FA ဖလားပဉ္စမအဆင့်မှာ မန်စီးတီး၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့ ပွဲချောင်နေ

FA ဖလားပဉ္စမအဆင့်အတွက် ပွဲစဉ်တွေထွက်ပေါ်လာပြီး ပရီးမီးယားလိဂ်

ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ စပါး
အသင်းတို့ဟာ သာမန်အဆင့်အသင်းတွေနဲ့သာ ဆုံတွေ့ရမှာဖြစ်လို့
ကွာတားဖိုင်နယ်တက်ခွင့်ရဖို့ အခြေအနေကောင်းသွားပါပြီ။

စတုတ္ထအဆင့်တုန်းက အိမ်ကွင်းမှာ ရက်ဒင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့တဲ့
အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်အသင်းဟာ ပဉ္စမအဆင့်မှာ ဝက်စ်ဟမ်း
အသင်းကို အိမ်ကွင်းပွဲအဖြစ် လက်ခံကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပထမအကျော့
အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့တုန်းက ရပ်ရှ်ဖို့ဒ်ရဲ့ ရာပြည့်သွင်းဂိုး
မှတ်တမ်းနဲ့အတူ ယူနိုက်တက်တို့ (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ FA ဖလား

ပြိုင်ပွဲမှာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ ၂၀၂၀-၂၁ ရာသီ ပဉ္စမအဆင့်မှာ
နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့ပြီး ယူနိုက်တက်အသင်းက (၁-ဝ)ဂိုးနဲ့အနိုင်ယူ
ခဲ့ပါတယ်။

ပြီးခဲ့တဲ့အဆင့်တွေတုန်းက ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို ဖြုတ်ချခဲ့တဲ့
မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ လိဂ်ချန်ပီယံရှစ်ကလပ်
ဘရစ္စတိုးလ်အသင်းနဲ့ ဆုံတွေ့နေတာကြောင့် ကွာတားဖိုင်နယ်ကို အခက်အခဲ
မရှိ တက်ရောက်ခွင့်ရဖို့ ရာနှုန်းများနေပါပြီ။

စတုတ္ထအဆင့်တုန်းက ဆွန်ဟောင်မင်ရဲ့ ဂိုးတွေနဲ့ ပရက်စတန်ကို (၃-ဝ)ဂိုးပြတ်
အနိုင်ရခဲ့တဲ့ စပါးအသင်းဟာ ဝရက်ဇ်ဟမ်း/ရှက်ဖီးယူနိုက်တက်တို့ပွဲစဉ်က

အနိုင်ရမယ့်အသင်းနဲ့ အဝေးကွင်းပွဲ ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်အသင်းနဲ့ပဲတွေ့ပါစေ
ကစားသမားစုဖွဲ့မှု၊ အသင်းအနေအထားချင်း အများကြီးကွာဟတဲ့အတွက်
စပါးအသင်း ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေပါတယ်။

[Zawgyi]

FA ဖလားပၪၥမအဆင့္အတြက္ ပြဲစဥ္ေတြထြက္ေပၚလာၿပီး ပရီးမီးယားလိဂ္
ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး၊ စပါး
အသင္းတို႔ဟာ သာမန္အဆင့္အသင္းေတြနဲ႔သာ ဆုံေတြ႕ရမွာျဖစ္လို႔
ကြာတားဖိုင္နယ္တက္ခြင့္ရဖို႔ အေျခအေနေကာင္းသြားပါၿပီ။

စတုတၳအဆင့္တုန္းက အိမ္ကြင္းမွာ ရက္ဒင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ယူခဲ့တဲ့
အဲရစ္တန္ဟက္ရဲ႕ ယူႏိုက္တက္အသင္းဟာ ပၪၥမအဆင့္မွာ ဝက္စ္ဟမ္း

အသင္းကို အိမ္ကြင္းပြဲအျဖစ္ လက္ခံကစားရမွာျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းတို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္ပထမအေက်ာ့

အျဖစ္ အိုးလ္ထရက္ဖို႔ဒ္မွာ ဆုံေတြ႕ခဲ့တုန္းက ရပ္ရွ္ဖို႔ဒ္ရဲ႕ ရာျပည့္သြင္းဂိုး
မွတ္တမ္းနဲ႔အတူ ယူႏိုက္တက္တို႔ (၁-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ FA ဖလား
ၿပိဳင္ပြဲမွာ ယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းတို႔ ၂၀၂၀-၂၁ ရာသီ ပၪၥမအဆင့္မွာ
ေနာက္ဆုံးအႀကိမ္ဆုံေတြ႕ခဲ့ၿပီး ယူႏိုက္တက္အသင္းက (၁-ဝ)ဂိုးနဲ႔အႏိုင္ယူ
ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အဆင့္ေတြတုန္းက ခ်ယ္လ္ဆီး၊ အာဆင္နယ္တို႔ကို ျဖဳတ္ခ်ခဲ့တဲ့
မန္စီးတီးအသင္းဟာ အေဝးကြင္းမွာ လိဂ္ခ်န္ပီယံရွစ္ကလပ္

ဘရစၥတိုးလ္အသင္းနဲ႔ ဆုံေတြ႕ေနတာေၾကာင့္ ကြာတားဖိုင္နယ္ကို အခက္အခဲ
မရွိ တက္ေရာက္ခြင့္ရဖို႔ ရာႏႈန္းမ်ားေနပါၿပီ။

စတုတၳအဆင့္တုန္းက ဆြန္ေဟာင္မင္ရဲ႕ ဂိုးေတြနဲ႔ ပရက္စတန္ကို (၃-ဝ)ဂိုးျပတ္
အႏိုင္ရခဲ့တဲ့ စပါးအသင္းဟာ ဝရက္ဇ္ဟမ္း/ရွက္ဖီးယူႏိုက္တက္တို႔ပြဲစဥ္က
အႏိုင္ရမယ့္အသင္းနဲ႔ အေဝးကြင္းပြဲ ရင္ဆိုင္ရမွာျဖစ္ၿပီး ဘယ္အသင္းနဲ႔ပဲေတြ႕ပါေစ
ကစားသမားစုဖြဲ႕မႈ၊ အသင္းအေနအထားခ်င္း အမ်ားႀကီးကြာဟတဲ့အတြက္
စပါးအသင္း ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းေနပါတယ္။