ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုက ရွှေဘောလုံးဆုနဲ့လွဲခဲ့တဲ့ ဘန်ဇီမာအတွက်လား ..

August 12, 2022 Ko Thar Gyi 0

ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီအတွက် ဆန်ကာတင် ၃ ဦးကတော့ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာ၊ ဂိုးသမားကော်တိုရစ်နဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့နည်းစနစ်ပိုင်းဆိုင်ရာစိစစ်ရေးအဖွဲ့နဲ့ ဥရောပအားကစားမီဒီယာဂျာနယ်လစ်တွေဟာ ပဏာမ ၁၅ ဦးစာရင်းကို အရင်ဆုံးရွေးချယ်ခဲ့တာပါ။ ဆာလက်၊ လီဝမ်ဒေါစကီး၊ အမ်ဘာပီ၊ ဗင်နီစီးယက်စ် […]

ဗြမ္မာ့ဦးခေါင်းဖြစ်နေတဲ့ ရော်နယ်ဒိုကို ပွဲထွက်ခွင့် ပေးမပေးဆိုတာ တန်းဟတ် အဖြေပေးပြီ

August 12, 2022 Ko Thar Gyi 0

ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်မှာ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးမလားဆိုတဲ့မေးခွန်းကို မန်ယူနည်းပြတန်းဟတ်က အဖြေပေးလိုက်ပါပြီ။ ချန်ပီယံလိဂ်ကစားချင်တာကတစ်ဖက် သံယောဇဉ်တွေနဲ့ဆွဲထားတဲ့ မန်ယူကတစ်ဖက် ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ဝေဖန်ရေးလှိုင်းတံပိုးတွေအောက်မှာ အနာဂတ်ပျောက်နေရပါတယ်။ ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးပြီး သရဲနီတွေ မဟာအရှက်တော်ကွဲထားတာကြောင့် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ညိုမြလုပ်နေတဲ့ ပေါ်တူဂီသားကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပထမကစားသမားစာရင်းထဲထည့်သင့်တယ်ဆိုတဲ့ မန်ယူပရိသတ်တွေလည်း ရှိနေပါတယ်။ နယ်သာလန်သားနည်းပြကတော့ […]

ရှက်အားပိုနေခဲ့တဲ့ မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေ အချစ်တော်တိုးခဲ့ရပြန်

August 12, 2022 Ko Thar Gyi 0

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုကလစ်တစ်ခုကြောင့် ပီအက်စ်ဂျီပရိသတ်တွေဟာ သူတို့ရဲ့အသည်းကျော်မက်ဆီကို အချစ်တွေပိုတိုးလာခဲ့ကြတယ်လို့ သိရပါတယ်။ နန့်တက်စ်ကို ၄-၀ ဂိုးနဲ့အနိုင်ယူပြီး ပါရီကလပ်ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲမှာပါ။ အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့သလို အဖွင့်ဂိုးလည်းသွင်းပေးခဲ့ပါတယ်။ ပွဲကစားနေချိန်အတွင်းမှာ ထောင့်ကန်ဘောကန်ဖို့ရောက်လာတဲ့ မက်ဆီကို ကွင်းထဲပရိသတ်တွေထောင်နဲ့ချီပြီး နာမည်ကိုရုတ်တရက် ထအော်ခဲ့ကြတာပါ။ သိမ့်သိမ့်တုန်သွားလောက်တဲ့အသံကြီးကြောင့် မက်ဆီလည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့ရပါတယ်။ ပြီးတော့ […]

