“သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖြစ်တဲ့ မက်ဆီအတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ် “ဇာဗီ

March 20, 2022 author wyne 0

ဘာစီလိုနာနည်းပြဇာဗီက လက်ရှိအသင်းမှာ နည်းပြအနေနဲ့ သူဆက်ရှိနေသရွေ့ မက်ဆီအတွက် အမြဲတံခါးဖွင့်ထားကြောင်း ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဘက်က စာချုပ်သစ်ချုပ်ဖို့ မတတ်နိုင်တာကြောင့် မက်ဆီဟာ ပြီးခဲ့တဲ့သြဂုတ်မှာ ပီအက်စ်ဂျီကို ထွက်ခွာသွားခဲ့တာပါ။ သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဇာဗီကတော့ ပြီးခဲ့တဲ့နိုဝင်ဘာမှာ နည်းပြအနေနဲ့ နူးကမ့်ကို ပြန်ရောက်လာခဲ့ပါတယ်။ ပရော်ဖက်ရှယ်နယ်ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် အသင်းပြောင်းခဲ့တဲ့မက်ဆီကတော့ ပဲရစ်က ပထမဆုံးနှစ်မှာ […]

အလွန်အကျွံအောင်ပွဲခံခဲ့လို့ အက်ရှ်လေယန်းက အာဆင်နယ်ကုိ ဝေဖန်ပြစ်တင်ခဲ့

March 20, 2022 author wyne 0

အက်စ်တွန်ဗီလာကြယ်ပွင့်အက်ရှ်လေယန်းဟာ သူတို့အသင်းကို အနိုင်ရသွားတဲ့ အာဆင်နယ်ရဲ့အောင်ပွဲခံပုံကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့စနေည ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ဂန်းနားတွေဟာ ဆာကာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။ နာကျင်အချိန်ပိုမှာ ကော်တင်ဟိုရဲ့ကြိုးပမ်းမှုကို အာဆင်နယ်ဂိုးသမား ဘန်းလီနိုက ကာကွယ်ခဲ့ပြီးနောက် ပွဲသိမ်းခရာမှုတ်ချိန်မှာ အာတီတာရဲ့ အသင်းသားတွေဟာ အလွန်အကျွံအောင်ပွဲခံမှုလုပ်ခဲ့ကြပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ ပွဲအပြီး အဝေးကွင်းပရိသတ်တွေနဲ့အတူ သံပြိုင်ဟစ်ကြွေးမှုလုပ်ခဲ့ကြသလို […]

လာမယ့်နှစ်ကျရင် မန်စီးတီးအသင်းကနေထွက်ခွာဖို့ရှိတယ်လို့ ဘာနာဒိုဆေးလ်ဗားဝန်ခံ

March 19, 2022 author wyne 0

မန်စီးတီးအသင်းမှာခြေစွမ်းပြကစားနေတဲ့ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက လာမယ့်နှစ်ကျရင် အသင်းနဲ့လမ်းခွဲပြီး သူ့အသင်းဟောင်း ဘင်ဖီကာအသင်းဆီ ပြန်ဖို့ရှိနေတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီက အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရလို့ အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးအသင်းက ဘာနာဒိုဆေးလ်ဗားကို လက်လွှတ်မခံဘဲ ဆက်ထိန်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒီရာသီတစ်လျှောက်လုံး ဘာနာဒိုဆေးလ်ဗားဟာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားနေပြီး (၇)ဂိုးသွင်း၊ […]

လီဗာပူးလ်အတွက်ထိုးနှက်ချက်ဖြစ်လာမယ့် အာနိုးလ် ဒဏ်ရာပြဿနာ

March 19, 2022 author wyne 0

လီဗာပူးလ်အသင်းအဓိကညာနောက်ခံလူအာနိုးလ်ဟာ ဗုဒ္ဓဟူးနေ့က အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ရက်သတ္တပတ်တော်တော်ကြာအောင်အနားယူရဖို့ရှိနေလို့ အသင်းအတွက်ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါပြီ။ အာဆင်နယ်ကို(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာနိုးလ်ဟာ မိနစ်(၉၀)စလုံး ကစားခဲ့ပေမယ့် ပွဲအပြီးစမ်းသပ်စစ်ဆေးမှုတွေအရ တံကောက်ကြော ဒဏ်ရာရရှိခဲ့တယ်လို့တွေ့ရှိခဲ့ရတဲ့အတွက် လီဗာပူးလ်အသင်းရဲ့ လာမယ့်အရေးကြီးပွဲတွေကို လွဲချော်မှာဖြစ်သလို အခုလကုန်ပိုင်းမှာ အင်္ဂလန်အသင်းကစားဖို့ရှိနေတဲ့ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့ ပွဲတွေမှာလည်း ပါဝင်နိုင်မှာမဟုတ်တော့ပါဘူး။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ […]

ဂိုး ၂၀၀၀ ပြည့် သွင်းဂိုးရယူပြီး အာဆင်နယ်အတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူပေးခဲ့တဲ့ ဆာကာ

March 19, 2022 author wyne 0

အက်စတွန်ဗီလာအသင်းအား (၁-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် ဆာကာသွင်းယူခဲ့တဲ့ တစ်လုံးတည်းသောအနိုင်ဂိုးမှာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၂၀၀၀)ပြည့်မြောက် သွင်းဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ဆာကာက ပွဲကစားချိန် (၂၉) မိနစ်မှာ ဧရိယာထိပ်ကနေ ကန်သွင်းယူသွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေဖြင့် ယူနိုက်တက်(၂၁၇၆ ဂိုး)၊ လီဗာပူး […]

