ပေါ့ဘာပခုံးပေါ်ရောက်လာတဲ့ ဂန္ထဝင်ဘက်ဂီယိုနဲ့ ဒဲလ်ပီယာရိုတို့ဖိအား

July 12, 2022 Ko Thar Gyi 0

မန်ယူကနေပြန်ရောက်လာတဲ့ပေါ့ဘာဟာ ဂျူဗင်တပ်ရဲ့ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားပါတော့မယ်။ ၂၀၁၆ မှာ စွန့်ခွာခဲ့တဲ့ ဒီအသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ခဲ့တာကြောင့် အိုးလ်လေဒီတွေရဲ့အနာဂတ်အစီအစဉ်မှာ အရေးပါနေတယ်ဆိုတာလည်း သိသာပါတယ်။ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကတော့ မန်ယူနဲ့ဂျူဗင်တပ်မှာပဲ လွန်းထိုးနေခဲ့ရတာပါ။ အိုးလ်ထရက်ဖို့ဒ်ကနေ တူရင်စရောက်ခဲ့တဲ့ ပထမ ၃ ရာသီမှာ သူဟာ နံပါတ် […]

မေဂျာလိဂ်ဆိုတာ အငြိမ်းစားလိဂ်မဟုတ်ဘူးဆိုတဲ့ ဂါရတ်ဘေးလ်

July 12, 2022 Ko Thar Gyi 0

လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီအသင်းရဲ့ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ပွဲမှာ ဂါရတ်ဘေးလ်က သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို ဖွင့်ဟသွားခဲ့ပါတယ်။ အထူးသဖြင့် မေဂျာလိဂ်ဟာ နာမည်ကျော်ဘောလုံးသမားတွေ လာရောက်အနားယူရာ အငြိမ်းစားလိဂ်မဟုတ်ကြောင်း၊ သူလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အနားယူမှာမဟုတ်သေးတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဝေးလ်တိုက်စစ်မှူးဟာ လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီနဲ့ တစ်နှစ်စာချုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီအသင်းမှာ ကာလရှည်နေထိုင်သွားမှာဖြစ်သလို မေဂျာလိဂ်ဟာလည်း […]

ဆွန်ဟောင်မင် ပြန်မထနိုင်လောက်အောင် ဆိုးလ်မှာ အပီမောင်းနေတဲ့ ကွန်တီ

July 11, 2022 Ko Thar Gyi 0

တောင်ကိုရီးယားမှာ စပါးအသင်းသားတွေကို နည်းပြကွန်တီမောင်းနေတာက ရက်စက်ပြင်းထန်လွန်းတယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဗွီဒီယိုအထောက်အထားနဲ့ ဖေါ်ပြလာခဲ့ပါတယ်။ ကွန်တီရဲ့လေ့ကျင့်ခန်းတွေ ပြင်းထန်တယ်ဆိုတဲ့သတင်းကတော့ အစောပိုင်းကတည်းက မွှေးပြီးသားပါ။ ဒါပေမဲ့ ကြမ်းပါတယ်ဆိုတဲ့ ဂျာဂင်ကလော့ပ်ထက်တောင်ဆိုးနေပြီလို့ ဒီမှတ်တမ်းကိုကြည့်ပြီး ပရိသတ်တွေက ဝေဖန်နေကြတာပါ။ စပါးကစားသမားတွေဟာ ဆိုးလ်မြို့က ကမ္ဘာ့ဖလားကွင်းကြီးမှာ ၂ နာရီလောက် […]

