ဂိုးသမားမာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုတွေနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဂျင်တီးနား

December 9, 2022 Naing Lin 0

ရှေ့က ဘရာဇီးလ်-ခရိုအေးရှား ကွာတားပွဲလိုပဲ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ရဲ့ ပွဲကလည်း ပယ်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ပြီး အာဂျင်တီးနားအသင်းက (၄-၃)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပွဲချိန်(၃၅)မိနစ်မှာ မိုလီနာ၊ (၇၃)မိနစ်မှာ မက်ဆီရဲ့ ပယ်နယ်တီဂိုးနဲ့ (၂-ဝ)ဂိုးပြတ် ဦးဆောင်ခဲ့ပေမယ့် နယ်သာလန်အသင်းရဲ့ အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကြောင့် မယုံနိုင်လောက်အောင်ပဲ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။ (၇၈)မိနစ်မှာ ဒီပိုင်းအစား […]

၁၉၉၈ = တတိယ၊ ၂၀၁၈ = ဒုတိယ၊ ၂၀၂၂ = ??? . . ခရိုအေးရှား . .

December 9, 2022 Naing Lin 0

၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ ခရိုအေးရှားအသင်းဟာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အောင်မြင်မှုအများဆုံး ဘရာဇီးလ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။ ဒီပွဲမှာ မိနစ်(၉၀)ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် အချိန်ပို မိနစ်(၃၀) ဆက်ကစားခဲ့ရပြီး အချိန်ပို ပထမပိုင်းပြီးခါနီးမှာ အဓိကတိုက်စစ်ကစားသမား နေမာက ကွင်းလယ်လူ ပါကွယ်တာနဲ့ One Two ရိုက်ပြီးတော့ […]

ဂိုးသမား လီဗာကိုဗစ်ရှ်ရဲ့ မှော်ဝင်လက်စွမ်းတွေကြောင့် ဘရာဇီးလ်အသင်း ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့ရ

December 9, 2022 Naing Lin 0

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုကတက်တိုင်း မထင်မှတ်တာတွေကို လုပ်ပြလေ့ရှိတဲ့ ခရိုအေးရှားအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်ကို အခု ကွာတားဖိုင်နယ်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဖြုတ်ချပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါပြီ။ ဒီပွဲမှာ ခရိုအေးရှားအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တာက ဂိုးသမားလီဗာကိုဗစ်ရှ်ပါပဲ။ ဘရာဇီးလ်တစ်သင်းလုံးကို သူ တစ်ယောက်တည်းနဲ့ ရင်ဆိုင်သွားတယ်လို့ လွန်လွန်ကျူးကျူး ချီးကျူးရလောက်တဲ့အထိ လီဗာကိုဗစ်ရှ်ဟာ […]

အင်္ဂလန်လူစာရင်းကနေ ဘန်ဝှိုက် နုတ်ထွက်ရတဲ့အကြောင်းရင်း အမှန်

December 9, 2022 Naing Lin 0

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဘန်ဝှိုက်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း လက်ရွေးစင်အသင်းလူစာရင်းကနေ ရုတ်တရက်နုတ်ထွက်ခဲ့ရတဲ့ အကြောင်းရင်းမှန် ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်က ကိုယ်ရေးကိုယ်တာကိစ္စအကြောင်းပြချက်နဲ့ အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး အသင်းရဲ့ အုပ်စုပွဲစဉ်(၃)ပွဲစလုံးကို လွဲချော်ခဲ့တယ်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(FA)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခု ဗြိတိန်နာမည်ကျော်သတင်းစာ Daily […]

ပြင်သစ်နဲ့ပွဲမှာ ဘာပေကို ဝေါလ်ကာက အိတ်ကပ်ထဲထည့်ထားသလို ခပ်လွယ်လွယ် ထိန်းချုပ်ပြလိမ့်မယ်

December 9, 2022 Naing Lin 0

ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ပြင်သစ်နဲ့ကစားမယ့် ကွာတားဖိုင်နယ် ပွဲကျရင် အင်္ဂလန်အသင်းနောက်ခံလူ ဝေါလ်ကာဟာ ပြင်သစ်နာမည်ကျော် ကစားသမား ဘာပေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသလို အသာလေး ထိန်းချုပ်ပြသွားမှာဖြစ်တယ်လို့ အားပေးအားမြှောက်ပြုလုပ်ခဲ့ပါတယ်။ နာမည်ကြီး အင်္ဂလန်အသင်းဟာ မနက်ဖြန်မှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ပွဲအဖြစ် လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး […]

