ရှာကီရာနဲ့ လမ်းခွဲခဲ့တဲ့ ပီကေး အချစ်ရဲ့ကျောင်းသူလေးနဲ့ တွေ့သွားပြီ

August 12, 2022 Ko Thar Gyi 0

ဘာစီလိုနာဝါရင့်နောက်ခံလူပီကေးဟာ ပေါ့ပ်အဆိုကျော်ရှာကီရာနေရာမှာ အစားထိုးဖို့ အချစ်သစ်ရှာတွေ့သွားပြီလို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ ဒေးဗစ်ဘက်ခမ်းနဲ့ဗစ်တိုးရီးယားတို့လို ဘောလုံးလောကမှာ အားကျလောက်စရာစုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက တရားဝင်လမ်းခွဲခဲ့ကြတာပါ။ ၁၂ နှစ်ကြာလက်တွဲခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု ဘာကြောင့်အဆုံးသတ်ခဲ့ရတာလဲဆိုတာ နှစ်ဖက်လုံးက ဖြေရှင်းချက်မပေးသလို မီလန်နဲ့ဆာရှာဆိုတဲ့ ရင်သွေးနှစ်ဦးအတွက် အုပ်ထိန်းသူဖြစ်ခွင့်ဟာလည်း မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ […]

လေ့ကျင့်ကွင်းကို ၅ နာရီစောရောက်လာတယ်ထင်ပြီး အာနူတိုဗစ်ကို မော်ရင်ညို နာရီဆုချခဲ့ဖူးတယ်

August 8, 2022 Ko Thar Gyi 0

ရော်နယ်ဒိုနေရာမှာ အာနူတိုဗစ်နဲ့အစားထိုးဖို့ မန်ယူကြိုးစားပေမယ့် ဘိုလော့ဂ်နာက သူတို့တိုက်စစ်မှူးအတွက် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းကိုယ်တိုင်က ပရီးမီးယားလိဂ်ပြန်လာချင်နေတာကြောင့် စောင့်ကြည့်ရဦးမယ့် အနေအထားပါ။ တကယ်တော့ မန်ယူဟာ သြစတြီးယားသားကို အခုမှ လိုချင်တာမဟုတ်ပါဘူး။ မော်ရင်ညိုကိုင်တွယ်နေတဲ့အချိန် ၂၀၁၈ တုန်းကလည်း သရဲနီတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးပါတယ်။ ဒါကလည်း အင်တာမီလန်မှာ အတူတွဲလုပ်ခဲ့ဖူးတဲ့ […]

ကွင်းခြောက်လို့ သရေကျတာဆိုတဲ့ ဂျာဂင်ကလော့ပ်ကို ရေတွေဖြန်းပြပြီး ဖူလ်ဟမ်လှောင်ပြောင်

August 7, 2022 Ko Thar Gyi 0

ဖူလ်ဟမ်ရဲ့ကရာဗန်ကော့တေ့ချ်ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တဲ့နောက် လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က ကွင်းမြက်ခင်းတွေကို အကြောင်းပြခဲ့ပါတယ်။ “ တကယ့်ကို ဆိုးရွားတဲ့ပွဲပါ။ ဘယ်လိုများဖြစ်ရတာလဲ။ အစကတည်းက သဘောထားမမှန်ပါဘူး။ ၁၅ မိနစ်နောက်ပိုင်းမှ ကျွန်တော်တို့ တုံ့ပြန်နိုင်ခဲ့တယ်။ ကွင်းမြက်ခင်းကလည်း ခြောက်သွေ့ပြီး ဒီလိုမျိုးဖြစ်နေတယ်။ တကယ့်ကို ခက်ခဲ့ပါတယ် ” လို့ ဂျာမန်သားက […]

နှစ်ကိုယ်မခွဲနိုင်တာကြောင့် မင်္ဂလာပွဲမှာ အကိုဖြစ်သူကို သတို့သားဟန်ဆောင်ခိုင်းခဲ့ရတဲ့ မယ်လ်မိုတိုက်စစ်မှူး ဘူယာတာရေး