မက်ဂွိုင်းယားကို အနိုင်မကျင့်ဖို့ ပရိသတ်တွေနဲ့ရန်ဖြစ်နေရတဲ့ ဂယ်ရီနဗီးလ်

July 11, 2022 Ko Thar Gyi 0

မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်ထားဖို့ဆုံးဖြတ်ခဲ့တဲ့ နည်းပြသစ်တန်းဟတ်ကို လူရွှင်တော်လို့ မန်ယူပရိသတ်တွေက ဝေဖန်နေကြပါတယ်။ အင်္ဂလန်နောက်ခံလူဟာ အမှားအယွင်းတွေများခဲ့သလို အသင်းအပေါ်လှုံ့ဆော်မှုလည်း မပေးနိုင်တာကြောင့် နယ်သာလန်သားရဲ့ထောက်ခံမှုဟာ သရဲနီပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ မန်ယူဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်ကတော့ မက်ဂွိုင်းယားအပေါ် ဝေဖန်မှုတွေရပ်တန့်ကြဖို့ ပရိသတ်တွေကိုတောင်းဆိုလိုက်ပါတယ်။ ပရိသတ်တွေက သူနဲ့လည်း ငြိခဲ့တာကိုး။ မက်ဂွိုင်းယားကို ကပ္ပတိန်လက်ပတ်ဆက်ဝတ်ခိုင်းမယ်လို့ ဘန်ကောက်ခရီးစဉ်မှာ […]

ဖရီးကစ်နဲ့ဂိုးသွင်းပြီး ဘက်ခမ်းရဲ့ DNA အစစ်ဖြစ်ကြောင်း ရိုမီယိုပြသနိုင်ခဲ့

July 11, 2022 Ko Thar Gyi 0

အင်္ဂလန်ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ရိုမီယိုဘက်ခမ်းဟာ အင်တာမိုင်ယာမီအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါပြီ။ ထူးခြားတာက သေသပ်လှပတဲ့ ဖရီးကစ်ဂိုးဖြစ်နေတာပါပဲ။ တိုက်ရိုက်အစီရင်ခံသူကတောင် “ ငါတို့ ဒါမျိုးမြင်ဖူးတယ်ထင်တယ် ” လို့ အရွှန်းဖောက်ရလောက်တဲ့အထိဖြစ်ခဲ့တာပါ။ တနည်းအားဖြင့် ဖရီးကစ်စပါယ်ရှယ်လစ် ဒေးဗစ်ဘက်ခမ်းရဲ့သွင်းဂိုးတွေကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ခမ်းလို ဂိုးတိုင်အပေါ်ထောင့်ထဲကို ဝေ့ဝိုက်ဝင်သွားတဲ့အထိတော့ မဟုတ်သေးပါဘူး။ […]

ဗလောင်းဗလဲပြောခဲ့တဲ့ ဟာလန်း အပြောင်းအလဲမြန်လွန်းလှချည်လားလို့ ဝေဖန်ခံနေရ

July 11, 2022 Ko Thar Gyi 0

“ ကျွန်တော် သူနဲ့တွေ့ချင်တယ်။ သူ့ကိုကျေးဇူးတင်နေတဲ့ ဘောလုံးသမားတစ်ယောက်ပါဆိုတာလည်း ပြောပြချင်တယ်။ ကျွန်တော့်အတွက်တော့ သူဟာ အမြဲတမ်းစံပြတစ်ယောက်ပါပဲ ” လို့ ဆိုခဲ့ဖူးသူက အခုမန်စီးတီးရောက်လာတဲ့ ဟာလန်းပါ။ တစ်ချိန်တုန်းက FourFourTwo မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ သူ့ရဲ့အိုင်ဒေါဟာ ရော်နယ်ဒိုပါလို့ လူသိရှင်ကြားဖွင့်ချခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Goal ဘောလုံးဝက်ဘ်ဆိုက်မှာလည်း “ ကျွန်တော့်မှာ […]

ရော်နယ်ဒိုကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ နည်းပြတန်းဟတ် ပေါက်ကွဲပြီ

