Al Wehda နဲ့ဆုံတွေ့မယ့်ပွဲမှာ စီရော်နယ်လ်ဒို ခြေစွမ်းပြပြီး ဂိုးသွင်းနိုင်ဦးမလား . .

ဆော်ဒီထိပ်သီး အယ်လ်နာဆာအသင်းဟာ လိဂ်ပွဲစဉ်အဖြစ် ဒီည

မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ကျရင် Al Wehda နဲ့
အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နာမည်ကျော်
ကစားသမား စီရော်နယ်လ်ဒို (၂)ပွဲဆက်တိုက် ဂိုးသွင်းနိုင်မလားဆိုတာ
စောင့်ကြည့်ရမှာပါ။

အခု ဖေဖော်ဝါရီလ(၅)ရက်က အသက်(၃၈)နှစ်ပြည့်ခဲ့တဲ့
စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို မြင့်မားတဲ့လစာငွေနဲ့
ပြောင်းရွှေ့ခဲ့ပေမယ့် လောလောဆယ်အချိန်အထိ ပရိသတ်တွေ

မျှော်လင့်ထားသလောက် ခြေစွမ်းမျိုး မပြသနိုင်သေးဘဲ
အသင်းကလည်း သူ ရောက်လာပြီးမှ ရလဒ်တွေ မတည်မငြိမ်
ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့တုန်းကလည်း ဆော်ဒီလိဂ်ပွဲစဉ်
အဖြစ် Al Fateh အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အယ်လ်နာဆာတို့
(၂-၂)ဂိုးစီသရေကျခဲ့ပေမယ့် စီရော်နယ်လ်ဒိုက အသင်းသစ်အတွက်
ဈေးဦးပေါက်ဂိုးအဖြစ် ပယ်နယ်တီကနေ အရေးပါတဲ့ချေပဂိုး

သွင်းယူခဲ့ပါတယ်။

ဒီနေ့မှာတော့ အယ်လ်နာဆာအသင်းဟာ တန်းဆင်းဇုန်နဲ့ကပ်လျက်၊

အမှတ်ပေးဇယားအဆင့်(၁၃)မှာ ရပ်တည်နေတဲ့ Al Wehda
အသင်းကို အဝေးကွင်းပွဲ ရင်ဆိုင်ရမှာဖြစ်ပြီး စီရော်နယ်လ်ဒိုသာ
အခွင့်အရေးတွေ မလွဲချော်ဘူးဆိုရင် (၂)ပွဲဆက် ဂိုးသွင်းနိုင်ဖို့
အခြေအနေကောင်းနေပါတယ်။

အယ်လ်နာဆာအတွက် နိုင်ပွဲရဖို့ မခက်ပေမယ့် ခြေစွမ်းပြဂိုးတွေ
သွင်းယူနေတဲ့ အဓိကတိုက်စစ်ကစားသမား တယ်လစ္စကာ ပွဲပယ်
ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်မှာဖြစ်လို့ တိုက်စစ်ပိုင်း အားနည်းချက်

ဖြစ်လာနိုင်ပါတယ်။

[Zawgyi]

ေဆာ္ဒီထိပ္သီး အယ္လ္နာဆာအသင္းဟာ လိဂ္ပြဲစဥ္အျဖစ္ ဒီည

ျမန္မာစံေတာ္ခ်ိန္(၁၂:၀၀)နာရီအခ်ိန္က်ရင္ Al Wehda နဲ႔
အေဝးကြင္းပြဲ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီး နာမည္ေက်ာ္
ကစားသမား စီေရာ္နယ္လ္ဒို (၂)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္မလားဆိုတာ
ေစာင့္ၾကည့္ရမွာပါ။

အခု ေဖေဖာ္ဝါရီလ(၅)ရက္က အသက္(၃၈)ႏွစ္ျပည့္ခဲ့တဲ့
စီေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္းကို ျမင့္မားတဲ့လစာေငြနဲ႔
ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ေလာေလာဆယ္အခ်ိန္အထိ ပရိသတ္ေတြ

ေမွ်ာ္လင့္ထားသေလာက္ ေျခစြမ္းမ်ိဳး မျပသႏိုင္ေသးဘဲ
အသင္းကလည္း သူ ေရာက္လာၿပီးမွ ရလဒ္ေတြ မတည္မၿငိမ္
ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္ ေသာၾကာေန႔တုန္းကလည္း ေဆာ္ဒီလိဂ္ပြဲစဥ္
အျဖစ္ Al Fateh အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အယ္လ္နာဆာတို႔
(၂-၂)ဂိုးစီသေရက်ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုက အသင္းသစ္အတြက္
ေဈးဦးေပါက္ဂိုးအျဖစ္ ပယ္နယ္တီကေန အေရးပါတဲ့ေခ်ပဂိုး

သြင္းယူခဲ့ပါတယ္။

ဒီေန႔မွာေတာ့ အယ္လ္နာဆာအသင္းဟာ တန္းဆင္းဇုန္နဲ႔ကပ္လ်က္၊

အမွတ္ေပးဇယားအဆင့္(၁၃)မွာ ရပ္တည္ေနတဲ့ Al Wehda
အသင္းကို အေဝးကြင္းပြဲ ရင္ဆိုင္ရမွာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုသာ
အခြင့္အေရးေတြ မလြဲေခ်ာ္ဘူးဆိုရင္ (၂)ပြဲဆက္ ဂိုးသြင္းႏိုင္ဖို႔
အေျခအေနေကာင္းေနပါတယ္။

အယ္လ္နာဆာအတြက္ ႏိုင္ပြဲရဖို႔ မခက္ေပမယ့္ ေျခစြမ္းျပဂိုးေတြ
သြင္းယူေနတဲ့ အဓိကတိုက္စစ္ကစားသမား တယ္လစၥကာ ပြဲပယ္
ျပစ္ဒဏ္ေၾကာင့္ အခုပြဲကို လြဲေခ်ာ္မွာျဖစ္လို႔ တိုက္စစ္ပိုင္း အားနည္းခ်က္

ျဖစ္လာႏိုင္ပါတယ္။