FIFA FIFPRO အကောင်းဆုံး(၁၁)ဦးစာရင်းမှာ စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး အကြိမ်အများဆုံးရွေးချယ်ခံခဲ့ရသူအဖြစ် မက်ဆီ စံချိန်တင်

PSG အသင်းရဲ့ အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီဟာ

၂၀၂၂ FIFA FIFPRO အကောင်းဆုံး(၁၁)ဦးစာရင်းမှာ ရွေးချယ်ခံခဲ့
ရတာကြောင့် အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုရဲ့ အကြိမ်အရေအတွက်ကို
ကျော်ဖြတ်နိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု
ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ ၂၀၂၂ ခုနှစ်အတွက် FIFA The Best ဆု
ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး အဲဒီအကောင်းဆုံးဆုကို ဒုတိယအကြိမ်မြောက်
ရရှိခဲ့ပါတယ်။ အဲဒါကြောင့် IFA The Best ဆုကို (၂)ကြိမ်ရရှိတဲ့သူတွေထဲမှာ

စီရော်နယ်လ်ဒို (၂၀၁၆၊ ၂၀၁၇)၊ လီဝန်ဒေါစကီး (၂၀၂၀၊ ၂၀၂၁)တို့နဲ့အတူ
မက်ဆီကလည်း တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်ရဲ့ FIFA FIFPRO အကောင်းဆုံး(၁၁)ဦးစာရင်းမှာ
မက်ဆီက (၁၆)ကြိမ်မြောက် ရွေးချယ်ခံခဲ့ရပြီး မဟာပြိုင်ဘက်
စီရော်နယ်လ်ဒိုကို (၁)ကြိမ်အသာနဲ့ကျော်ဖြတ်ပြီးတော့ အကြိမ်အများဆုံး
ရွေးချယ်ခံရတဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

FIFA FIFPRO အကောင်းဆုံး(၁၁)ဦးစာရင်းမှာ မက်ဆီဟာ ၂၀၀၇
ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ (၁၆)ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး
စီရော်နယ်လ်ဒိုကတော့ ၂၀၀၇ ကနေ ၂၀၂၁ ခုနှစ်အထိ (၁၅)ကြိမ်ဆက်

ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ FIFA FIFPRO စာရင်းမှာ မက်ဆီနဲ့အတူ PSG အသင်းဖော်တွေ

ဖြစ်တဲ့ ဘာပေ၊ ဟာကီမီတို့ ပါဝင်ခဲ့ပြီး တခြားနာမည်ကျော်ဘောလုံးသမားတွေ
ဖြစ်တဲ့ ကော်တွာ (ရီးယဲလ်)၊ ကန်ဆယ်လို (မန်စီးတီး/ဘိုင်ယန်မြူးနစ်)၊ ဗန်ဒိုက်
(လီဗာပူးလ်)၊ ကတ်စ်မဲရိုး (ရီးယဲလ်/မန်ချက်စတာယူနိုက်တက်)၊ ဒီဘရိုင်းနား
(မန်စီးတီး)၊ မိုဒရစ် (ရီးယဲလ်)၊ ဘန်ဇီမာ (ရီးယဲလ်)၊ ဟာလန်း (ဒေါ့မွန်/မန်စီးတီး)
တို့လည်း ပါဝင်ခဲ့ကြပါတယ်။

[Zawgyi]

PSG အသင္းရဲ႕ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီဟာ
၂၀၂၂ FIFA FIFPRO အေကာင္းဆုံး(၁၁)ဦးစာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့

ရတာေၾကာင့္ အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုရဲ႕ အႀကိမ္အေရအတြက္ကို
ေက်ာ္ျဖတ္ႏိုင္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က အာဂ်င္တီးနားအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆု
ဆြတ္ခူးႏိုင္ခဲ့တဲ့ မက္ဆီဟာ ၂၀၂၂ ခုႏွစ္အတြက္ FIFA The Best ဆု
ပိုင္ဆိုင္ခြင့္ရရွိခဲ့ၿပီး အဲဒီအေကာင္းဆုံးဆုကို ဒုတိယအႀကိမ္ေျမာက္
ရရွိခဲ့ပါတယ္။ အဲဒါေၾကာင့္ IFA The Best ဆုကို (၂)ႀကိမ္ရရွိတဲ့သူေတြထဲမွာ
စီေရာ္နယ္လ္ဒို (၂၀၁၆၊ ၂၀၁၇)၊ လီဝန္ေဒါစကီး (၂၀၂၀၊ ၂၀၂၁)တို႔နဲ႔အတူ

မက္ဆီကလည္း တစ္ဦးအပါအဝင္ျဖစ္လာပါတယ္။

ဒါ့အျပင္ ၂၀၂၂ ခုႏွစ္ရဲ႕ FIFA FIFPRO အေကာင္းဆုံး(၁၁)ဦးစာရင္းမွာ

မက္ဆီက (၁၆)ႀကိမ္ေျမာက္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး မဟာၿပိဳင္ဘက္
စီေရာ္နယ္လ္ဒိုကို (၁)ႀကိမ္အသာနဲ႔ေက်ာ္ျဖတ္ၿပီးေတာ့ အႀကိမ္အမ်ားဆုံး
ေ႐ြးခ်ယ္ခံရတဲ့ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

FIFA FIFPRO အေကာင္းဆုံး(၁၁)ဦးစာရင္းမွာ မက္ဆီဟာ ၂၀၀၇
ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္အထိ (၁၆)ႀကိမ္ဆက္တိုက္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး
စီေရာ္နယ္လ္ဒိုကေတာ့ ၂၀၀၇ ကေန ၂၀၂၁ ခုႏွစ္အထိ (၁၅)ႀကိမ္ဆက္
ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

၂၀၂၂ ခုႏွစ္ရဲ႕ FIFA FIFPRO စာရင္းမွာ မက္ဆီနဲ႔အတူ PSG အသင္းေဖာ္ေတြ
ျဖစ္တဲ့ ဘာေပ၊ ဟာကီမီတို႔ ပါဝင္ခဲ့ၿပီး တျခားနာမည္ေက်ာ္ေဘာလုံးသမားေတြ

ျဖစ္တဲ့ ေကာ္တြာ (ရီးယဲလ္)၊ ကန္ဆယ္လို (မန္စီးတီး/ဘိုင္ယန္ျမဴးနစ္)၊ ဗန္ဒိုက္
(လီဗာပူးလ္)၊ ကတ္စ္မဲ႐ိုး (ရီးယဲလ္/မန္ခ်က္စတာယူႏိုက္တက္)၊ ဒီဘ႐ိုင္းနား
(မန္စီးတီး)၊ မိုဒရစ္ (ရီးယဲလ္)၊ ဘန္ဇီမာ (ရီးယဲလ္)၊ ဟာလန္း (ေဒါ့မြန္/မန္စီးတီး)
တို႔လည္း ပါဝင္ခဲ့ၾကပါတယ္။