July 11, 2022 Ko Thar Gyi 0

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်းဟတ်ကတော့ တိုက်စစ်မှူးရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကို ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်လိုက်ပါတယ်။ အဲဒါကတော့ ပေါ်တူဂီသားဟာ သူ့ရဲ့အစီအစဉ်မှာရှိနေဆဲ ဆိုတာပါပဲ။ ဘန်ကောက်ရောက်နေတဲ့ မန်ယူအသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုနဲ့ပတ်သက်တဲ့မေးခွန်းကို တန်းဟတ်က “ ကျွန်တော်တို့ဟာ ဒီရာသီအတွက် ရော်နယ်ဒိုနဲ့အတူ စီစဉ်နေပါတယ်။ ဒါပါပဲ။ သူနဲ့အလုပ်လုပ်ဖို့ ကျွန်တော်မျှော်လင့်နေပါတယ်။ သတင်းတွေကို ကျွန်တော်ဖတ်ရပါတယ်။ ဒါပေမဲ့ […]

ချဲလ်ဆီးကို ရော်နယ်ဒို ရောက်လာတော့မယ်လို့ တူချယ် အရိပ်ပြတာများလား

July 11, 2022 Ko Thar Gyi 0

အင်စတာဂရမ်မှာပျံ့နှံ့နေတဲ့ ဗွီဒီယိုမှတ်တမ်းတစ်ခုအရ ချဲလ်ဆီးကို ရော်နယ်ဒိုရောက်တော့မလားဆိုတာ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။ ချဲလ်ဆီးနည်းပြတူချယ်ကို ပရိသတ်တစ်ယောက်က အမှတ်တရလက်မှတ်ထိုးခိုင်းရင်း ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာပါ။ “ ကျွန်တော်တို့ ရော်နယ်ဒိုကို ခေါ်နိုင်မှာလား ” လို့ ပရိသတ်ကမေးခဲ့ပါတယ်။ ဒီတော့ တူချယ်က မိန့်မိန့်ကြီးပြုံးပြီး “ မင်းကို ငါ မပြောဘူး ” […]

ဝါရှင်တန်မှာ ဘုန်းမောင့်တစ်ကိုယ်တည်းဖြစ်နေရတဲ့ ဝိန်းရွန်နေး

July 11, 2022 Ko Thar Gyi 0

ဝိန်းရွန်နေးဟာ ဒီစီယူနိုက်တက်နဲ့ တရားဝင်ဆွေးနွေးဖို့ တနင်္ဂနွေညက ဝါရှင်တန်ကိုရောက်လာခဲ့ပါတယ်။ မေဂျာလိဂ်ကလပ်ရဲ့နည်းပြသစ်အဖြစ် သဘောတူလိုက်ပြီဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာပေါ့။ တနည်းအားဖြင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၁၈ ကနေ ၂၀၁၉ အထိကစားခဲ့ဖူးတဲ့အသင်းဟောင်းကို နည်းပြအဖြစ်ပြန်ရောက်လာတော့မှာပါ။ အဲဒီတုန်းကတော့ သူဟာ ဒီစီယူနိုက်တက်အတွက် ၅၂ ပွဲမှာ ၂၅ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Dulles […]

ရွှေအိုရောင်တွေရဲ့နွေရာသီ

July 10, 2022 Ko Thar Gyi 0

ရွှေအိုရောင်တွေရဲ့နွေရာသီလို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဆောင်းပါးတစ်ပုဒ်ရေးလာပါတယ်။ ဒီနွေဈေးကွက်မှာဖြစ်နေတဲ့ ကစားသမားအပြောင်းအရွှေ့တွေအပေါ် သုံးသပ်ထားတာပါ။ ဈေးကွက်အတွင်း အဓိကအပြောင်းအရွှေ့တွေနဲ့ ပစ်မှတ်တွေက အသက် ၃၀ ကျော်ကစားသမားတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေကိုခေါ်ယူဖို့အတွက် ဥရောပအသင်းတွေဟာ သံသယတွေနဲ့အတူ အကဲဖြတ်သုံးသပ်နေကြရပြန်ပါတယ်။ တန်းဖိုးက ဘယ်လောက်လဲ၊ ပြန်ရောင်းလို့ရော ရပါ့မလား၊ […]