
ဝိန်းရွန်းနီနှင့်ပက်ထရစ်ဗီအဲရာတို့ဟာ Premier League Hall of Fame 2022 တွင်
ထည့်သွင်းခြင်းခံလိုက်ရပြီဖြစ်ကြောင်းသိရပါတယ်။
လက်ရှိအချိန်တွင်ဒါဘီကောင်တီနည်းပြအဖြစ်တာဝန်ထမ်းဆောင်နေတဲ့
အသက်၃၆နှစ်ရှိဝိန်းရွန်းနီဟာ၂၀၈ဂိုးဖြင့်ပရီးမီးယားလိဂ်သမိုင်းတွင်
ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။
ဝိန်းရွန်းနီက “Premier League Hall of Fame မှာရွေးချယ်ခြင်းခံထားရတဲ့
အခြားအရမ်းကောင်းတဲ့ကစားသမားတွေနဲ့အတူထည့်သွင်းခံရလို့
အရမ်းဂုဏ်ယူပါတယ်။ ပရီးမီးယားလိဂ်ကိုကြည့်ပြီးကြည့်ပြီးကြီးပြင်းလာခဲ့တယ်။
ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပြီးဂိုးတွေ၊ဆုဖလားတွေရယူချင်ခဲ့တယ်။
ကံကောင်းစွာပဲ ပရီးမီးယားလိဂ်ဖလားငါးကြိမ်ဆွတ်ခူးနိုင်ခဲ့တယ်။
အဲဗာတန်၊မန်ချက်စတာတို့မှာကစားရင်းအမှတ်ရစရာကောင်းတာတွေ
အများကြီးကြုံခဲ့တယ်။ ကျွန်တော်တို့ရယူနိုင်ခဲ့တဲ့အောင်မြင်မှုအတွက်ဂုဏ်ယူပါတယ်။
Premier League Hall of Fameမှာထည့်သွင်းခံရတာကျွန်တော့်အတွက်
တကယ့်ကိုစပါယ်ရှယ်ပါ။ အသိအမှတ်ပြုခံရလို့ဝမ်းသာပါတယ်”လို့ပြောကြားသွားပါတယ်။
အသက်၄၅နှစ်ရှိပက်ထရစ်ဗီအဲရာမှာလည်း၂၀၀၃-၀၄ရာသီတုန်းရှုံးပွဲမရှိမှတ်တမ်းဖြင့်
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်
တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နည်းပြဟာအာဆင်နယ်နှင့်အတူ
ပရီးမီးယားလိဂ်ဖလားသုံးကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗီအဲရာ က “Premier League Hall of Fameမှာထည့်သွင်းခံရတာစိတ်လှုပ်ရှားဖို့
ကောင်းတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ သတင်းကြားရချိန်မှာဆီနီဂေါ၊
ပဲရစ်မှာဘောလုံးကစားနေတဲ့ငယ်ဘဝကိုပြေးမြင်မိတယ်။
ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တဲ့ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး
ကစားသမားတွေနဲ့အတူပါဝင်ဖို့က ကျွန်တော်တွေးထားတာထက်တောင်ကြီးမားပါတယ်။
ဒီကစားသမားတွေနဲ့အတူ ရွေးချယ်ခံရလို့ဂုဏ်ယူပါတယ်။
ကျွန်တော့်ကောင်းတာကို အသိအမှတ်ပြုခံရလို့ဝမ်းသာပါတယ်”လို့
ပြောကြားသွားပါတယ်။
zawgyi
Premier League Hall of Fame 2022 မွာ ႐ြန္းနီနဲ႔ ဗီအဲရာ ပါ၀င္
ဝိန္း႐ြန္းနီႏွင့္ပက္ထရစ္ဗီအဲရာတို႔ဟာ Premier League Hall of Fame 2022 တြင္
ထည့္သြင္းျခင္းခံလိုက္ရၿပီျဖစ္ေၾကာင္းသိရပါတယ္။
လက္ရွိအခ်ိန္တြင္ဒါဘီေကာင္တီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့
အသက္၃၆ႏွစ္ရွိဝိန္း႐ြန္းနီဟာ၂၀၈ဂိုးျဖင့္ပရီးမီးယားလိဂ္သမိုင္းတြင္
ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။
ဝိန္း႐ြန္းနီက “Premier League Hall of Fame မွာေ႐ြးခ်ယ္ျခင္းခံထားရတဲ့
အျခားအရမ္းေကာင္းတဲ့ကစားသမားေတြနဲ႔အတူထည့္သြင္းခံရလို႔
အရမ္းဂုဏ္ယူပါတယ္။ ပရီးမီးယားလိဂ္ကိုၾကည့္ၿပီးၾကည့္ၿပီးႀကီးျပင္းလာခဲ့တယ္။
ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦးျဖစ္ၿပီးဂိုးေတြ၊ဆုဖလားေတြရယူခ်င္ခဲ့တယ္။
ကံေကာင္းစြာပဲ ပရီးမီးယားလိဂ္ဖလားငါးႀကိမ္ဆြတ္ခူးႏိုင္ခဲ့တယ္။
အဲဗာတန္၊မန္ခ်က္စတာတို႔မွာကစားရင္းအမွတ္ရစရာေကာင္းတာေတြ
အမ်ားႀကီးႀကဳံခဲ့တယ္။ ကြၽန္ေတာ္တို႔ရယူႏိုင္ခဲ့တဲ့ေအာင္ျမင္မႈအတြက္ဂုဏ္ယူပါတယ္။
Premier League Hall of Fameမွာထည့္သြင္းခံရတာကြၽန္ေတာ့္အတြက္
တကယ့္ကိုစပါယ္ရွယ္ပါ။ အသိအမွတ္ျပဳခံရလို႔ဝမ္းသာပါတယ္”လို႔ေျပာၾကားသြားပါတယ္။
အသက္၄၅ႏွစ္ရွိပက္ထရစ္ဗီအဲရာမွာလည္း၂၀၀၃-၀၄ရာသီတုန္းရႈံးပြဲမရွိမွတ္တမ္းျဖင့္
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္
တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္နည္းျပဟာအာဆင္နယ္ႏွင့္အတူ
ပရီးမီးယားလိဂ္ဖလားသုံးႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဗီအဲရာ က “Premier League Hall of Fameမွာထည့္သြင္းခံရတာစိတ္လႈပ္ရွားဖို႔
ေကာင္းတဲ့ေအာင္ျမင္မႈတစ္ခုျဖစ္ပါတယ္။ သတင္းၾကားရခ်ိန္မွာဆီနီေဂါ၊
ပဲရစ္မွာေဘာလုံးကစားေနတဲ့ငယ္ဘဝကိုေျပးျမင္မိတယ္။
ကမာၻ႔အေကာင္းဆုံးလိဂ္ျဖစ္တဲ့ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး
ကစားသမားေတြနဲ႔အတူပါဝင္ဖို႔က ကြၽန္ေတာ္ေတြးထားတာထက္ေတာင္ႀကီးမားပါတယ္။
ဒီကစားသမားေတြနဲ႔အတူ ေ႐ြးခ်ယ္ခံရလို႔ဂုဏ္ယူပါတယ္။
ကြၽန္ေတာ့္ေကာင္းတာကို အသိအမွတ္ျပဳခံရလို႔ဝမ္းသာပါတယ္”လို႔
ေျပာၾကားသြားပါတယ္။
Leave a Reply