလုံး ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး,ပြီးခဲ့တဲ့ရာသီတုန်းက ရှုံးထွက်
(၁၆)သင်းအဆင့်မှာ နိုက်စ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့
ရှုံးနိမ့်ခဲ့သလို အခုလည်း ရှုံးထွက်(၁၆)သင်းအဆင့်မှာပဲ မာဆေးလ်ကို
အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။
[Zawgyi]
ဒီေန႔မနက္အေစာပိုင္းက ျပင္သစ္ရႈံးထြက္ဖလားပြဲအျဖစ္
မာေဆးလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ PSG နာမည္ေက်ာ္ကစားသမား
မက္ဆီဟာ အသင္းေဖာ္ေနမာရဲ႕ ေက်ာနံပါတ္(၁၀)ကို
ေျပာင္းလဲဝတ္ဆင္ၿပီး ေနမာက နံပါတ္(၁၁)ဂ်ာစီ ဝတ္ဆင္
ကစားခဲ့တာေၾကာင့္ အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။
မက္ဆီဟာ PSG အသင္းကို စတင္ေျပာင္းေ႐ႊ႕ခ်ိန္ကတည္းက
နံပါတ္(၃၀)ဂ်ာစီ ဝတ္ဆင္ေနတာျဖစ္ၿပီး အဲဒီနံပါတ္က ဘာစီလိုနာ
ကစားသမားဘဝအစပိုင္းမွာ မက္ဆီ ဝတ္ဆင္ကစားခဲ့တဲ့ နံပါတ္လည္း
ျဖစ္ပါတယ္။ ဒါေပမဲ့ မာေဆးလ္နဲ႔ပြဲမွာေတာ့ မက္ဆီက နံပါတ္(၁၀)နဲ႔
ကစားခဲ့ၿပီး ဒါဟာ ဒုတိယအႀကိမ္ေျမာက္လည္းျဖစ္ခဲ့ပါတယ္။
ျပင္သစ္ရႈံးထြက္ဖလားၿပိဳင္ပြဲမွာ သတ္မွတ္ထားတဲ့စည္းမ်ဥ္းအရ
ပြဲထြက္ကစားသမားေတြဟာ ေရွး႐ိုးပုံစံျဖစ္တဲ့ နံပါတ္(၁)ကေန
(၁၁)အတြင္း ဝတ္ဆင္ရမွာျဖစ္ၿပီး အရန္ကစားသမားေတြကိုေတာ့
နံပါတ္(၁၁)ကေန (၂၅)အတြင္းသာ ဝတ္ဆင္ခြင့္ျပဳထားပါတယ္။
အဲဒါေၾကာင့္ မက္ဆီဟာ သူ႔ရဲ႕ေက်ာနံပါတ္(၃၀)အစား နံပါတ္(၁၀)ကို
ေျပာင္းလဲဝတ္ဆင္ခဲ့တာျဖစ္ၿပီး ေနမာကေတာ့ ဆန္းတို႔စ္၊ ဘာစီလိုနာ
အသင္းေတြမွာကစားခဲ့တုန္းက နံပါတ္ျဖစ္တဲ့ (၁၁)ကို ဝတ္ဆင္ခဲ့တာပါ။
မက္ဆီဟာ ျပင္သစ္ရႈံးထြက္ဖလားၿပိဳင္ပြဲမွာ နံပါတ္(၁၀)နဲ႔ကစားခဲ့တဲ့
(၂)ပြဲစလုံး ရႈံးပြဲေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး,ၿပီးခဲ့တဲ့ရာသီတုန္းက ရႈံးထြက္
(၁၆)သင္းအဆင့္မွာ ႏိုက္စ္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔
ရႈံးနိမ့္ခဲ့သလို အခုလည္း ရႈံးထြက္(၁၆)သင္းအဆင့္မွာပဲ မာေဆးလ္ကို
အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။