Attention အရှာကောင်းလို့ နောက်ထပ် အဓိကပွဲတော်တစ်ခု တက်ရောက်ခွင့် ပိတ်ပင်ခံရတဲ့ Salt Bae

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အလိုက်ကမ်းဆိုးမသိဘဲ Attention ရှာခဲ့တဲ့

နာမည်ကျော် Chef တစ်ဦးဖြစ်သူ Salt Bae ဟာ အဓိကပွဲတော်တစ်ခု တက်ရောက်ခွင့်
ထပ်ပြီးအပိတ်ခံလိုက်ရပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ Salt Bae က မက်ဆီအပါအဝင် အာဂျင်တီးနားကစားသမား
တချို့နဲ့ အတင်းလိုက်ပြီးတော့ ဓာတ်ပုံအရိုက်ခံခဲ့သလို ကမ္ဘာ့ဖလားချန်ပီယံဆုကို
ပွေ့ဖက်နမ်းရှုပ်တာ၊ ချန်ပီယံဆုတံဆိပ်ကို ပါးစပ်နဲ့ကိုက်ပြတာတွေလည်း လုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆုဆိုတာက ချန်ပီယံကစားသမားတွေ၊ ချန်ပီယံဟောင်းတွေနဲ့
အကြီးအကဲတာဝန်ရှိသူတွေသာ ကိုင်တွယ်ခွင့်ပြုထားတာကြောင့် Salt Bae ရဲ့ လုပ်ရပ်အပေါ်
ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်အတွက် ဖီဖာက
နောက်ပိုင်းမှာ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး Salt Bae ဟာ ကွင်းထဲဝင်လာခွင့် မရှိဘူးလို့

ဖော်ပြခဲ့ပါတယ်။

ဒီလို ဝေဖန်သံတွေပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံရဲ့ အထင်ကရ ပြိုင်ပွဲတစ်ခုဖြစ်တဲ့

၂၀၂၃ US Open Cup ဘောလုံးပြိုင်ပွဲမှာ Salt Bae ကို ပွဲတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီလို့
ပြိုင်ပွဲတာဝန်ရှိသူတွေက မကြာသေးခင်က အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့အပြင်
ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ဂီတပွဲတော်ဖြစ်တဲ့ Rolling Loud music festival ကိုလည်း
Salt Bae တက်ရောက်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

လာမယ့်နှစ်၊ မတ်လ(၃)ရက်ကနေ (၅)ရက်အတွင်း အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊
နယ်သာလန်၊ ရိုမေးနီးယား၊ ပေါ်တူဂီစတဲ့ နိုင်ငံတွေမှာ ကျင်းပပြုလုပ်မယ့် Rolling Loud
music festival ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး hip hop ဂီတပွဲတော်ကြီးတစ်ခုဖြစ်ပြီး

Salt Bae အနေနဲ့ ပွဲတက်ဖို့ရှိ၊ မရှိ မသေချာသေးပေမယ့် အဲဒီပွဲတာဝန်ရှိသူတွေကတော့
Salt Bae ကို ပွဲတက်ခွင့် ကြိုတင်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အလိုက္ကမ္းဆိုးမသိဘဲ Attention ရွာခဲ့တဲ့
နာမည္ေက်ာ္ Chef တစ္ဦးျဖစ္သူ Salt Bae ဟာ အဓိကပြဲေတာ္တစ္ခု တက္ေရာက္ခြင့္
ထပ္ၿပီးအပိတ္ခံလိုက္ရပါတယ္။

ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ Salt Bae က မက္ဆီအပါအဝင္ အာဂ်င္တီးနားကစားသမား
တခ်ိဳ႕နဲ႔ အတင္းလိုက္ၿပီးေတာ့ ဓာတ္ပုံအ႐ိုက္ခံခဲ့သလို ကမာၻ႔ဖလားခ်န္ပီယံဆုကို
ေပြ႕ဖက္နမ္းရႈပ္တာ၊ ခ်န္ပီယံဆုတံဆိပ္ကို ပါးစပ္နဲ႔ကိုက္ျပတာေတြလည္း လုပ္ခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံဆုဆိုတာက ခ်န္ပီယံကစားသမားေတြ၊ ခ်န္ပီယံေဟာင္းေတြနဲ႔
အႀကီးအကဲတာဝန္ရွိသူေတြသာ ကိုင္တြယ္ခြင့္ျပဳထားတာေၾကာင့္ Salt Bae ရဲ႕ လုပ္ရပ္အေပၚ
ပရိသတ္ေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကပါတယ္။ အဲဒီအျဖစ္အပ်က္အတြက္ ဖီဖာက

ေနာက္ပိုင္းမွာ ေၾကညာခ်က္တစ္ခုထုတ္ျပန္ခဲ့ၿပီး Salt Bae ဟာ ကြင္းထဲဝင္လာခြင့္ မရွိဘူးလို႔
ေဖာ္ျပခဲ့ပါတယ္။

ဒီလို ေဝဖန္သံေတြေပၚထြက္ခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံရဲ႕ အထင္ကရ ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့
၂၀၂၃ US Open Cup ေဘာလုံးၿပိဳင္ပြဲမွာ Salt Bae ကို ပြဲတက္ေရာက္ခြင့္ ပိတ္ပင္လိုက္ၿပီလို႔
ၿပိဳင္ပြဲတာဝန္ရွိသူေတြက မၾကာေသးခင္က အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္
ကမာၻေပၚမွာ အထင္ရွားဆုံး ဂီတပြဲေတာ္ျဖစ္တဲ့ Rolling Loud music festival ကိုလည္း
Salt Bae တက္ေရာက္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။

လာမယ့္ႏွစ္၊ မတ္လ(၃)ရက္ကေန (၅)ရက္အတြင္း အေမရိကန္၊ ၾသစေၾတးလ်၊ ကေနဒါ၊
နယ္သာလန္၊ ႐ိုေမးနီးယား၊ ေပၚတူဂီစတဲ့ ႏိုင္ငံေတြမွာ က်င္းပျပဳလုပ္မယ့္ Rolling Loud

music festival ဟာ ကမာၻေပၚမွာ အႀကီးမားဆုံး hip hop ဂီတပြဲေတာ္ႀကီးတစ္ခုျဖစ္ၿပီး
Salt Bae အေနနဲ႔ ပြဲတက္ဖို႔ရွိ၊ မရွိ မေသခ်ာေသးေပမယ့္ အဲဒီပြဲတာဝန္ရွိသူေတြကေတာ့
Salt Bae ကို ပြဲတက္ခြင့္ ႀကိဳတင္ပိတ္ပင္လိုက္တာျဖစ္ပါတယ္။