FA ဖလား စတုတ္ထအဆင့်မှာ ယူနိုက်တက် ပွဲချောင်နေပေမယ့် မန်စီးတီး – အာဆင်နယ် ထိပ်တိုက်တွေ့

FA ဖလား စတုတ္ထအဆင့်အတွက် ပွဲစဉ်တွေထွက်ပေါ်လာပြီး မန်ချက်စတာ

ယူနိုက်တက်အသင်း ပွဲချောင်နေပေမယ့် ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်း
ဖြစ်တဲ့ မန်စီးတီး – အာဆင်နယ်တို့ ထိပ်တိုက်ဆုံတွေ့နေပါတယ်။

ယူနိုက်တက်အသင်းဟာ တတိယအဆင့်မှာ အဲဗာတန်ကို (၃-၁)ဂိုးနဲ့အနိုင်
ရခဲ့ပြီး အခု စတုတ္ထအဆင့်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ရက်ဒင်းကို အိမ်ကွင်းပွဲ
လက်ခံကစားရမှာဖြစ်ပါတယ်။

ရက်ဒင်းအသင်းနည်းပြအဖြစ် ယူနိုက်တက်နာမည်ကျော်ကွင်းလယ်လူဟောင်း
ပေါလ်အင့်စ်က ကိုင်တွယ်နေပြီး ပေါလ်အင့်စ်ဟာ ယူနိုက်တက်အသင်းမှာ
(၆)နှစ်ကြာကစားခဲ့သလို ပရီးမီးယားလိဂ်အပါအဝင် အဓိကဆုဖလား(၇)ခု
အထိ ရယူနိုင်ခဲ့တာကြောင့် အခု အိုးလ်ထရက်ဖို့ဒ်ကို ပြိုင်ဘက်နည်းပြအဖြစ်

ပြန်လည်ခြေချရတော့မှာပါ။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ မန်စီးတီးနဲ့

အာဆင်နယ်တို့ဟာ FA ဖလားပြိုင်ပွဲမှာ စောစောစီးစီးဆုံတွေ့နေပြီး
တစ်သင်းကတော့ ပြည်တွင်းဆုဖလားတစ်ခုကို လက်လွှတ်ရဖို့
သေချာနေပါပြီ။

အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ နောက်ဆုံး,ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး(၅)ပွဲဆက်မှာ ပွဲတိုင်းရှုံးနိမ့်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာတော့
မန်စီးတီးကို အသာရခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ FA ဖလားပြိုင်ပွဲတစ်လျှောက် စုစုပေါင်း
(၅)ကြိမ်ဆုံတွေ့ခဲ့ပြီး အာဆင်နယ်အသင်းက(၄)ကြိမ်နိုင်၊ မန်စီးတီးက
(၁)ကြိမ်သာအနိုင်ရခဲ့သလို နောက်ဆုံးရင်ဆိုင်ခဲ့တဲ့ ၂၀၁၉-၂၀ FA ဖလား

ဆီမီးဖိုင်နယ်ပွဲမှာ အာဆင်နယ်က (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

[Zawgyi]

FA ဖလား စတုတၳအဆင့္အတြက္ ပြဲစဥ္ေတြထြက္ေပၚလာၿပီး မန္ခ်က္စတာ

ယူႏိုက္တက္အသင္း ပြဲေခ်ာင္ေနေပမယ့္ ပရီးမီးယားလိဂ္ထိပ္သီးႏွစ္သင္း
ျဖစ္တဲ့ မန္စီးတီး – အာဆင္နယ္တို႔ ထိပ္တိုက္ဆုံေတြ႕ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ တတိယအဆင့္မွာ အဲဗာတန္ကို (၃-၁)ဂိုးနဲ႔အႏိုင္
ရခဲ့ၿပီး အခု စတုတၳအဆင့္မွာ လိဂ္ခ်န္ပီယံရွစ္ကလပ္ ရက္ဒင္းကို အိမ္ကြင္းပြဲ
လက္ခံကစားရမွာျဖစ္ပါတယ္။

ရက္ဒင္းအသင္းနည္းျပအျဖစ္ ယူႏိုက္တက္နာမည္ေက်ာ္ကြင္းလယ္လူေဟာင္း
ေပါလ္အင့္စ္က ကိုင္တြယ္ေနၿပီး ေပါလ္အင့္စ္ဟာ ယူႏိုက္တက္အသင္းမွာ
(၆)ႏွစ္ၾကာကစားခဲ့သလို ပရီးမီးယားလိဂ္အပါအဝင္ အဓိကဆုဖလား(၇)ခု
အထိ ရယူႏိုင္ခဲ့တာေၾကာင့္ အခု အိုးလ္ထရက္ဖို႔ဒ္ကို ၿပိဳင္ဘက္နည္းျပအျဖစ္

ျပန္လည္ေျခခ်ရေတာ့မွာပါ။

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္ျဖစ္ေနတဲ့ မန္စီးတီးနဲ႔

အာဆင္နယ္တို႔ဟာ FA ဖလားၿပိဳင္ပြဲမွာ ေစာေစာစီးစီးဆုံေတြ႕ေနၿပီး
တစ္သင္းကေတာ့ ျပည္တြင္းဆုဖလားတစ္ခုကို လက္လႊတ္ရဖို႔
ေသခ်ာေနပါၿပီ။

အာဆင္နယ္အသင္းဟာ မန္စီးတီးနဲ႔ ေနာက္ဆုံး,ဆုံေတြ႕ခဲ့တဲ့ ၿပိဳင္ပြဲစုံ
ေနာက္ဆုံး(၅)ပြဲဆက္မွာ ပြဲတိုင္းရႈံးနိမ့္ခဲ့ေပမယ့္ FA ဖလားၿပိဳင္ပြဲမွာေတာ့
မန္စီးတီးကို အသာရခဲ့ပါတယ္။

မန္စီးတီးနဲ႔ အာဆင္နယ္တို႔ဟာ FA ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ စုစုေပါင္း
(၅)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး အာဆင္နယ္အသင္းက(၄)ႀကိမ္ႏိုင္၊ မန္စီးတီးက
(၁)ႀကိမ္သာအႏိုင္ရခဲ့သလို ေနာက္ဆုံးရင္ဆိုင္ခဲ့တဲ့ ၂၀၁၉-၂၀ FA ဖလား

ဆီမီးဖိုင္နယ္ပြဲမွာ အာဆင္နယ္က (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။