
အီတလီလက်ရွေးစင် အသင်းရဲ့ ဝါရင့် နောက်ခံကစားသမား ဘိုနူချီက
(၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်
မရတဲ့အပေါ် မချိတင်ကဲ ဖြစ်နေပါတယ်။ အီတလီဟာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ
ဒုတိယသာရခဲ့တာကြောင့် ပလေးအော့ဖ် ကစားခဲ့ရပါတယ်။
ပလေးအော့ဖ် အိမ်ကွင်းပွဲမှာ အီတလီတို့ မထင်မှတ်ဘဲ မြောက်မက်ဆီဒိုးနီးယားကို
အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့တာကြောင့် ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တာပါ။
အီတလီဟာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ (၈) ပွဲကစားပြီး ရှုံးပွဲလုံးဝမရှိခဲ့တဲ့အသင်းပါ။
ဒါပေမယ့် ဆွစ်ဇာလန်က သူတို့ကိုကျော်ကာ အုပ်စုပထမနဲ့ ခြေစစ်ပွဲ
တိုက်ရိုက်အောင်မြင်ခဲ့ပါတယ်။ ဘိုနူချီက “အားလုံး မြင်ကြတဲ့အတိုင်း ၊
တစ်ပွဲတည်း ကစားရတာ ဖြစ်လို့ ဘာမဆို ဖြစ်နိုင်ပါတယ်။
အုပ်စုတွင်းမှာ အိမ်ကွင်း ၄ ၊ ၅ပွဲ ရှုံးပြီး ဒီလို အဆင့်ကို တက်လာတဲ့
အသင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ ၉၂မိနစ် ရောက်မှ
တစ်ဂိုးနဲ့ ကပ်ရှုံးခဲ့တာပါ ။ ဒါက အတော် ရူးလောက်စရာကောင်းပါတယ်။
သေချာတာကတော့ စည်းမျဉ်းတွေ ဆိုတာ အလီဘိုင် ဒါမှမဟုတ်
ဆင်ခြေ တစ်ခုခု ပေးဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ play-off ပွဲမှာ
ဒီထက် ပိုကောင်းအောင် ကစားခဲ့ဖို့ ကောင်းတယ် ဆိုတာ မှန်ပါတယ် ”
” play-off ပွဲ ရှုံးခဲ့အပြီး ၄၈ နာရီ ကာလဟာ တကယ်ပဲ ခံစားရခက်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ နေ့လယ်စာတောင် အသံတိတ်တိတ်ဆိတ်ဆိတ်နဲ့
စားခဲ့ကြတာပါ ”လို့ ပြောပါတယ်။
zawgyi
” play-off ရႈံးပြဲအၿပီး ၄၈ နာရီ ကာလဟာ တကယ္ခံစားရခက္ခဲ့ပါတယ္ … ဒါက ႐ူးေလာက္စရာပါပဲ ” ဘိုႏူခ်ီ
အီတလီလက္ေ႐ြးစင္ အသင္းရဲ႕ ဝါရင့္ ေနာက္ခံကစားသမား ဘိုႏူခ်ီက
(၂၀၂၂) ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို အီတလီတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္
မရတဲ့အေပၚ မခ်ိတင္ကဲ ျဖစ္ေနပါတယ္။ အီတလီဟာ ေျခစစ္ပြဲအုပ္စုအဆင့္မွာ
ဒုတိယသာရခဲ့တာေၾကာင့္ ပေလးေအာ့ဖ္ ကစားခဲ့ရပါတယ္။
ပေလးေအာ့ဖ္ အိမ္ကြင္းပြဲမွာ အီတလီတို႔ မထင္မွတ္ဘဲ ေျမာက္မက္ဆီဒိုးနီးယားကို
အိမ္ကြင္းမွာတင္ ရႈံးနိမ့္ခဲ့တာေၾကာင့္ ကာတာကမာၻ႔ဖလားနဲ႔ လြဲေခ်ာ္ခဲ့တာပါ။
အီတလီဟာ ေျခစစ္ပြဲအုပ္စုအဆင့္မွာ (၈) ပြဲကစားၿပီး ရႈံးပြဲလုံးဝမရွိခဲ့တဲ့အသင္းပါ။
ဒါေပမယ့္ ဆြစ္ဇာလန္က သူတို႔ကိုေက်ာ္ကာ အုပ္စုပထမနဲ႔ ေျခစစ္ပြဲ
တိုက္႐ိုက္ေအာင္ျမင္ခဲ့ပါတယ္။ ဘိုႏူခ်ီက “အားလုံး ျမင္ၾကတဲ့အတိုင္း ၊
တစ္ပြဲတည္း ကစားရတာ ျဖစ္လို႔ ဘာမဆို ျဖစ္ႏိုင္ပါတယ္။
အုပ္စုတြင္းမွာ အိမ္ကြင္း ၄ ၊ ၅ပြဲ ရႈံးၿပီး ဒီလို အဆင့္ကို တက္လာတဲ့
အသင္းေတြ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ အိမ္ကြင္းမွာ ၉၂မိနစ္ ေရာက္မွ
တစ္ဂိုးနဲ႔ ကပ္ရႈံးခဲ့တာပါ ။ ဒါက အေတာ္ ႐ူးေလာက္စရာေကာင္းပါတယ္။
ေသခ်ာတာကေတာ့ စည္းမ်ဥ္းေတြ ဆိုတာ အလီဘိုင္ ဒါမွမဟုတ္
ဆင္ေျခ တစ္ခုခု ေပးဖို႔ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ play-off ပြဲမွာ
ဒီထက္ ပိုေကာင္းေအာင္ ကစားခဲ့ဖို႔ ေကာင္းတယ္ ဆိုတာ မွန္ပါတယ္ ”
” play-off ပြဲ ရႈံးခဲ့အၿပီး ၄၈ နာရီ ကာလဟာ တကယ္ပဲ ခံစားရခက္ခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ဟာ ေန႔လယ္စာေတာင္ အသံတိတ္တိတ္ဆိတ္ဆိတ္နဲ႔
စားခဲ့ၾကတာပါ ”လို႔ ေျပာပါတယ္။
Leave a Reply