ရှာကီရာနဲ့ လမ်းခွဲခဲ့တဲ့ ပီကေး အချစ်ရဲ့ကျောင်းသူလေးနဲ့ တွေ့သွားပြီ

August 12, 2022 Ko Thar Gyi 0

ဘာစီလိုနာဝါရင့်နောက်ခံလူပီကေးဟာ ပေါ့ပ်အဆိုကျော်ရှာကီရာနေရာမှာ အစားထိုးဖို့ အချစ်သစ်ရှာတွေ့သွားပြီလို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ ဒေးဗစ်ဘက်ခမ်းနဲ့ဗစ်တိုးရီးယားတို့လို ဘောလုံးလောကမှာ အားကျလောက်စရာစုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက တရားဝင်လမ်းခွဲခဲ့ကြတာပါ။ ၁၂ နှစ်ကြာလက်တွဲခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု ဘာကြောင့်အဆုံးသတ်ခဲ့ရတာလဲဆိုတာ နှစ်ဖက်လုံးက ဖြေရှင်းချက်မပေးသလို မီလန်နဲ့ဆာရှာဆိုတဲ့ ရင်သွေးနှစ်ဦးအတွက် အုပ်ထိန်းသူဖြစ်ခွင့်ဟာလည်း မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ […]

မန်ယူပရိသတ်တွေရဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လူသူမရှိဗလာနတ္တိ လှုပ်ရှားမှု

August 11, 2022 Ko Thar Gyi 0

မန်ယူပရိသတ်တွေကတော့ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ဆန့်ကျင်မှုတွေဆက်တိုက် လုပ်လာပါတယ်။ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကွင်းပြင်ပမှာ အမေရိကန်သူဌေးတွေကို ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။ အခုလည်း EmptyOldTrafford ဆိုတဲ့ လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ပရိသတ်မရှိရေးကမ့်ပိန်းရဲ့ဦးတည်ရာကတော့ လီဗာပူးလ်နဲ့ကစားမယ့် အိမ်ကွင်းပွဲစဉ်ပါပဲ။ သရဲနီတွေဟာ ဒီရာသီ ပထမဆုံးအနီရောင်ဒါဘီအဖြစ် အခါးသီးဆုံးပြိုင်ဘက်ကြီး လီဗာပူးလ်ကို သြဂုတ်လ […]

ခရစ္စတန်ဆန်ကတော့ အင်စတာဂရမ်ပရိုဖိုင်မှာ ချဲလ်ဆီးအင်္ကျီနဲ့ပုံအဟောင်း ပြန်ပြောင်းလိုက်ပြီ

August 11, 2022 Ko Thar Gyi 0

ဘာစီလိုနာမှာ ကစားသမားသစ်အဖြစ် မှတ်ပုံတင်ဖို့အခက်အခဲဖြစ်နေတဲ့ နောက်ခံလူခရစ္စတန်ဆန်ဟာ ချဲလ်ဆီးကိုပြန်ရောက်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာသွားခဲ့တဲ့ ဒိန်းမတ်သားဟာ ကက်တာလန်ကလပ်ရဲ့ဘဏ္ဍာရေးအရှုပ်အထွေးမှာ ဆားညပ်နေရပါတယ်။ ငွေစာရင်းအမှားတွေနဲ့ လိမ်လည်တင်လာတယ်လို့ ယူဆထားတဲ့ လာလီဂါဟာ ဘာစီလိုနာကို သူတို့ရဲ့ကစားသမားသစ်တွေအပြင် စာချုပ်သက်တမ်းတိုးထားတဲ့ ကစားသမားနှစ်ယောက်ကိုပါ မှတ်ပုံတင်ခွင့်ပိတ်ပင်ထားလို့ပါ။ ဘာစီလိုနာဥက္ကဌလာပေါ်တာက သူတို့အသင်းရဲ့ကစားသမား ၇ ယောက်လုံးကို […]

မန်ယူကို ဂျင်းထည့်ချင်နေတဲ့ ရာဘီယော့မိခင်ကြောင့် အပြောင်းအရွှေ့ ပျက်ဖို့ရှိနေ

August 11, 2022 Ko Thar Gyi 0

ဒီနွေဈေးကွက်မှာ ကစားသမားသစ်ဝယ်ယူတာနဲ့ပတ်သက်ပြီး အခက်အခဲအမျိုးမျိုးတွေ့နေရတဲ့ မန်ယူဟာ ရာဘီယော့ရဲ့အပြောင်းအရွှေ့အတွက်လည်း ခေါင်းစားနေရပါပြီ။ ဒီကွင်းလယ်လူကို ပေါင် ၁၅.၂ သန်းနဲ့ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနဲ့ သဘောတူညီမှုရပြီးသားပါ။ မန်ယူနည်းပြတန်းဟတ်ကလည်း သူ့အသင်းမှာ တစ်နေရာရစေမယ်လို့ ရာဘီယော့ဆီ ဖုန်းဆက်ပြီး အာမခံထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုမှာတော့ ပြဿနာတက်နေတယ်လို့ အီတလီအားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Sportmediaset က […]

