စီရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့တာနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အဲရစ်တန်ဟက်

December 7, 2022 Naing Lin 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ စီရော်နယ်လ်ဒိုကို စာချုပ် ဖျက်သိမ်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် သူ့အမြင်ကို ထုတ်ပြောလိုက်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစု၊ အဲရစ်တန်ဟက်၊ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရွန်နီ၊ ဂယ်ရီနဗီးလ်တို့ကို ဝေဖန်ပြောဆိုခဲ့ပြီး အဲဒီအတွက် ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ […]

လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီလို့ ဟာဇက် အတည်ပြု

December 7, 2022 Naing Lin 0

ဘယ်လ်ဂျီယံအသင်း နာမည်ကျော်ကစားသမား ဟာဇက်ဟာ လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီလို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာဇက်ဟာ လာမယ့် ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် လက်ရွေးစင်အသင်းမှာ ပါဝင်ကစားဖို့ အခွင့်အရေးရှိပေမယ့် သူကတော့ နိုင်ငံအသင်း ကစားသမားဘဝကို စောစောစီးစီး အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘယ်လ်ဂျီယံအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ […]

စီရော်နယ်လ်ဒို မပါနိုင်ပေမယ့် လူငယ်ကြယ်ပွင့် ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့ ပေါ်တူဂီ ဂိုးပြတ်အနိုင်ရ

December 6, 2022 Naing Lin 0

ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ပေါ်တူဂီအသင်းဟာ အဓိက ကစားသမား စီရော်နယ်လ်ဒို ပွဲထွက်မပါဝင်ပေမယ့် လူငယ်တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့အတူ (၆-၁)ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားပါတယ်။ ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ ဆွစ်ဇာလန်နဲ့ကစားမယ့်ပွဲအတွက် ပွဲထွက် လူစာရင်းမှာ စီရော်နယ်လ်ဒိုကို အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ပြီး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ယုံယုံကြည်ကြည် […]

ဂိုးသမားဘိုနိုရဲ့ လက်စွမ်းပြကာကွယ်မှုတွေနဲ့ မော်ရိုကိုအသင်း ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ခွင့်ရရှိ

December 6, 2022 Naing Lin 0

ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း စပိန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။ မနေ့က ဂျပန်နဲ့ ခရိုအေးရှားပွဲ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရှ် လက်စွမ်းပြခဲ့သလို အခုပွဲမှာလည်း မော်ရိုကိုအသင်းအတွက် ဂိုးသမား ဘိုနိုက သူရဲကောင်းဖြစ်ခဲ့ပါတယ်။ မိနစ်(၁၂၀)ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ် […]

ဆွစ်ဇာလန်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ စီရော်နယ်လ်ဒို

December 6, 2022 Naing Lin 0

ဆွစ်ဇာလန်နဲ့ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအတွက် ပေါ်တူဂီအသင်း ပွဲထွက် လူစာရင်းထွက်ပေါ်လာပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အုပ်စုတွင်း(၃)ပွဲမှာ ခြေစွမ်း မပြနိုင်ဘဲ ဂါနာကို အနိုင်ရတဲ့ အဖွင့်ပွဲတုန်းက ပယ်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် ကျန်တဲ့ (၂)ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှု မလုပ်နိုင်ခဲ့ပါဘူး။ […]

သူ့ရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ ဂတ်ပို အတည်ပြု

December 6, 2022 Naing Lin 0

နယ်သာလန်အသင်း နာမည်ကျော်ကစားသမား ဂတ်ပိုက သူ့ရဲ့ကလပ်အသင်း အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၄)ပွဲကစား၊ (၃)ဂိုးသွင်းယူခဲ့သလို ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒီရာသီမှာ PSV အသင်းအတွက် (၂၄)ပွဲကစား၊ (၁၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်အထိ […]

သူ့ကို လှောင်ပြောင်နေကြတဲ့ ပြင်သစ်မီဒီယာတွေ နောင်တအကြီးကြီးရသွားအောင် စွမ်းဆောင်ပြမယ့် မက်ဂွိုင်းယား

December 6, 2022 Naing Lin 0

နာမည်ကြီး အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် လက်ရှိချန်ပီယံပြင်သစ်နဲ့ ဆုံတွေ့မှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ပြင်သစ်မီဒီယာတွေက မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းရဲ့ အဓိက အားနည်းချက်ဖြစ်လာမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ‘ငလေးကြီး မက်ဂွိုင်းယားကြောင့် အင်္ဂလန်အသင်း ခံစစ်မှာ ပြဿနာတက်နိုင်တယ်’လို့ ပေါ်ပေါ်တင်တင်ပဲ လှောင်ပြောင် ရေးသားခဲ့ပါတယ်။ ဒါပေမဲ့လည်း L’Equipe […]

တောင်ကိုရီးယားနဲ့ပွဲမှာ လာဘ်ပွင့်အောင်လို့ ပွဲမတိုင်ခင် ဆံပင်ဆေးဆိုးပြီး ဓာတ်ရိုက်ဓာတ်ဆင်လုပ်ခဲ့တဲ့ နေမာ

December 6, 2022 Naing Lin 0

ဘရာဇီးလ်အသင်းနာမည်ကျော်ကစားသမား နေမာဟာ တောင်ကိုရီးယားနဲ့ပွဲမတိုင်ခင် ဒိုဟာမြို့ကို အပြေးအလွှား လေယာဉ်နဲ့သွားပြီး သူ ညှပ်နေကျ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်အရောင်ကို ငွေရောင်ဆိုးခဲ့ပါတယ်။ နေမာဟာ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဆားဘီးယားနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ပွဲတွေကို လွဲချော်ခဲ့ပြီး အခု တောင်ကိုရီးယားနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှ ပြန်ကစားနိုင်တာပါ။ နေမာက သူ့ ဒဏ်ရာအခြေအနေ […]

တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်မှာ ခရိုအေးရှားနဲ့ ဆုံတွေ့မယ့် ဘရာဇီးလ်

December 5, 2022 Naing Lin 0

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံး ဘရာဇီးလ်အသင်းဟာ ရှုံးထွက်(၁၆)သင်း အဆင့်မှာ တောင်ကိုရီးယားကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲတုန်းက စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီကို အနိုင်ကစားပြီးတော့ အခုအဆင့် ရောက်ရှိလာတဲ့ တောင်ကိုရီးယားအသင်းဟာ ဘရာဇီးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ပထမပိုင်းမှာကတည်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၇)မိနစ်မှာပဲ […]

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပြင်သစ်နဲ့ဆုံတွေ့တဲ့ပွဲတိုင်း အနိုင်ရခဲ့တဲ့ အင်္ဂလန်

December 5, 2022 Naing Lin 0

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ နာမည်ကြီးအင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် လာမယ့်စနေနေ့ကျရင် လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဆီနီဂေါကို (၃-ဝ)ဂိုးပြတ် အနိုင်ရခဲ့သလို ပြင်သစ်အသင်းကလည်း ပိုလန်ကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့ကြပါတယ်။ ပြင်သစ်အသင်းမှာ နာမည်ကျော်တိုက်စစ်မှူး ဘန်ဇီမာ မပါဝင်နိုင်ပေမယ့် ဝါရင့် […]