
ရော်နယ်ဒို ပြဿနာတွေတက်နေချိန်မှာ ငယ်မူငယ်သွေးပြပြီး အကောင်းဆုံးဆုရခဲ့တဲ့ ဘုရင်ကြီးအစစ် မက်ဆီ
“ ဒီနေ့ညတွေ့ရတာ နောက်ထပ်မက်ဆီတစ်ယောက်တဲ့လား။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ လူတွေက အတွင်းအဖြစ်မှန်တွေကိုမသိဘဲ ရမ်းပြောနေကြတာပါဗျာ။ မက်ဆီက ဘာမှ မပြောင်းလဲပါဘူး။ မတူတာတွေ သူဆက်လုပ်ပြသွားပါလိမ့်မယ် ” လို့ ဆိုလာသူက နေမာပါ။ ဘာစီလိုနာကစပြီး သူငယ်ချင်းမက ညီအကိုမကျ သံယောဇဉ်တွေချည်နှောင်ခဲ့တဲ့ အာဂျင်တီးနားသားနဲ့ပတ်သက်လို့ သူ အတော်လေးကျေနပ်နေပုံပါပဲ။ တကယ်ဆို […]