August 5, 2022 Ko Thar Gyi 0

မယ်လ်မိုက အသင်းကိုစောစောလာဆက်သွယ်ပါဆိုတာကြောင့် တိုက်စစ်မှူးသစ်မိုဟာမက်ဘူယာတာရေးဟာ သူ့ရဲ့မင်္ဂလာပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ တရုတ်စူပါလိဂ်ကနေ ဆွီဒင်လပ်ကို ပြောင်းရွှေ့လာခဲ့သူပါ။ အသင်းကို ဘူယာတာရေးရောက်လာတဲ့နောက် ဇူလိုင် ၂၂ ရက်မှာ မယ်လ်မိုက အပြောင်းအရွှေ့သတင်းကို ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မင်္ဂလာပွဲကတော့ ဇူလိုင် ၂၁ ရက်တုန်းက ဆီရာရာလီယွန်မှာ […]

မန်စီးတီးကို ဂိုးသွင်းပြီးကာမှ လေ့ကျင့်ကွင်းမှာပါ ပြောင်းလဲသွားခဲ့တဲ့ နူနက်ဇ်ကို လီဗာပူးလ်ပရိသတ်တွေ ကျေနပ်နေကြ

August 5, 2022 Ko Thar Gyi 0

ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်လိုအပ်နေတဲ့တိုက်စစ်မှူးအဖြစ် အသွင်းပြောင်းနိုင်ခဲ့ပါပြီ။ နောက်ဆုံးထွက်ပေါ်လာတဲ့ လေ့ကျင့်ကွင်းဗွီဒီယိုဖိုင်အရ ဥရုဂွေးသားဟာ သူ့အပေါ်သံသယတွေကို ချေဖျက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ဘင်ဖီကာကနေ ပေါင် ၈၅ သန်းနဲ့ အန်ဖီးလ်ရောက်လာတဲ့ နူနက်ဇ်ဟာ ကြိုးကြာနီတွေရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ပါတယ်။ လစ်ပ်ဇစ်နဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းနိုင်ပေမယ့် မန်ယူ၊ ပဲလေ့စ်၊ […]

ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ မေတ္တာတော်အစူးရှဆုံးက ရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားဖြစ်နေ

August 2, 2022 Ko Thar Gyi 0

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးုရော်နယ်ဒိုနဲ့ နောက်ခံလူမက်ဂွိုင်းယားတို့ဟာ ပြီးခဲ့တဲ့ရာသီ တွစ်တာမှာ ပရိသတ်အဆဲခံရဆုံးနှစ်ယောက်လို့ စစ်တမ်းသစ်တစ်ရပ်က ဖေါ်ပြလာပါတယ်။ ၂၀၂၁-၂၂ ရာသီ ပထမရာသီဝက်အချိန်တုန်းက တွစ်တာမှာတင်ခဲ့ကြတဲ့ တွစ်ပေါင်း ၂.၃ သန်းကို ဗြိတိန်အမျိုးသားသိပ္ပံအချက်အလက်ဆိုင်ရာအဖွဲ့၊ Ofcom နဲ့ the Alan Turing Institute အဖွဲ့တို့ပူးပေါင်းပြီး AI နည်းပညာနဲ့ […]

ယူရိုချိန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်း ရမယ့်အပိုဆုကြေးက ရော်နယ်ဒိုရဲ့လစာ တစ်ရက်စာပဲရှိနေ

August 1, 2022 Ko Thar Gyi 0

အင်္ဂလန်အမျိုးသမီးအသင်းဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် တစ်ယောက်ကို အပိုဆုကြေး ပေါင် ၅၅၀၀၀ စီ ရရှိမှာဖြစ်ပါတယ်။ အက်ဖ်အေနဲ့ အမျိုးသမီးအသင်းဟာ ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုတင်သဘောတူညီထားခဲ့တာပါ။ ဒါဟာ နည်းတဲ့ပမာဏတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မြင့်မားတဲ့လုပ်ခလစာနဲ့ယှဉ်လိုက်ရင်တော့ အတော်လေးနည်းတဲ့ အပိုဆုကြေးဖြစ်နေပါတယ်။ ရွှေဘောလုံး […]

