မထီမဲ့မြင်နဲ့ ပခုံးတွန့်ပြလို့ ရော်နယ်ဒိုကို တန်းဟတ် လူစားလဲပြီး ပညာပေးခဲ့တာလား ..

July 31, 2022 Ko Thar Gyi 0

ဗယ်လီကာနိုနဲ့ပွဲဟာ မန်ယူရဲ့ရာသီကြို နောက်ဆုံးခြေစမ်းပွဲဖြစ်သလို ကိုယ့်ပရိသတ်တွေ ရှေ့မှောက်မှာကစားတဲ့ ပထမဆုံးအိမ်ကွင်းပွဲစဉ်ပါ။ ရော်နယ်ဒိုပြန်ကစားတဲ့ ပထမဆုံးပွဲဖြစ်နေတာကြောင့်လည်း မန်ယူပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။ တနည်းအားဖြင့် သရဲနီပရိသတ်တွေဟာ အသင်းကထွက်ချင်နေတဲ့ သူတို့တိုက်စစ်မှူးကို နှုတ်ဆက်သံတွေနဲ့ အားပေးစည်းရုံးခဲ့ကြပါတယ်။ ဒါပေမဲ့ လှောင်သံတစ်ချို့ကြားခဲ့ရသလို ကွင်းထဲကအနေအထားကလည်း သူတို့အတွက် ပျော်စရာမဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် water break ပေးချိန်မှာ […]

ပွဲမပြီးခင် ပြန်ကြွသွားတဲ့ ဘုရင်ကြီးရော်နယ်ဒိုကို မန်ယူပရိသတ်တွေ တင်းပြီလေ

July 31, 2022 Ko Thar Gyi 0

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် သူ့ရဲ့ရာသီကြိုပထမဆုံးပွဲစဉ်အဖြစ် ဗယ်လီကာနိုနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဒိုင်ရယ်လိုနဲ့လူစားလဲခံရတဲ့နောက် သူ အနားမယူခဲ့ပါဘူး။ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ ပြန်သွားခဲ့တာပါ။ @CantonaManc ဆိုတဲ့ တွစ်တာပရိသတ်တစ်ယောက်က ဒါကို မှတ်တမ်းတင်လိုက်နိုင်ပါတယ်။ တနည်းအားဖြင့် ပွဲသိမ်းခရာမမှုတ်ခင် အိပ်မက်ကဇာတ်ခုံကနေ အသာလစ်သွားခဲ့တဲ့ရော်နယ်ဒို လူမိသွားခဲ့တာပါ။ အဲဒီပရိသတ်ကပဲ “ နောက်ဆုံးခရာသံကိုတောင် မစောင့်တော့ပါဘူး […]

ဒဲလ်ပီယာရိုနဲ့ ဒီမာရီယာတို့ရဲ့ လော့စ်အိန်ဂျယ်လိစ်လေ့ကျင့်ကွင်းက ဖရီးကစ် စိန်ခေါ်ပွဲ

July 31, 2022 Ko Thar Gyi 0

ဂျူဗင်တပ်ဂန္ထဝင်တိုက်စစ်မှူး ဒဲလ်ပီယာရိုဟာ မြက်ခင်းစိမ်းတွေပေါ်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီအတွက် တိုက်ပွဲဝင်မယ့် အသင်းဟောင်းကို အကူအညီပေးခဲ့တာပါ။ အထူးသဖြင့် လာမယ့်ရာသီမှာ အိုးလ်လေဒီတွေရဲ့ဖရီးကစ်တွေကို ဒိုင်ခံကန်သွင်းမယ့်သူဖြစ်လာနိုင်တဲ့ ဒီမာရီယာအတွက် အသုံးဝင်မယ့်လေ့ကျင့်ရေးတွေ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ၂၀၀၆ ကမ္ဘာ့ဖလားဆုရှင်ဟာ ဂျူဗင်တပ်အတွက် ၁၉၉၃ ကနေ ၂၀၁၂ အထိ ကစားပေးခဲ့ပြီး […]

