Italian football’s Hall of Fame စာရင်းထဲမှာ ကွန်တီ ပါဝင်လာ
စပါးအသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နာမည်ကျော်နည်းပြကွန်တီဟာ
အီတလီဘောလုံးလောကရဲ့ အောင်မြင်ထင်ရှားသူများ(Italian football’s Hall of Fame)
စာရင်းထဲမှာ တစ်ဦးအပါအဝင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ ကွန်တီဟာ နည်းပြဘဝတစ်လျှောက်
လက်ရွေးစင်အသင်းနဲ့ကလပ်အသင်းတွေကို,ကိုင်တွယ်ခဲ့ဖူးပြီး
ကလပ်အသင်းနည်းပြဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တာကြောင့်
အခုစာရင်းထဲမှာထည့်သွင်းဖော်ပြခံခဲ့ရတာလည်းဖြစ်ပါတယ်။
ကွန်တီဟာ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အင်တာမီလန်တို့နဲ့အတူ
အမှတ်ပေးဖလား(၅)ကြိမ်ဆွတ်ခူးခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေ(၃)ကြိမ်၊
ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား(၁)ကြိမ်၊
အင်တာမီလန်နဲ့အတူ စီးရီးအေ(၁)ကြိမ်ရယူပေးခဲ့ပါတယ်။
အီတလီလက်ရွေးစင်အသင်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ
ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုမယူနိုင်ပေမယ့် အတိုင်းအတာတစ်ခုအထိ
အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်
အသင်းအတွက် ဆယ်စုနှစ်တစ်ခုကျော်ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုရယူခဲ့ပြီး
နောက်ရာသီမှာ စပါးအသင်းကိုပြောင်းရွှေ့ခဲ့ပြီး လာမယ့်ရာသီချန်ပီယံလိဂ်
ဝင်ခွင့်ရအောင်ကြိုးစားပေးနေတာဖြစ်ပါတယ်။ အီတလီဘောလုံးလောကရဲ့
အောင်မြင်ထင်ရှားသူများ နည်းပြကဏ္ဍမှာ ကွန်တီမတိုင်ခင်က
နာမည်ကျော်နည်းပြတွေဖြစ်တဲ့ အာရီဂိုဆက်ချီ၊ ထရာပတ်တိုနီ၊ မာဆယ်လိုလစ်ပီနဲ့
အီတလီအသင်းအတွက် ယူရို-၂၀၂၀ ချန်ပီယံဆုရယူပေးခဲ့တဲ့ မန်စီနီတို့ပါဝင်ခဲ့ပြီး
အခုကွန်တီက ပဉ္စမမြောက်ထည့်သွင်းဖော်ပြခံရတဲ့နည်းပြလည်းဖြစ်ခဲ့ပါတယ်။
zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*