Drama ဆန်တဲ့ အလှည့်အပြောင်းတွေနဲ့ (၄)မိနစ်အတွင်း (၂)ဂိုးသွင်းပြီး မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ယူနိုက်တက်

ပထမအကျော့တုန်းက မန်စီးတီးကို (၆-၃)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲက

သူ့အတွက် သင်ခန်းစာကောင်းကောင်း ရလိုက်တယ်လို့ အခုပွဲမတိုင်ခင်
ပြောခဲ့တဲ့ အဲရစ်တန်ဟက်ဟာ တကယ့်ကိုပဲ ပြီးပြည့်စုံတဲ့ လူအခင်းအကျင်း၊
နည်းဗျူဟာတွေကို ချမှတ်နိုင်ခဲ့တယ်။

ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ Body ချင်း မယှဉ်နိုင်တဲ့ လီဆန်ဒရိုမာတီနက်ဇ်ကို
ခေါက်ပြီး လုခ်ရှောကို Centre Back သုံးခဲ့တာ၊ မန်စီးတီးရဲ့ ကွင်းလယ်
ဗိုလ်ချုပ် ဒီဘရိုင်းနားဆီကနေ ဘောလုံးမထွက်အောင် ဖရက်ဒ်ကို
Man Marking လုပ်ခိုင်းခဲ့တာက မှန်ကန်ပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံးမှာ ဖရက်ဒ်ဟာ ဒီဘရိုင်းနားကို Tight Marking
လုပ်သွားတာကြောင့် မန်စီးတီးတိုက်စစ် Frame တစ်ခုလုံး ပြိုလဲခဲ့ပြီး

ဟာလန်းဆိုရင် ယူနိုက်တက် ပယ်နယ်တီဧရိယာထဲမှာ ဘောလုံးထိချက်တောင်
မရှိခဲ့သလို တောင်ပံတိုက်စစ်က ဖိုဒန်နဲ့ မာရက်ဇ်တို့ကိုလည်း ဘစ်ဆာကာ၊
မာလာစီယာတို့က အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့ပါတယ်။

မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်အသင်း ဂိုးသွင်းနိုင်ဖို့ထက်
ဂိုးမပေးရဖို့က ပိုအရေးကြီးပြီး အဲဒီအချက်ကို ယူနိုက်တက်ကစးသမားတွေ
အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့တယ်။ Counter ကနေ ရပ်ရှ်ဖို့ဒ် အပိုင်
အခွင့်အရေး(၂)ကြိမ်ရခဲ့ပေမယ့် အီဒါဆင် ကာကွယ်နိုင်ခဲ့တာ၊ မန်စီးတီးခံစစ်

ရှင်းထုတ်နိုင်တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ဂရီးလစ်ရှ် ဝင်လာတော့မှ မန်စီးတီး ဘယ်ခြမ်းတိုက်စစ်

အသက်ဝင်လာပြီး မိနစ်(၆၀)မှာ ကတ်စ်မဲရိုး အတင်းလိုက်ဖျက်ပေမယ့်
ဒီဘရိုင်းနား တင်ပေးလိုက်တာကို ဂရီးလစ်ရှ် ခေါင်းတိုက်ပြီးတော့ အဖွင့်
ဂိုးသွင်းခဲ့တယ်။

အဲရစ်တန်ဟက်ကို ချီးကျူးရမယ့် နောက်တစ်ချက်က မှန်ကန်တဲ့လူစားလဲမှု
ပြုလုပ်နိုင်တာဖြစ်ပြီး ကွင်းလယ်မှာ ခြေမပေါ်တဲ့ အဲရစ်ဆင်အစား ဂါနာချိုကို
ထည့်လိုက်တော့မှ ယူနိုက်တက် တိုက်စစ်က ပိုလှုပ်လာခဲ့တယ်။

(၇၈)မိနစ်မှာ ကတ်စ်မဲရိုး ခင်းပေးလိုက်တာကို ဘရူနိုဖာနန်ဒက်စ်က အပိုင်
ပိတ်သွင်းခဲ့ပြီး ဒါဟာ လူကျွံအနေအထားမှာရှိနေတဲ့ ရပ်ရှ်ဖို့ဒ် ပါးပါးနပ်နပ်နဲ့
ဘောလုံးမထိဘဲ လွှတ်ပေးခဲ့လို့ ဘရူနိုဖာနန်ဒက်စ်က ညာခြေနဲ့ ပိတ်သွင်းခဲ့တာ

ဖြစ်ပါတယ်။

(၄)မိနစ်အကြာမှာပဲ ဘယ်ခြမ်းကနေ ဂါနာချို ဖန်တီးပေးတာကနေ ပယ်နယ်တီ

ဧရိယာအတွင်း အသင့်ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်က အပိုင်ပိတ်သွင်းပြီး ယူနိုက်တက်အတွက်
အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ နိုင်ပွဲရယူခဲ့တဲ့ ယူနိုက်တက်တို့ နယူးကာဆယ်ကို
ကျော်တက်ပြီး မန်စီးတီးနဲ့ (၁)မှတ်အကွာ အဆင့်(၃)နေရာကို ရောက်လာသလို
ပြိုင်ပွဲစုံ(၉)ပွဲဆက်တိုက် နိုင်ပွဲရယူခဲ့ပါတယ်။

[Zawgyi]

ပထမအေက်ာ့တုန္းက မန္စီးတီးကို (၆-၃)ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲက
သူ႔အတြက္ သင္ခန္းစာေကာင္းေကာင္း ရလိုက္တယ္လို႔ အခုပြဲမတိုင္ခင္
ေျပာခဲ့တဲ့ အဲရစ္တန္ဟက္ဟာ တကယ့္ကိုပဲ ၿပီးျပည့္စုံတဲ့ လူအခင္းအက်င္း၊