ဒုတိယအရွယ်ရဲ့ ဒုတိယဝေဒနာကို ဆာဒါနီးယားမှာကုစားနေတဲ့ တူချယ်

July 28, 2022 Ko Thar Gyi 0

ဆာဒါနီးယားကျွန်းအလှက တကယ်ဖမ်းစားနိုင်တာလား၊ ရာသီသစ်အတွက် အတွေးကောင်းတွေများ ရနိုင်မလားဆိုတာတော့ တူချယ်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သေချာတာကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ဒီမြင်ကွင်းဟာ ဝမ်းမြောက်စရာ သိပ်မဟုတ်တာပါပဲ။ သူတို့အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ကလပ်အမေရိကတစ်သင်းကိုပဲ အနိုင်ရခဲ့တယ်။ လန်ဒန်ပြိုင်ဘက်အာဆင်နယ်ကို ၄ ဂိုးပြတ်ရှုံးခဲ့တယ်။ တူချယ်ကတော့ အမေရိကန်ခရီးစဉ်က ပြန်ရောက်လာတာနဲ့ အီတလီကိုပြေးတော့တာပါပဲ။ ဒါဟာ သီးသန့်အခွင့်ရေးပါ၊ […]

သူရဲကောင်းတစ်ဦးလို ကြိုဆိုခဲ့ကြတဲ့ ရိုးမားပရိသတ်တွေကြောင့် ဒိုင်ဘာလာ မျက်ရည်တောင်ဝဲခဲ့ရ

July 27, 2022 Ko Thar Gyi 0

မနေ့ညက ရောမရဲ့အထင်ကရ Square Colosseum မှာကျင်းပတဲ့ ဒိုင်ဘာလာမိတ်ဆက်ပွဲကို ရိုးမားပရိသတ် ၈၀၀၀ လောက်တက်ရောက်ပြီး သူတို့တိုက်စစ်မှူးသစ်ကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အီတလီမြို့တော်ကလမ်းတွေပေါ်မှာလည်း ရိုးမားပရိသတ်တွေဟာ အသင်းရဲ့နောက်ဆုံးခေါ်ယူမှုအကြောင်း ဂုဏ်ယူဝံ့ကြွားကြရင်း စီတန်းလှည့်လည်ခဲ့ကြတာပါ။ တကယ်တော့ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းကို ပြိုင်ဘက်ကြီး အင်တာမီလန်နဲ့ နာပိုလီကိုကျော်ဖြတ်ပြီး သူတို့ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ […]

အမှတ်တမဲ့မှ အမှတ်တရဖြစ်သွားကြတဲ့ နယ်သာလန်နောက်ခံလူနဲ့ စတုတ္ထဒိုင်

July 23, 2022 Ko Thar Gyi 0

အချစ်က ဆန်းကြယ်ပါတယ်။ မထင်တဲ့နေရာမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ မြက်ခင်းစိမ်းတွေပေါ်မှာလည်း အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားကြတာတွေရှိပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အခုနောက်ဆုံး ရေပန်းစားနေတာကတော့ ဂျက်ဖ်ဟာဒီဗက်တို့စုံတွဲပေါ့။ ဇာတ်လမ်းက ၂၀၂၁ သြဂုတ်လ ၁၃ ရက်နေ့မှာ စခဲ့ပါတယ်။ ဂျက်ဖ်ရဲ့အက်ဖ်စီအမ်းမန်းနဲ့ အိုင်ဟိုဗင်တို့ကစားကြတဲ့ နယ်သာလန်ဒုတိယတန်းပွဲစဉ်မှာပါ။ နာကျင်အချိန်ပိုအရောက်မှာ ဂျက်ဖ် အနီကတ်နဲ့ထုတ်ပယ်ခံရပါတယ်။ အသက် […]