ဘီယာဈေးလျှော့မပေးရင် ကွင်းပိုင်ရှင်တွေကို တရားစွဲမယ်လို့ ဝက်စ်ဟမ်း ခြိမ်းခြောက်

August 11, 2022 Ko Thar Gyi 0

ဝက်စ်ဟမ်းအသင်းကတော့ လာမယ့်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ဘီယာဈေးတွေလျှော့မပေးရင် သူတို့ရဲ့ London Stadium ကွင်းပိုင်ရှင်တွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ မန်စီးတီးနဲ့ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် ဈေးအသက်သာဆုံး ဘီယာတစ်ပိုင့်ကို ပေါင် ၇.၃၀နဲ့ ရောင်းချခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဒေါသထွက်နေတာပါ။ ဒါဟာ အိမ်နီးချင်းစပါးကွင်းမှာ ရောင်းချနေတဲ့နှုန်းထက် ပေါင် ၂.၁၁ လောက် ဈေးကြီးနေတာဖြစ်ပါတယ်။ ဒါကြောင့် […]

ကိုယ့်ကိုယ်ကိုယ်အားပေးတာလား အသင်းဖော်တွေကို အားပေးလိုက်တာလား ရော်နယ်ဒို

August 11, 2022 Ko Thar Gyi 0

တွစ်တာမှာ ရော်နယ်ဒိုတင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် မန်ယူပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်နေကြပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေနဲ့ပဲ ပရိသတ်တွေကို ဆက်သွယ်လာခဲ့ပါတယ်။ တွစ်တာ ဒါမှမဟုတ် အင်စတာဂရမ်မှာ ပို့စ်တွေတင်ပြီး သူ့ခံစားချက်ကို လှစ်ဟပြတတ်တာပါ။ မှတ်မှတ်ရရ သူနောက်ဆုံးတင်ခဲ့တာက အားကစားလေ့ကျင့်နေပုံနဲ့ Ready လို့ Caption ရေးထားတဲ့ပို့စ်ပါ။ ဘရိုက်တန်နဲ့ပွဲအတွက် သူအဆင်သင့်ဖြစ်နေပြီဆိုတာ […]

ရမ်ဆေးရဲ့ဂိုးကျိန်စာမှာ ကြွေလွင့်သွားခဲ့ရပြန်တဲ့ ဂန္ထဝင်အနုပညာရှင် အိုလီဗီယာ နယူတန်ဂျွန်

August 11, 2022 Ko Thar Gyi 0

ရမ်ဆေးရဲ့ဂိုးတွေကတော့ အစဉ်အလာအတိုင်း ကျိန်စာမိနေဆဲပါ။ ဝေးလ်ကြယ်ပွင့် ဂိုးသွင်းပြီးရင် ကမ္ဘာကျော်တွေ ဒါမှမဟုတ် ဆယ်လီတွေထဲက တစ်ယောက်ယောက် ဆုံးပါးသွားတတ်ပါတယ်။ တိုက်ဆိုင်မှုဖြစ်ပေမယ့် ကြောက်စရာကောင်းပြီး အံ့အားသင့်စရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပါ။ ၂၀၀၉ ခုနှစ်လောက်ကစတင်ခဲ့တဲ့ ရမ်ဆေးရဲ့ဂိုးကျိန်စာမှာ အိုစမာဘင်လာဒင်၊ ဂဒါဖီ၊ စတိဗ်ဂျော့၊ ဝှိုက်တနေးဟောက်စတန်နဲ့ ရော်ဂျာမိုးတို့လို နာမည်ကြီးတွေ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားခဲ့ကြဖူးပါတယ်။ […]