ကမ္ဘာ့ဖလားပွဲဦးထွက်မှာ အုပ်စု(၃)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးဒတ်ချ်ကစားသမားအဖြစ် ဂတ်ပို စံချိန်တင်

နယ်သာလန်အသင်း ကြယ်ပွင့်ကစားသမားဂတ်ပိုဟာ ပထမဆုံးအကြိမ်ကစားခွင့်ရတဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု(၃)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ဒတ်ချ်
ကစားသမားအဖြစ် စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။

ဂတ်ပိုဟာ ဆီနီဂေါ၊ အီကွေဒေါနဲ့ အခု ကာတာတို့နဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့ပြီး
အဲဒီ(၃)ဂိုးကို ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်ပြီးတော့ မတူညီတဲ့ပုံစံမျိုးစုံနဲ့
သွင်းယူခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းသမိုင်းတစ်လျှောက် ယိုဟန်နီးစ်ကန်စ် (၁၉၇၄)၊ ဒင်းနစ်ဘားကမ့်
(၁၉၉၄)၊ ဆနိုက်ဒါ (၂၀၁၀)တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃)ပွဲဆက်ဂိုးသွင်းခဲ့ဖူးပေမယ့်
ဂတ်ပိုလိုမျိုး ပထမဆုံးအကြိမ်ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလားအုပ်စု(၃)ပွဲဆက်တိုက်
ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

အသက်(၂၃)နှစ်သာရှိသေးတဲ့ PSV တောင်ပံတိုက်စစ်ကစားသမား ဂတ်ပိုဟာ
အခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံ နှစ်သင်းစလုံးအတွက် ခြေစွမ်းပြကစားနေပြီး စုစုပေါင်း

ပွဲ(၃၀)ကစား၊ (၁၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အန်နာဗလင်စီယာ၊

ဘာပေတို့နဲ့အတူ ဂတ်ပိုကလည်း (၃)ဂိုးစီနဲ့ ရပ်တည်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ
သမိုင်းတစ်လျှောက် ဒတ်ချ်ကစားသမားတွေ သွင်းဂိုးအများဆုံးရွှေဖိနပ်ဆု တစ်ခါမှ
မရခဲ့တဲ့မှတ်တမ်းကို ဂတ်ပိုက အဆုံးသတ်နိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

[Zawgyi]

နယ္သာလန္အသင္း ၾကယ္ပြင့္ကစားသမားဂတ္ပိုဟာ ပထမဆုံးအႀကိမ္ကစားခြင့္ရတဲ့
ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အုပ္စု(၃)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ပထမဆုံး ဒတ္ခ်္
ကစားသမားအျဖစ္ စံခ်ိန္ေရးထိုးႏိုင္ခဲ့ပါတယ္။

ဂတ္ပိုဟာ ဆီနီေဂါ၊ အီေကြေဒါနဲ႔ အခု ကာတာတို႔နဲ႔ပြဲေတြမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး
အဲဒီ(၃)ဂိုးကို ဘယ္ေျခ၊ ညာေျခ၊ ေခါင္းတိုက္ၿပီးေတာ့ မတူညီတဲ့ပုံစံမ်ိဳးစုံနဲ႔
သြင္းယူခဲ့တာျဖစ္ပါတယ္။

နယ္သာလန္အသင္းသမိုင္းတစ္ေလွ်ာက္ ယိုဟန္နီးစ္ကန္စ္ (၁၉၇၄)၊ ဒင္းနစ္ဘားကမ့္
(၁၉၉၄)၊ ဆႏိုက္ဒါ (၂၀၁၀)တို႔ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၃)ပြဲဆက္ဂိုးသြင္းခဲ့ဖူးေပမယ့္

ဂတ္ပိုလိုမ်ိဳး ပထမဆုံးအႀကိမ္ကစားခြင့္ရတဲ့ ကမာၻ႔ဖလားအုပ္စု(၃)ပြဲဆက္တိုက္
ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ PSV ေတာင္ပံတိုက္စစ္ကစားသမား ဂတ္ပိုဟာ
အခုႏွစ္အတြင္း ကလပ္နဲ႔ ႏိုင္ငံ ႏွစ္သင္းစလုံးအတြက္ ေျခစြမ္းျပကစားေနၿပီး စုစုေပါင္း
ပြဲ(၃၀)ကစား၊ (၁၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၈)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ အန္နာဗလင္စီယာ၊
ဘာေပတို႔နဲ႔အတူ ဂတ္ပိုကလည္း (၃)ဂိုးစီနဲ႔ ရပ္တည္ေနၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲ
သမိုင္းတစ္ေလွ်ာက္ ဒတ္ခ်္ကစားသမားေတြ သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆု တစ္ခါမွ
မရခဲ့တဲ့မွတ္တမ္းကို ဂတ္ပိုက အဆုံးသတ္ႏိုင္မွာလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .