FIFA The Best ဆုပေးပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုအပေါ် မလေးမစားပြုမူခဲ့တဲ့လုပ်ရပ်အတွက် ဖီဖာကို ပရိသတ်တွေ ဝေဖန်

ပါရီမြို့မှာကျင်းပခဲ့တဲ့ FIFA The Best ဆုပေးပွဲအခမ်းအနားမှာ

ဖီဖာဟာ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို
မလေးစားတဲ့လုပ်ရပ်ကျူးလွန်ခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်
စွပ်စွဲနေကြပါတယ်။

၂၀၂၂ FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံးဆုတွေကို ကမ္ဘာ့ဖလား
ချန်ပီယံအာဂျင်တီးနားအသင်းသားတွေ သိမ်းကျုံးရယူခဲ့ပြီး FIFA The Best
ဆုကို မက်ဆီ၊ အကောင်းဆုံးနည်းပြဆုကို စကာလိုနီ၊ အကောင်းဆုံးဂိုးသမား
ဆုကို အီမီလီယာနိုမာတီနက်ဇ်တို့ ဆွတ်ခူးခဲ့သလို့ အကောင်းဆုံးပရိသတ်

အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိက,ကနေ ကာတာနိုင်ငံအထိ
လာရောက်အားပေးခဲ့တဲ့ အာဂျင်တီးနားပရိသတ်တွေ သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဖျော်ဖြေရေးအစီအစဉ်ပြုလုပ်နေချိန်အတွင်း ရုပ်သံ Screen ပေါ်မှာ
နာမည်ကျော်ကစားသမားတွေရဲ့ ပုံရိပ်ကို ပြသခဲ့တော့ စီရော်နယ်လ်ဒိုကို
ပေါ်တူဂီအသင်း အရန်ခုံပေါ်မှာ ထိုင်နေတဲ့ပုံကို ပြသခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအတွက် ၂၀၂၂ ခုနှစ်ဟာ လာခြင်းကောင်းတဲ့နှစ် မဟုတ်ဘဲ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မန်ချက်စတာယူနိုက်တက်နဲ့
လမ်းခွဲခဲ့ရသလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစွမ်းမပြနိုင်တာကြောင့်
ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ အရန်ခုံထိုင်ခဲ့ရပြီး

လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီး

ထွက်ခဲ့ရတဲ့အတွက် စီရော်နယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်
အဆုံးသတ်ခဲ့ရပါတယ်။ အခု FIFA The Best ဆုပေးပွဲအခမ်းအနားမှာ
အရန်ခုံထိုင်နေရတဲ့ စီရော်နယ်လ်ဒိုရဲ့ Video Clip ကို ပြသခဲ့တာကြောင့်
ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြတာဖြစ်ပါတယ်။

ပရိသတ်တွေက ‘ဖီဖာဟာ စီရော်နယ်လ်ဒိုကို နောက်တစ်ကြိမ် မလေးမစား
လုပ်ခဲ့ပြန်ပါပြီ’၊ ‘ဒီလိုပုံစံမျိုးနဲ့ စီရော်နယ်လ်ဒိုကို ဖီဖာ အရှက်ခွဲတာ အခုမှ
ပထမဆုံးအကြိမ်မဟုတ်ပါဘူး’၊ ‘ဘောလုံးလောကရဲ့ ဂန္ထဝင်တစ်ဦးကို ဖီဖာ

မလေးမစားလုပ်ဖို့ မကောင်းပါဘူး။ တခြားပြစရာ Clips တွေ အများကြီး
ရှိတာတောင် ဘာဖြစ်လို့များ စီရော်နယ်လ်ဒို အရန်ခုံထိုင်နေရတဲ့ ရုပ်သံကို
ပြရတာလဲ’လို့ Twitter မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

[Zawgyi]

ပါရီၿမိဳ႕မွာက်င္းပခဲ့တဲ့ FIFA The Best ဆုေပးပြဲအခမ္းအနားမွာ
ဖီဖာဟာ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကို
မေလးစားတဲ့လုပ္ရပ္က်ဴးလြန္ခဲ့တယ္လို႔ ပရိသတ္ေတြက ေဝဖန္
စြပ္စြဲေနၾကပါတယ္။

၂၀၂၂ FIFA The Best ဆုေပးပြဲမွာ အေကာင္းဆုံးဆုေတြကို ကမာၻ႔ဖလား
ခ်န္ပီယံအာဂ်င္တီးနားအသင္းသားေတြ သိမ္းက်ဳံးရယူခဲ့ၿပီး FIFA The Best

ဆုကို မက္ဆီ၊ အေကာင္းဆုံးနည္းျပဆုကို စကာလိုနီ၊ အေကာင္းဆုံးဂိုးသမား
ဆုကို အီမီလီယာႏိုမာတီနက္ဇ္တို႔ ဆြတ္ခူးခဲ့သလို႔ အေကာင္းဆုံးပရိသတ္
အျဖစ္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေတာင္အေမရိက,ကေန ကာတာႏိုင္ငံအထိ
လာေရာက္အားေပးခဲ့တဲ့ အာဂ်င္တီးနားပရိသတ္ေတြ သတ္မွတ္ခံခဲ့ရပါတယ္။

ဒါေပမဲ့ ေဖ်ာ္ေျဖေရးအစီအစဥ္ျပဳလုပ္ေနခ်ိန္အတြင္း ႐ုပ္သံ Screen ေပၚမွာ
နာမည္ေက်ာ္ကစားသမားေတြရဲ႕ ပုံရိပ္ကို ျပသခဲ့ေတာ့ စီေရာ္နယ္လ္ဒိုကို
ေပၚတူဂီအသင္း အရန္ခုံေပၚမွာ ထိုင္ေနတဲ့ပုံကို ျပသခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုအတြက္ ၂၀၂၂ ခုႏွစ္ဟာ လာျခင္းေကာင္းတဲ့ႏွစ္ မဟုတ္ဘဲ
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔

လမ္းခြဲခဲ့ရသလို ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ေျခစြမ္းမျပႏိုင္တာေၾကာင့္
ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္နဲ႔ ကြာတားဖိုင္နယ္ပြဲေတြမွာ အရန္ခုံထိုင္ခဲ့ရၿပီး
လူစားဝင္အျဖစ္သာ ကစားခြင့္ရခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ ကြာတားဖိုင္နယ္မွာ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ၿပီး
ထြက္ခဲ့ရတဲ့အတြက္ စီေရာ္နယ္လ္ဒိုရဲ႕ ကမာၻ႔ဖလားခ်န္ပီယံအိပ္မက္
အဆုံးသတ္ခဲ့ရပါတယ္။ အခု FIFA The Best ဆုေပးပြဲအခမ္းအနားမွာ
အရန္ခုံထိုင္ေနရတဲ့ စီေရာ္နယ္လ္ဒိုရဲ႕ Video Clip ကို ျပသခဲ့တာေၾကာင့္

ပရိသတ္ေတြက ေဒါသေပါက္ကြဲေနၾကတာျဖစ္ပါတယ္။

ပရိသတ္ေတြက ‘ဖီဖာဟာ စီေရာ္နယ္လ္ဒိုကို ေနာက္တစ္ႀကိမ္ မေလးမစား

လုပ္ခဲ့ျပန္ပါၿပီ’၊ ‘ဒီလိုပုံစံမ်ိဳးနဲ႔ စီေရာ္နယ္လ္ဒိုကို ဖီဖာ အရွက္ခြဲတာ အခုမွ
ပထမဆုံးအႀကိမ္မဟုတ္ပါဘူး’၊ ‘ေဘာလုံးေလာကရဲ႕ ဂႏၴဝင္တစ္ဦးကို ဖီဖာ
မေလးမစားလုပ္ဖို႔ မေကာင္းပါဘူး။ တျခားျပစရာ Clips ေတြ အမ်ားႀကီး
ရွိတာေတာင္ ဘာျဖစ္လို႔မ်ား စီေရာ္နယ္လ္ဒို အရန္ခုံထိုင္ေနရတဲ့ ႐ုပ္သံကို
ျပရတာလဲ’လို႔ Twitter မွာ ေဝဖန္ေရးသားခဲ့ပါတယ္။