GOAT နှစ်ဦးရဲ့ နောက်ဆုံး အားစမ်းပွဲမှာ နှစ်ယောက်စလုံး ဂိုးသွင်းပြီး စီရော်နယ်လ်ဒိုကို အနိုင်ပိုင်းခဲ့တဲ့ မက်ဆီ

ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှာကစားခဲ့တဲ့ Saudi All-Star နဲ့ PSG တို့ရဲ့

ခြေစမ်းပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ မက်ဆီရဲ့ PSG
အသင်းက စီရော်နယ်လ်ဒိုရဲ့ အသင်းကို (၅-၄)ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲဟာ သာမန်ခြေစမ်းပွဲတစ်ပွဲသာဖြစ်ပေမယ့် ဘောလုံးလောကရဲ့ GOAT
နှစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့ အရှိန်အဝါကြောင့် ပရိသတ်
စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ပွဲချိန်အတွင်းမှာလည်း နှစ်သင်းစလုံးက
ခြေစမ်းပွဲလို့တောင် မထင်ရဘဲ တကယ့်ဗိုလ်လုပွဲတစ်ပွဲလို သဘောထားပြီး
အကြိတ်အနယ်ကစားခဲ့ကြပါတယ်။

ပွဲစလို့ (၃)မိနစ်လောက်မှာပဲ နေမာ ပေးတာကနေ မက်ဆီက အဖွင့်ဂိုး
သွင်းယူခဲ့ပြီး (၃၄)မိနစ်မှာ စီရော်နယ်လ်ဒိုက သူ့အစဉ်အလာအတိုင်းပဲ

ပယ်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။  PSG အသင်းအတွက်
ဒုတိယဂိုးကို အသင်းခေါင်းဆောင် မာကွင်ဟို့စ်က သွင်းယူခဲ့ပြီး
Saudi All-Star အသင်းအတွက် ချေပဂိုးကို စီရော်နယ်လ်ဒိုကပဲ
နောက်တစ်ကြိမ် ထပ်သွင်းခဲ့ပါတယ်။

ဒီဂိုးဟာ PSG နောက်ခံလူ ရာမို့စ်တစ်ယောက် သူ့သူငယ်ချင်းဂိုးသွင်းနိုင်အောင်
တမင်များလုပ်ပေးသွားသလားလို့တောင် ထင်ချင်စရာပါပဲ။ PSG အသင်းရဲ့
တတိယဂိုးကို (၅၃)မိနစ်မှာ ရာမို့စ်က သွင်းယူခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ

Saudi All-Starအသင်း တောင်ကိုရီးယားနောက်ခံလူ ဂျန်ဟွမ်ဆူးက
ခေါင်းတိုက်ပြီးတော့ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

အဲဒီနောက် ဘာပေက ပယ်နယ်တီကနေ စတုတ္ထဂိုး၊ လူငယ်ကစားသမား
အီကီတစ်က ပဉ္စမဂိုးတွေသွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ တယ်လစ္စကာက
Saudi All-Star အသင်းအတွက် စတုတ္ထချေပဂိုးသွင်းခဲ့တာကြောင့် (၅-၄)ဂိုးနဲ့
ပွဲပြီးခဲ့ပါတယ်။

အခုခြေစမ်းပွဲဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒို နောက်ဆုံးအကြိမ် ရင်ဆိုင်တဲ့ပွဲ
ဖြစ်လာဖို့ရှိပြီး မက်ဆီဟာ သူ့ရဲ့အဓိကပြိုင်ဘက်ကို အနိုင်နဲ့ပိုင်းနိုင်ခဲ့ပြီလို့
သတ်မှတ်ရမှာပါ။

[Zawgyi]

ေဆာ္ဒီႏိုင္ငံ၊ ရီယက္ဒ္ၿမိဳ႕မွာကစားခဲ့တဲ့ Saudi All-Star နဲ႔ PSG တို႔ရဲ႕
ေျခစမ္းပြဲကေတာ့ အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ မက္ဆီရဲ႕ PSG

အသင္းက စီေရာ္နယ္လ္ဒိုရဲ႕ အသင္းကို (၅-၄)ဂိုးရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

ဒီပြဲဟာ သာမန္ေျခစမ္းပြဲတစ္ပြဲသာျဖစ္ေပမယ့္ ေဘာလုံးေလာကရဲ႕ GOAT

ႏွစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ရဲ႕ အရွိန္အဝါေၾကာင့္ ပရိသတ္
စိတ္ဝင္စားမႈျမင့္တက္ခဲ့သလို ပြဲခ်ိန္အတြင္းမွာလည္း ႏွစ္သင္းစလုံးက
ေျခစမ္းပြဲလို႔ေတာင္ မထင္ရဘဲ တကယ့္ဗိုလ္လုပြဲတစ္ပြဲလို သေဘာထားၿပီး
အႀကိတ္အနယ္ကစားခဲ့ၾကပါတယ္။

ပြဲစလို႔ (၃)မိနစ္ေလာက္မွာပဲ ေနမာ ေပးတာကေန မက္ဆီက အဖြင့္ဂိုး
သြင္းယူခဲ့ၿပီး (၃၄)မိနစ္မွာ စီေရာ္နယ္လ္ဒိုက သူ႔အစဥ္အလာအတိုင္းပဲ
ပယ္နယ္တီကေန ေခ်ပဂိုး ျပန္သြင္းခဲ့ပါတယ္။  PSG အသင္းအတြက္

ဒုတိယဂိုးကို အသင္းေခါင္းေဆာင္ မာကြင္ဟို႔စ္က သြင္းယူခဲ့ၿပီး
Saudi All-Star အသင္းအတြက္ ေခ်ပဂိုးကို စီေရာ္နယ္လ္ဒိုကပဲ
ေနာက္တစ္ႀကိမ္ ထပ္သြင္းခဲ့ပါတယ္။

ဒီဂိုးဟာ PSG ေနာက္ခံလူ ရာမို႔စ္တစ္ေယာက္ သူ႔သူငယ္ခ်င္းဂိုးသြင္းႏိုင္ေအာင္
တမင္မ်ားလုပ္ေပးသြားသလားလို႔ေတာင္ ထင္ခ်င္စရာပါပဲ။ PSG အသင္းရဲ႕
တတိယဂိုးကို (၅၃)မိနစ္မွာ ရာမို႔စ္က သြင္းယူခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာပဲ
Saudi All-Starအသင္း ေတာင္ကိုရီးယားေနာက္ခံလူ ဂ်န္ဟြမ္ဆူးက

ေခါင္းတိုက္ၿပီးေတာ့ ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။

အဲဒီေနာက္ ဘာေပက ပယ္နယ္တီကေန စတုတၳဂိုး၊ လူငယ္ကစားသမား

အီကီတစ္က ပၪၥမဂိုးေတြသြင္းခဲ့ၿပီး ပြဲၿပီးခါနီးမွာ တယ္လစၥကာက
Saudi All-Star အသင္းအတြက္ စတုတၳေခ်ပဂိုးသြင္းခဲ့တာေၾကာင့္ (၅-၄)ဂိုးနဲ႔
ပြဲၿပီးခဲ့ပါတယ္။

အခုေျခစမ္းပြဲဟာ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒို ေနာက္ဆုံးအႀကိမ္ ရင္ဆိုင္တဲ့ပြဲ
ျဖစ္လာဖို႔ရွိၿပီး မက္ဆီဟာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ကို အႏိုင္နဲ႔ပိုင္းႏိုင္ခဲ့ၿပီလို႔
သတ္မွတ္ရမွာပါ။