နည္းဗ်ဴဟာေတြကို ခ်မွတ္ႏိုင္ခဲ့တယ္။

ဟာလန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ Body ခ်င္း မယွဥ္ႏိုင္တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ကို

ေခါက္ၿပီး လုခ္ေရွာကို Centre Back သုံးခဲ့တာ၊ မန္စီးတီးရဲ႕ ကြင္းလယ္
ဗိုလ္ခ်ဳပ္ ဒီဘ႐ိုင္းနားဆီကေန ေဘာလုံးမထြက္ေအာင္ ဖရက္ဒ္ကို
Man Marking လုပ္ခိုင္းခဲ့တာက မွန္ကန္ပါတယ္။

ပထမပိုင္းတစ္ပိုင္းလုံးမွာ ဖရက္ဒ္ဟာ ဒီဘ႐ိုင္းနားကို Tight Marking
လုပ္သြားတာေၾကာင့္ မန္စီးတီးတိုက္စစ္ Frame တစ္ခုလုံး ၿပိဳလဲခဲ့ၿပီး
ဟာလန္းဆိုရင္ ယူႏိုက္တက္ ပယ္နယ္တီဧရိယာထဲမွာ ေဘာလုံးထိခ်က္ေတာင္
မရွိခဲ့သလို ေတာင္ပံတိုက္စစ္က ဖိုဒန္နဲ႔ မာရက္ဇ္တို႔ကိုလည္း ဘစ္ဆာကာ၊

မာလာစီယာတို႔က အိတ္ကပ္ထဲထည့္ထားႏိုင္ခဲ့ပါတယ္။

မန္စီးတီးလို အသင္းမ်ိဳးနဲ႔ ရင္ဆိုင္ရတဲ့အခါ ကိုယ့္အသင္း ဂိုးသြင္းႏိုင္ဖို႔ထက္

ဂိုးမေပးရဖို႔က ပိုအေရးႀကီးၿပီး အဲဒီအခ်က္ကို ယူႏိုက္တက္ကစးသမားေတြ
အေကာင္းဆုံးလုပ္ေဆာင္ျပႏိုင္ခဲ့တယ္။ Counter ကေန ရပ္ရွ္ဖို႔ဒ္ အပိုင္
အခြင့္အေရး(၂)ႀကိမ္ရခဲ့ေပမယ့္ အီဒါဆင္ ကာကြယ္ႏိုင္ခဲ့တာ၊ မန္စီးတီးခံစစ္
ရွင္းထုတ္ႏိုင္တာေတြေၾကာင့္ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင္းမွာ ဂရီးလစ္ရွ္ ဝင္လာေတာ့မွ မန္စီးတီး ဘယ္ျခမ္းတိုက္စစ္
အသက္ဝင္လာၿပီး မိနစ္(၆၀)မွာ ကတ္စ္မဲ႐ိုး အတင္းလိုက္ဖ်က္ေပမယ့္
ဒီဘ႐ိုင္းနား တင္ေပးလိုက္တာကို ဂရီးလစ္ရွ္ ေခါင္းတိုက္ၿပီးေတာ့ အဖြင့္

ဂိုးသြင္းခဲ့တယ္။

အဲရစ္တန္ဟက္ကို ခ်ီးက်ဴးရမယ့္ ေနာက္တစ္ခ်က္က မွန္ကန္တဲ့လူစားလဲမႈ

ျပဳလုပ္ႏိုင္တာျဖစ္ၿပီး ကြင္းလယ္မွာ ေျခမေပၚတဲ့ အဲရစ္ဆင္အစား ဂါနာခ်ိဳကို
ထည့္လိုက္ေတာ့မွ ယူႏိုက္တက္ တိုက္စစ္က ပိုလႈပ္လာခဲ့တယ္။

(၇၈)မိနစ္မွာ ကတ္စ္မဲ႐ိုး ခင္းေပးလိုက္တာကို ဘ႐ူႏိုဖာနန္ဒက္စ္က အပိုင္
ပိတ္သြင္းခဲ့ၿပီး ဒါဟာ လူကြၽံအေနအထားမွာရွိေနတဲ့ ရပ္ရွ္ဖို႔ဒ္ ပါးပါးနပ္နပ္နဲ႔
ေဘာလုံးမထိဘဲ လႊတ္ေပးခဲ့လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ညာေျခနဲ႔ ပိတ္သြင္းခဲ့တာ
ျဖစ္ပါတယ္။

(၄)မိနစ္အၾကာမွာပဲ ဘယ္ျခမ္းကေန ဂါနာခ်ိဳ ဖန္တီးေပးတာကေန ပယ္နယ္တီ
ဧရိယာအတြင္း အသင့္ရွိေနတဲ့ ရပ္ရွ္ဖို႔ဒ္က အပိုင္ပိတ္သြင္းၿပီး ယူႏိုက္တက္အတြက္
အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။ ႏိုင္ပြဲရယူခဲ့တဲ့ ယူႏိုက္တက္တို႔ နယူးကာဆယ္ကို

ေက်ာ္တက္ၿပီး မန္စီးတီးနဲ႔ (၁)မွတ္အကြာ အဆင့္(၃)ေနရာကို ေရာက္လာသလို
ၿပိဳင္ပြဲစုံ(၉)ပြဲဆက္တိုက္ ႏိုင္ပြဲရယူခဲ့ပါတယ္။