ပီအက်စ်ဂျီနဲ့ အစေးမကပ်ဖြစ်နေတဲ့ နေမာကို ခေါ်ဖို့ စဉ်းစားနေတဲ့ နယူးကာဆယ်

March 19, 2022 author wyne 0

နယူးကာဆယ်က ပီအက်စ်ဂျီအသင်းမှာ အဆင်မပြေဖြစ်လာတဲ့ နေမာအား နွေရာသီတွင် ခေါ်ယူရန် စဉ်းစားလာခဲ့ပါတယ်။ နေမာရဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပဲရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ဘာပေရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့သလို မက်ဒရစ်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာလည်း ဘာပေရဲ့ […]

ကျူးကျော်စစ်စတဲ့နေ့က အကွက်ကြိုမြင်ပြီး ချဲလ်ဆီးအတွက် ငွေတွေ ထုတ်ထားခဲ့တဲ့ ရိုမန်အေဗရာဗိုဗစ်ခ်ျ

March 19, 2022 author wyne 0

ရိုမန် အေဘရာမိုဗစ်ချ် ဟာ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်တဲ့နေ့က အမေရိကန်ဒေါ်လာ (၁၀) သန်း အထက်ရှိ ငွေကြေးပမာဏတစ်ခုကို သူ၏ကိုယ်ပိုင် ကုမ္ပဏီတစ်ခုမှ ချဲလ်ဆီးအသင်း ဒါရိုက်တာ တစ်ဦးထံသို့ ချဲလ်ဆီးအသင်းအတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ရုရှား ယူကရိန်းအရေးရဲ့ ဂယက်ကြောင့် […]

” မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ယောက်စလုံး ဉာဏ်မကောင်းလို့သာ အနားမယူကြသေးတာ . . . ” အနယ်ကာ

March 19, 2022 author wyne 0

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟောင်းအနယ်ကာက မန်ယူနဲ့ပီအက်စ်ဂျီတို့ကို ပြောင်းခဲ့တဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ဆုံးဖြတ်ချက်တွေဟာ စမတ်မကျခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ အဲဒီအာဆင်နယ်တိုက်စစ်မှုးဟောင်းက ကြယ်ပွင့်နှစ်ယောက်စလုံးဟာ အနားယူသင့်တယ်လို့ ဆိုခဲ့တာပါ။ စီရော်နယ်ဒိုရော မက်ဆီပါ ၂၀၂၁ ရဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်နဲ့ဘာစီလိုနာတို့ကနေ အသင်းပြောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စူပါစတားနှစ်ယောက်စလုံးဟာ လက်ရှိရောက်ရှိနေတဲ့အသင်းတွေမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဖြစ်ချင်တော့ သူတို့ကစားနေတဲ့နှစ်သင်းစလုံးဟာ […]

လက်စွမ်းကောင်းပြနေခဲ့ပေမယ့် နိုင်ငံလက်ရွေးစင်အသင်းမှာ ခေါင်းကြီးကြောင့် ချန်လှပ်ခံခဲ့ရတဲ့ ဒီဂီယာ

March 19, 2022 author wyne 0

ယူနိုက်တက်အတွက် ဒီဂီယာပြသနေတဲ့ လက်စွမ်းက ချီးကျူးစရာပါ။ ဒါပေမယ့် အသင်းရလဒ်တွေဆက်တိုက်ကျဆင်းနေမှုက သူ့စွမ်းဆောင်ရည်ကို မှေးမှိန်စေခဲ့ပြီး လက်ရွေးစင်အသင်းကနေ ကျန်ရစ်ခဲ့ရပါပြီ။ အယ်လ်ဘေးနီးယား၊ အိုက်စလန်တို့နဲ့ ကစားရမယ့်ပွဲတွေအတွက် စပိန်က ကစားသမား၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဒီဂီယာမပါဝင်လာခဲ့ဘဲ ချယ်လ်ဆီးဂိုးသမားကီပါလည်း ကျန်နေရစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီဂီယာကို ချန်လှပ်ခဲ့တာက သူ့အသင်းကစားဟန်နဲ့ မကိုက်ညီတာကြောင့်လို့ […]

ဒီရာသီ ချန်ပီယံလိဂ်ဖလားအတွက် All English Final ဖြစ်လာမှာလား?

March 19, 2022 author wyne 0

မနေ့တုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုအပြီးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ဆီမီးဖိုင်နယ်မှာ အင်္ဂလိပ်ကလပ်နှစ်ခု ထိပ်တိုက်တွေ့ဖို့ ရှိနေသလို ဗိုလ်လုပွဲဟာလည်း အင်္ဂလိပ်ကလပ်အချင်းချင်းတွေ့တဲ့ပွဲ (All English Final) ဖြစ်လာဖို့ရှိနေတယ်လို့ သိရပါတယ်။ ဆီမီးဖိုင်နယ်မှာတွေ့နိုင်တဲ့ နှစ်သင်းကတော့မနှစ်ကဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ မန်စီးတီး တို့ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မဲခွဲမှုအရ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ထိပ်တိုက်တွေ့နေကြပြီး […]