PSG နဲ့ကစားမယ့် ခြေစမ်းပွဲမှာ Saudi All-Star အသင်းခေါင်းဆောင်အဖြစ် စီရော်နယ်လ်ဒို တာဝန်ယူသွားမယ် . .

လာမယ့်ကြာသပတေးနေ့ကျရင် PSG နဲ့ကစားမယ့် ခြေစမ်းပွဲမှာ

Saudi All-Star XI အသင်းခေါင်းဆောင်အဖြစ် နာမည်ကျော်
ကစားသမား စီရော်နယ်လ်ဒို တာဝန်ယူသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အယ်လ်နာဆာအသင်းကို (၁)နှစ် ပေါင်(၁၇၅)သန်းနဲ့
ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒိုဟာ ဆော်ဒီမြေမှာ ပထမဆုံးပွဲအဖြစ်
PSG နဲ့ ရင်ဆိုင်ကစားမှာဖြစ်ပြီး အယ်လ်နာဆာ၊ အယ်လ်ဟီလယ်
နှစ်သင်းက နာမည်ကျော်ကစားသမားတွေပါဝင်တဲ့
Saudi All-Star XI အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

စီရော်နယ်လ်ဒိုအတွက် ဆော်ဒီမြေမှာ ပထမဆုံးကစားမယ့်ပွဲက သူ့ရဲ့
မဟာပြိုင်ဘက် မက်ဆီနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်တာကြောင့်

အဲဒီပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ လာမယ့်ခြေစမ်းပွဲဟာ
စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးအတွက် ပြိုင်ဘက်အဖြစ် နောက်ဆုံး
အကြိမ် ရင်ဆိုင်ရမယ့်ပွဲဖြစ်လာဖို့ရှိပါတယ်။

Ballon d’Or ဆုကို နှစ်ဦးပေါင်း (၁၂)ကြိမ်အထိ ရယူခဲ့တဲ့ မက်ဆီနဲ့
စီရော်နယ်လ်ဒိုတို့ဟာ စပိန်မြေမှာ ဘာစီလိုနာ၊ ရီးယဲလ်တို့နဲ့အတူ ပြိုင်ဆိုင်မှု
ပြင်းထန်ခဲ့ပြီး El Clasicos ပွဲအဖြစ် အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ဖူးပါတယ်။

၂၀၁၈ ခုနှစ်မှာ ရီးယဲလ်ကနေ ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို
ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ဦး နောက်ဆုံးဆုံတွေ့ခဲ့တာက ၂၀၂၀၊
ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာဖြစ်ပြီး ဂျူဗင်တပ်စ်

အသင်းက နူးကမ့်မှာ (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့သလို စီရော်နယ်လ်ဒိုဟာ
ပယ်နယ်တီကနေ (၂)ဂိုးသွင်းယူခဲ့ပါတယ်။

[Zawgyi]

လာမယ့္ၾကာသပေတးေန႔က်ရင္ PSG နဲ႔ကစားမယ့္ ေျခစမ္းပြဲမွာ
Saudi All-Star XI အသင္းေခါင္းေဆာင္အျဖစ္ နာမည္ေက်ာ္
ကစားသမား စီေရာ္နယ္လ္ဒို တာဝန္ယူသြားမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက အယ္လ္နာဆာအသင္းကို (၁)ႏွစ္ ေပါင္(၁၇၅)သန္းနဲ႔
ေျပာင္းေ႐ႊ႕ခဲ့သူ စီေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီေျမမွာ ပထမဆုံးပြဲအျဖစ္
PSG နဲ႔ ရင္ဆိုင္ကစားမွာျဖစ္ၿပီး အယ္လ္နာဆာ၊ အယ္လ္ဟီလယ္
ႏွစ္သင္းက နာမည္ေက်ာ္ကစားသမားေတြပါဝင္တဲ့

Saudi All-Star XI အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။

စီေရာ္နယ္လ္ဒိုအတြက္ ေဆာ္ဒီေျမမွာ ပထမဆုံးကစားမယ့္ပြဲက သူ႔ရဲ႕

မဟာၿပိဳင္ဘက္ မက္ဆီနဲ႔ ျပန္လည္ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္
အဲဒီပြဲအေပၚ ပရိသတ္စိတ္ဝင္စားမႈ ျမင့္တက္ေနပါတယ္။ လာမယ့္ေျခစမ္းပြဲဟာ
စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ ႏွစ္ဦးအတြက္ ၿပိဳင္ဘက္အျဖစ္ ေနာက္ဆုံး
အႀကိမ္ ရင္ဆိုင္ရမယ့္ပြဲျဖစ္လာဖို႔ရွိပါတယ္။

Ballon d’Or ဆုကို ႏွစ္ဦးေပါင္း (၁၂)ႀကိမ္အထိ ရယူခဲ့တဲ့ မက္ဆီနဲ႔
စီေရာ္နယ္လ္ဒိုတို႔ဟာ စပိန္ေျမမွာ ဘာစီလိုနာ၊ ရီးယဲလ္တို႔နဲ႔အတူ ၿပိဳင္ဆိုင္မႈ
ျပင္းထန္ခဲ့ၿပီး El Clasicos ပြဲအျဖစ္ အႀကိမ္ေပါင္းမ်ားစြာ ဆုံေတြ႕ခဲ့ဖူးပါတယ္။

၂၀၁၈ ခုႏွစ္မွာ ရီးယဲလ္ကေန ဂ်ဴဗင္တပ္စ္အသင္းကို စီေရာ္နယ္လ္ဒို
ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း သူတို႔ႏွစ္ဦး ေနာက္ဆုံးဆုံေတြ႕ခဲ့တာက ၂၀၂၀၊

ဒီဇင္ဘာလအတြင္း ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္
အသင္းက ႏူးကမ့္မွာ (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့သလို စီေရာ္နယ္လ္ဒိုဟာ
ပယ္နယ္တီကေန (၂)ဂိုးသြင္းယူခဲ့ပါတယ္။