PSG နဲ့ နောက်ဆုံး(၅)ပွဲမှာ ဘိုင်ယန်မြူးနစ်ရခဲ့တဲ့ (၇)ဂိုးထဲက (၅)ဂိုးကို PSG ကစားသမားဟောင်းတွေ သွင်းယူခဲ့

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်၊

ဒုတိယအကျော့ပွဲမှာ ပြင်သစ်ထိပ်သီး PSG အသင်းကို (၂-ဝ)ဂိုးနဲ့
အနိုင်ယူပြီး နှစ်ကျော့ပေါင်း(၃-ဝ)ဂိုးနဲ့ ကွာတားဖိုင်နယ်တက်ရောက်
သွားပြီဖြစ်ပါတယ်။

ဒုတိယပိုင်း (၆၁)မိနစ်မှာ ဗာရက်တီဆီက ပျက်သွားတဲ့ဘောလုံးကနေ
ပယ်နယ်တီဧရိယာအတွင်း ဂိုဟက်ဇ်ကာ ခင်းပေးလိုက်တာကို
ချူပိုမိုတင်းက လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခဲ့ပါတယ်။ (၈၉)မိနစ်မှာ
ဗာရက်တီဆီကပဲ ဘောလုံးပျက်သွားတာကနေ ကန်ဆယ်လိုက

ဆွဲပြေးပြီး ထိုးပေးလိုက်တာကို နာဘရီက ကန်သွင်းခဲ့လို့ ဘိုင်ယန်မြူးနစ်
(၂-ဝ)ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ရှုံးထွက်(၁၆)သင်းအဆင့်နှစ်ကျော့စလုံးမှာ PSG အသင်းကို ဒုက္ခ
ပေးသွားတာက သူ့ကစားသမားဟောင်းတွေဖြစ်တဲ့ ချူပိုမိုတင်းနဲ့
ကင်စလေးကိုးမန်းတို့ဖြစ်ပြီး ပထမအကျော့တုန်းက ကင်စလေကိုးမန်းက
ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးသွင်းယူခဲ့သလို အခု ဒုတိအကျော့မှာလည်း
အရေးပါတဲ့ အဖွင့်ဂိုးကို ချူပိုမိုတင်းက သွင်းယူခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကနေ ဒီရာသီ ရှုံးထွက်(၁၆)သင်း
အဆင့်အထိ PSG နဲ့ဆုံတွေ့တဲ့ (၅)ပွဲမှာ PSG အသင်းဘက်ကို ဘိုင်ယန်မြူးနစ်

အသင်း သွင်းယူခဲ့တာက (၇)ဂိုးရှိခဲ့ပြီး အံ့အားသင့်စရာကောင်းတာက အဲဒီ
(၇)ဂိုးထဲက (၅)ဂိုးဟာ PSG ကစားသမားဟောင်းတွေဖြစ်တဲ့ ကင်စလေကိုးမန်းနဲ့
ချူပိုမိုတင်းတို့ သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီ(၅)ဂိုးမှာ ချူပိုမိုတင်းက (၃)ဂိုး၊ ကင်စလေကိုးမန်းက (၂)ဂိုးသွင်းခဲ့သလို
ကင်စလေကိုးမန်းရဲ့ ဂိုးတွေက PSG အတွက် ပိုခံရခက်စေပြီး ၂၀၁၉-၂၀
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသည်းခွဲအနိုင်ဂိုး၊ ဒီရာသီ ရှုံးထွက်(၁၆)သင်းအဆင့်
ပထမအကျော့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။

[Zawgyi]

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္၊
ဒုတိယအေက်ာ့ပြဲမွာ ျပင္သစ္ထိပ္သီး PSG အသင္းကို (၂-ဝ)ဂိုးနဲ႔

အႏိုင္ယူၿပီး ႏွစ္ေက်ာ့ေပါင္း(၃-ဝ)ဂိုးနဲ႔ ကြာတားဖိုင္နယ္တက္ေရာက္
သြားၿပီျဖစ္ပါတယ္။

ဒုတိယပိုင္း (၆၁)မိနစ္မွာ ဗာရက္တီဆီက ပ်က္သြားတဲ့ေဘာလုံးကေန
ပယ္နယ္တီဧရိယာအတြင္း ဂိုဟက္ဇ္ကာ ခင္းေပးလိုက္တာကို
ခ်ဴပိုမိုတင္းက လြတ္လြတ္ကြၽတ္ကြၽတ္ပိတ္သြင္းခဲ့ပါတယ္။ (၈၉)မိနစ္မွာ
ဗာရက္တီဆီကပဲ ေဘာလုံးပ်က္သြားတာကေန ကန္ဆယ္လိုက
ဆြဲေျပးၿပီး ထိုးေပးလိုက္တာကို နာဘရီက ကန္သြင္းခဲ့လို႔ ဘိုင္ယန္ျမဴးနစ္

(၂-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ရႈံးထြက္(၁၆)သင္းအဆင့္ႏွစ္ေက်ာ့စလုံးမွာ PSG အသင္းကို ဒုကၡ

ေပးသြားတာက သူ႔ကစားသမားေဟာင္းေတြျဖစ္တဲ့ ခ်ဴပိုမိုတင္းနဲ႔
ကင္စေလးကိုးမန္းတို႔ျဖစ္ၿပီး ပထမအေက်ာ့တုန္းက ကင္စေလကိုးမန္းက
ဘိုင္ယန္ျမဴးနစ္အတြက္ အႏိုင္ဂိုးသြင္းယူခဲ့သလို အခု ဒုတိအေက်ာ့မွာလည္း
အေရးပါတဲ့ အဖြင့္ဂိုးကို ခ်ဴပိုမိုတင္းက သြင္းယူခဲ့ပါတယ္။

၂၀၁၉-၂၀ ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကေန ဒီရာသီ ရႈံးထြက္(၁၆)သင္း
အဆင့္အထိ PSG နဲ႔ဆုံေတြ႕တဲ့ (၅)ပြဲမွာ PSG အသင္းဘက္ကို ဘိုင္ယန္ျမဴးနစ္
အသင္း သြင္းယူခဲ့တာက (၇)ဂိုးရွိခဲ့ၿပီး အံ့အားသင့္စရာေကာင္းတာက အဲဒီ

(၇)ဂိုးထဲက (၅)ဂိုးဟာ PSG ကစားသမားေဟာင္းေတြျဖစ္တဲ့ ကင္စေလကိုးမန္းနဲ႔
ခ်ဴပိုမိုတင္းတို႔ သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီ(၅)ဂိုးမွာ ခ်ဴပိုမိုတင္းက (၃)ဂိုး၊ ကင္စေလကိုးမန္းက (၂)ဂိုးသြင္းခဲ့သလို
ကင္စေလကိုးမန္းရဲ႕ ဂိုးေတြက PSG အတြက္ ပိုခံရခက္ေစၿပီး ၂၀၁၉-၂၀
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အသည္းခြဲအႏိုင္ဂိုး၊ ဒီရာသီ ရႈံးထြက္(၁၆)သင္းအဆင့္
ပထမအေက်ာ့ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးေတြ သြင္းယူခဲ့ပါတယ္။