ကမ္ဘာ့ဖလားကွာတားရောက် အသင်းတွေထဲမှာ မန်ချက်စတာမြို့ခံနှစ်သင်းက,ကစားသမားအများစု ပါဝင်နေ

December 9, 2022 Naing Lin 0

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်ရောက်ရှိသွားတဲ့ လက်ရွေးစင် (၈)သင်းထဲမှာ မန်ချက်စတာမြို့ခံနှစ်သင်းက,ကစားသမား အများစု ပါဝင်နေကြပါတယ်။ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို နယ်သာလန်-အာဂျင်တီးနား၊ ခရိုအေးရှား-ဘရာဇီးလ်၊ အင်္ဂလန်-ပြင်သစ်၊ မော်ရိုကို-ပေါ်တူဂီတို့ တက်ရောက်ခဲ့ကြပြီး အဲဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးကစားသမား (၁၁)ဦးစီ ပါဝင်နေပါတယ်။ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်၊ အန်တိုနီ၊ ကတ်စ်မဲရိုး (ဘရာဇီးလ်)၊ […]

မော်ရိုကိုအသင်းကို ယုံယုံကြည်ကြည်နဲ့ ပုံအောခဲ့လို့ သန်းကြွယ်သူဌေးဘဝရောက်သွားတဲ့ မူလတန်းကျောင်းဆရာ

December 9, 2022 Naing Lin 0

အမေရိကန်နိုင်ငံ ကျောင်းဆရာတစ်ဦးဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲကို မော်ရိုကိုအသင်း တက်ရောက်ခွင့်ရရှိမယ်လို့ လောင်းကြေးထပ်ခဲ့ပြီးတဲ့နောက် နေ့ချင်းညချင်းဆိုသလို ချက်ချင်းပဲ သန်းကြွယ်သူဌေးဘဝကို ရောက်သွားပါတယ်။ ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ကမ္ဘာ့ဖလားချန်ပီယံဟောင်း စပိန်နဲ့ အာဖရိကမှာ သာမန်အလယ်အလတ်အဆင့်သာရှိတဲ့ မော်ရိုကိုတို့ ဆုံတွေ့ခဲ့ပြီး မော်ရိုကိုအသင်းဟာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ မထင်မှတ်ဘဲအနိုင်ရခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ […]

လူငယ်ကြယ်ပွင့် ဂါနာချိုကို လက်ရှိလစာထက် (၁၀)ဆအထိ တိုးမြှင့်ပေးပြီး စာချုပ်သက်တမ်းတိုးမယ့် ယူနိုက်တက်

December 9, 2022 Naing Lin 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုနဲ့ စာချုပ် သက်တမ်းတိုးမယ့် ကိစ္စဆွေးနွေးမှု အခြေအနေ တိုးတက်လာတဲ့အတွက် ကျေနပ် ဝမ်းမြောက်နေပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားလူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်မှာ ဂါနာချိုဟာ တစ်ပတ်ကို […]

အေစီမီလန်ရဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့်ကို ယူနိုက်တက် ခေါ်ယူနိုင်တော့မယ် . . .

December 9, 2022 Naing Lin 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီတောင်ပံတိုက်စစ် ကစားသမား ရာဖေးလီယိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ရာဖေးလီယိုဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွှဲနေပြီး ဂါနာကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ အုပ်စု အဖွင့်ပွဲတုန်းက လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့သလို ဆွစ်ဇာလန်နဲ့ ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ […]

ကမ္ဘာ့ဖလားသမိုင်းမှာ စံချိန်မှတ်တမ်းကောင်းတစ်ခု ရယူခဲ့တဲ့ ပေါ်တူဂီဝါရင့်နောက်ခံလူ ပီပီ

December 7, 2022 Naing Lin 0

ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူ ပီပီဟာ ဆွစ်ဇာလန်ကို (၆-၁)ဂိုးနဲ့အနိုင်ရတဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန်(၃၃) မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ ပီပီက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အသက်(၃၉)နှစ်၊ (၂၈၃)ရက်နဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့် ပွဲစဉ်တစ်ပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်အတွင်း […]