





ချယ်လ်ဆီးအသင်းတိုက်စစ်ကစားသမားဗာနာဟာ ဆောက်သမ်တန်ကို
(၆-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းအတွက်





(၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဗာနာဟာ ပွဲချိန်(၂၉)မိနစ်နဲ့(၄၉)မိနစ်တွေမှာ
ဂိုးသွင်းယူခဲ့တာဖြစ်ပြီး,ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလနောက်ပိုင်း (၆)လကျော်အကြာမှ
ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပြန်တွေ့ခဲ့တာပါ။ တိုက်ဆိုင်တာတစ်ခုက အခုပွဲမတိုင်ခင်





ချယ်လ်ဆီးအသင်းအတွက် ဗာနာ ပရီးမီးယားလိဂ်မှာနောက်ဆုံးအကြိမ်ဂိုးသွင်းခဲ့တာက
ပြီးခဲ့တဲ့ရာသီတုန်းက ဆောက်သမ်တန်ကို(၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာဖြစ်ပြီး





အခုဂိုးပေါက်ပြန်တွေ့တော့လည်း ဆောက်သမ်တန်နဲ့ပွဲမှာပဲဖြစ်ပါတယ်။
နောက်ထပ်အံ့အားသင့်ဖို့ကောင်းတာက ချယ်လ်ဆီးကစားသမားဘဝမှာ
ဗာနာ ပရီးမီးယားလိဂ်တစ်ပွဲတည်း(၂)ဂိုးသွင်းခဲ့တာက ၂၀၂၀၊ အောက်တိုဘာလတုန်းက





ဆောက်သမ်တန်နဲ့(၃-၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာဖြစ်ပြီး (၁)နှစ်ကျော်အကြာမှ
ဒုတိယအကြိမ်မြောက် တစ်ပွဲတည်း(၂)ဂိုးသွင်းခဲ့တာဖြစ်လို့ ဗာနာကတော့





အပတ်တိုင်း ဆောက်သမ်တန်နဲ့ကစားချင်နေလောက်ပါပြီ။
ဗာနာဟာ နောက်ထပ်(၃)ဂိုးလောက်ရမယ့်အခွင့်အရေးရှိခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ
သူ့ရဲ့ကန်ချက်(၃)ကြိမ်က တိုင်ထိထွက်ခဲ့ပြီး ဥရောပထိပ်သီးလိဂ်(၅)ခုမှာ





အူဘာမီယန်း(ဒေ့ါမွန်/၂၀၁၇-စက်တင်ဘာ-၃ ဂိုးသွင်း၊ ၃ကြိမ်တိုင်ထိ)နောက်ပိုင်း
တစ်ပွဲတည်းမှာ (၂)ဂိုးသွင်းပြီးတော့ တိုင်ထိခဲ့တာ(၃)ကြိမ်ရှိခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။





zawgyi
EPL မှာ ၆ လကျော်ဂိုးပေါက်ပျောက်နေခဲ့ပေမယ့် (၁)နှစ်ကျော်အကြာမှာ တစ်ပွဲတည်း(၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဗာနာ






























အူဘာမီယန်း(ဒေါ့မွန်/၂၀၁၇-စက်တင်ဘာ-၃ ဂိုးသွင်း၊ ၃ကြိမ်တိုင်ထိ)နောက်ပိုင်း





Leave a Reply