DJ မတီးတော့ဘဲ အသက်(၄၁)နှစ်အရွယ်မှာ ဘောလုံးပြန်ကစားဦးမယ့် နာမည်ကျော်တိုက်စစ်မှူးဟောင်း ဆစ်စီ

ပြင်သစ်နဲ့ လီဗာပူးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်း

ဂျီဘယဲလ်ဆစ်စီဟာ ပြင်သစ်လီဂူးမှာ သွင်းဂိုး(၁၀၀)ပြည့်မှတ်တမ်း
ပိုင်ဆိုင်ဖို့အတွက် ဘောလုံးလောကထဲ တစ်ကျော့ပြန်ဝင်လာဖို့
ရှိနေပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဆစ်စီဟာ ပြင်သစ်လီဂူးကလပ်တွေ
ဖြစ်တဲ့ အော်ဇေး၊ မာဆေးလ်၊ ဘတ်စတီယာအသင်းတွေမှာကစားခဲ့ပြီး
စုစုပေါင်း (၉၆)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် သွင်းဂိုးရာပြည့်
မှတ်တမ်း စိုက်ထူနိုင်ဖို့ ဆစ်စီဟာ ပြင်သစ်လီဂူးကလပ်တစ်သင်းသင်းမှာ

ဘောလုံးပြန်ကစားချင်ပြီး ကမ်းလှမ်းမယ့်အသင်းရှိလာရင် အလကားနဲ့တောင်
ကစားပေးဖို့ အသင့်ရှိနေပါတယ်။

ဆစ်စီက “ပြင်သစ်လီဂူးမှာ သွင်းဂိုး(၁၀၀)ပြည့်ဖို့ (၄)ဂိုးသာ လိုတော့တဲ့
အတွက် ကျွန်တော့်စိတ်ထဲမှာ မရိုးမရွဖြစ်နေပါတယ်။ တကယ်လို့ ကလပ်
အသင်းတစ်သင်းကများ ကျွန်တော့်ကို လာပြီးကမ်းလှမ်းမယ်ဆိုရင်
အဲဒီအသင်းအတွက် အလကားကစားပေးဖို့ အသင့်ရှိပါတယ်”လို့
ပြောကြားခဲ့ပါတယ်။

ဆစ်စီအတွက် အမှတ်ရစရာအကောင်းဆုံးကတော့ ၂၀၀၅ ချန်ပီယံလိဂ်
ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းနဲ့အတူ မယုံနိုင်လောက်တဲ့ Epic Comeback

ရလဒ်နဲ့ အေစီမီလန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့တာပါပဲ။

ဆစ်စီဟာ တစ်ချိန်က ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့

ရပေမယ့်လည်း လီဗာပူးလ်ကစားသမားဘဝမှာ တစ်ကြိမ်၊ ပြင်သစ်အသင်းနဲ့
တစ်ကြိမ် ဆိုးဆိုးရွားရွား ခြေထောက်ကျိုးခဲ့တာက သူ့ ဘောလုံးသမားဘဝ
အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပြီး အသက်(၃၅)နှစ်အရွယ်မှာပဲ
ဘောလုံးသမားဘဝကနေ အနားယူခဲ့ရပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း DJ သမားတစ်ဦးအဖြစ်
ရပ်တည်ခဲ့ပြီး အခုအချိန်မှာတော့ ဆစ်စီဟာ မြက်ခင်းစိမ်းပေါ်ကို တစ်ကျော့ပြန်
ခြေချဖို့ ဆန္ဒပြင်းပြနေတာြဖ်ပါတယ်။

[Zawgyi]

ျပင္သစ္နဲ႔ လီဗာပူးလ္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း
ဂ်ီဘယဲလ္ဆစ္စီဟာ ျပင္သစ္လီဂူးမွာ သြင္းဂိုး(၁၀၀)ျပည့္မွတ္တမ္း

ပိုင္ဆိုင္ဖို႔အတြက္ ေဘာလုံးေလာကထဲ တစ္ေက်ာ့ျပန္ဝင္လာဖို႔
ရွိေနပါတယ္။

အသက္(၄၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆစ္စီဟာ ျပင္သစ္လီဂူးကလပ္ေတြ
ျဖစ္တဲ့ ေအာ္ေဇး၊ မာေဆးလ္၊ ဘတ္စတီယာအသင္းေတြမွာကစားခဲ့ၿပီး
စုစုေပါင္း (၉၆)ဂိုးအထိ သြင္းယူခဲ့ပါတယ္။ အဲဒါေၾကာင့္ သြင္းဂိုးရာျပည့္
မွတ္တမ္း စိုက္ထူႏိုင္ဖို႔ ဆစ္စီဟာ ျပင္သစ္လီဂူးကလပ္တစ္သင္းသင္းမွာ
ေဘာလုံးျပန္ကစားခ်င္ၿပီး ကမ္းလွမ္းမယ့္အသင္းရွိလာရင္ အလကားနဲ႔ေတာင္

ကစားေပးဖို႔ အသင့္ရွိေနပါတယ္။

ဆစ္စီက “ျပင္သစ္လီဂူးမွာ သြင္းဂိုး(၁၀၀)ျပည့္ဖို႔ (၄)ဂိုးသာ လိုေတာ့တဲ့

အတြက္ ကြၽန္ေတာ့္စိတ္ထဲမွာ မ႐ိုးမ႐ြျဖစ္ေနပါတယ္။ တကယ္လို႔ ကလပ္
အသင္းတစ္သင္းကမ်ား ကြၽန္ေတာ့္ကို လာၿပီးကမ္းလွမ္းမယ္ဆိုရင္
အဲဒီအသင္းအတြက္ အလကားကစားေပးဖို႔ အသင့္ရွိပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။

ဆစ္စီအတြက္ အမွတ္ရစရာအေကာင္းဆုံးကေတာ့ ၂၀၀၅ ခ်န္ပီယံလိဂ္
ဗိုလ္လုပြဲမွာ လီဗာပူးလ္အသင္းနဲ႔အတူ မယုံႏိုင္ေလာက္တဲ့ Epic Comeback
ရလဒ္နဲ႔ ေအစီမီလန္ကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ဆုဖလား ရယူႏိုင္ခဲ့တာပါပဲ။

ဆစ္စီဟာ တစ္ခ်ိန္က ထိပ္တန္းအဆင့္တိုက္စစ္မႉးတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့
ရေပမယ့္လည္း လီဗာပူးလ္ကစားသမားဘဝမွာ တစ္ႀကိမ္၊ ျပင္သစ္အသင္းနဲ႔

တစ္ႀကိမ္ ဆိုးဆိုး႐ြား႐ြား ေျခေထာက္က်ိဳးခဲ့တာက သူ႔ ေဘာလုံးသမားဘဝ
အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရၿပီး အသက္(၃၅)ႏွစ္အ႐ြယ္မွာပဲ
ေဘာလုံးသမားဘဝကေန အနားယူခဲ့ရပါတယ္။

ေဘာလုံးသမားဘဝကေန အနားယူၿပီးေနာက္ပိုင္း DJ သမားတစ္ဦးအျဖစ္
ရပ္တည္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ဆစ္စီဟာ ျမက္ခင္းစိမ္းေပၚကို တစ္ေက်ာ့ျပန္
ေျခခ်ဖို႔ ဆႏၵျပင္းျပေနတာျဖ္ပါတယ္။