လက်ဝှေ့ Ring Girl တစ်ဦးက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကြိုးဝိုင်းထဲမှာ
တစ်ယောက်ချင်း ယှဉ်ထိုးမလားလို့ စိန်ခေါ်လိုက်ပြီး တကယ်လို့
ပွဲဖြစ်ခဲ့ရင် သူ့ဘက်က ညှာနေမှာမဟုတ်ကြောင်း တစ်ခါတည်း
သတိပေးလိုက်ပါတယ်။ ပူတင်ဟာ အိမ်နီးချင်းယူကရိန်းနိုင်ငံကို စစ်ရေးအရေ
ဝင်ရောက်ကျူးကျော်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးရဲ့ ဘုံရန်သူဖြစ်လာပြီး
Bally Sports ရဲ့ Ring Girl အဖြစ် လုပ်ကိုင်နေတဲ့
ဂျီဆယ်လီအရီယန်နီက ကြိုးဝိုင်းအတွင်းမှာ တစ်ယောက်ချင်းယှဉ်ထိုးဖို့
အသက် ၆၉ နှစ်အရွယ်ရှိ ပူတင်ကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမှာ လုပ်ခဲ့တဲ့ Bally Sports ရဲ့
လက်ဝှေ့ပွဲတွေမတိုင်ခင် အရီယန်စီက ”ပူတင်နဲ့ပွဲဖြစ်ခဲ့ရင်တော့ ကြည့်ကောင်းမှာပါ။
ကျွန်မဘက်က လုံးဝညှာနေမှာမဟုတ်ဘဲ အားကုန်ထိုးသတ်သွားမှာပါ”လို့
ပြောခဲ့ပါတယ်။ သူနဲ့အတူ လက်တွဲလုပ်ကိုင်နေတဲ့ တခြား ring girl တွေကတော့
ကြိုးဝိုင်းထဲမှာ ဘယ်သူနဲ့ထိုးသတ်ချင်တယ်ဆိုတဲ့အကြောင်း အတိအကျမပြောသွားပါဘူး။
ခါးပတ်နက်အဆင့်ရှိ ပူတင်ဟာ အရင်တုန်းက တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှာ
ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ပေမယ့် ယူကရိန်းကို ကျူးကျော်စစ်
ဆင်နွှဲခဲ့လို့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ယခုလအစောပိုင်းကလည်း ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝ ၅ပွဲစလုံး
အနိုင်ရထားတဲ့ ဂျက်ပေါလ်က ပူတင်နဲ့ လက်ဝှေ့ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပြီး
ထရိန်နင်ဗီဒီယိုနဲ့ အဲဒီလက်ဝှေ့ပွဲအကြောင်း ပိုစတာတွေကိုပါ တင်ခဲ့ပါတယ်။
zawgyi
One by One ယှဉ်ထိုးမလားလို့ ကျူးကျော်စစ်ဆင်နွှဲသူသမ္မတကို ဒဲ့စိန်ခေါ်လိုက်တဲ့ Ring Girl
Leave a Reply