ပီအက်စ်ဂျီရဲ့Super PSG 2.0 ပရောဂျက်ကြောင့် ကမ္ဘာ့ဖလားကိုတောင် မက်ဆီ မေ့ထားတယ်

July 31, 2022 Ko Thar Gyi 0

မက်ဆီဟာ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘ၀ ဒုတိယရာသီကို စတင်တော့မှာပါ။ လက်ရှိအချိန်မှာ ပါရီအခြေစိုက်အသင်းအကြောင်းကလွဲပြီး တခြားဘာကိုမှ သူ စိတ်မဝင်စားဘူးလို့ ပီအက်စ်ဂျီနဲ့နီးစပ်တဲ့အသိုင်းအဝန်းက သတင်းတွေအပေါ်အခြေခံပြီး Marca သတင်းစာက ဖေါ်ပြလာပါတယ်။ အထူးသဖြင့် လီဂူးချန်ပီယံရဲ့ Super PSG 2.0 ပရောဂျက်ကြောင့်လို့လည်း ရေးသားထားပါတယ်။ ပီအက်စ်ဂျီဟာ သူတို့ရဲ့ပရောဂျက်ကို အစ္စရေးမှာ နန့်တက်စ်နဲ့ […]

အနာဟောင်းပြန်ဆွတဲ့ပရိသတ်ကို အူနိုင်းအမ်မရီ မဖွယ်မရာတုံ့ပြန်ခဲ့

July 31, 2022 Ko Thar Gyi 0

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီဟာ ဆောက်သမ်တန်နဲ့ခြေစမ်းပွဲကစားဖို့ စိန့်မေရီကိုရောက်ရှိလာခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းအတွက် မိုင်ပီနို၊ မိုရီနိုတို့က ဂိုးတွေသွင်းပေးခဲ့ကြပြီး ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲပြီးတဲ့နောက်မှာတော့ ထုံးစံအတိုင်း ပရိသတ်တွေနဲ့ အမှတ်တရဓါတ်ပုံရိုက်တာ၊ လက်မှတ်ထိုးပေးတာတွေ အမ်မရီ လုပ်ပေးခဲ့ပါတယ်။ ဒီအချိန်မှာ ပရိသတ်တစ်ယောက်က “Good ebening လို့ ပြောပေးလို့ရမလား ” […]

ဂွါဒီယိုလာတို့လူစု ကွန်မြူနတီငွေတံဆိပ် မယူခဲ့ဘူးဆိုတဲ့သတင်းကြောင့် ဝေဖန်ခံနေရ

July 31, 2022 Ko Thar Gyi 0

ပရီးမီးယားလိဂ် ရာသီအဖွင့်ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့နောက် မန်စီးတီးအသင်းဟာ ငွေတံဆိပ်ဆု တက်မယူခဲ့ဘူးလို့ သိရပါတယ်။ ITV Sport က ဒီအကြောင်း ဖေါ်ပြခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းဟာ စင်ပေါ်တက်ပြီး ငွေတံဆိပ်ယူရေးထက် ချန်ပီယံလီဗာပူးလ်ကို လက်ခုပ်တီးဂုဏ်ပြုရေးနဲ့ ကွင်းထဲကမြန်မြန်ထွက်နိုင်ဖို့သာ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ ဒါကလည်း ကြိုးကြာနီတွေ ချန်ပီယံဒိုင်းကိုကိုင်မြှောက်အောင်ပွဲခံနေချိန်မှာ မန်စီးတီးအသင်းသားတွေထံမှာ […]

ဆီဗီလာကို ဂိုးဒါဇင်ဝက်သွင်းပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တဲ့ အာဆင်နယ်

July 30, 2022 Ko Thar Gyi 0

အမ်းမရိတ်စ်ဖလားပွဲမှာ ဆီဗီလာကို ၆-၀ ဂိုးနဲ့အနိုင်ယူပြီး အာဆင်နယ်ဟာ သူတို့လာပြီဆိုတဲ့အကြောင်း ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ရှင်းရှင်းလင်းလင်း အသိပေးလိုက်ပါတယ်။ အာတီတာရဲ့အသင်းဟာ ပွဲစလို့ ၁၀ မိနစ်မှာတင် အဖွင့်ဂိုးရခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ဂန်းနားတွေအတွက် အရေးပါခဲ့တဲ့ဆာကာက အေးဆေးပဲကန်သွင်းပြီး ပွဲကိုအသာစီးရယူနိုင်ခဲ့ပါတယ်။ ထူးခြားတာက အသင်းခေါင်းအသစ်စက်စက်လေး အိုဒီဂတ် လှမ်းမပေးလိုက်တာကို ဆာကာပြေးလိုက်ရင်း ရီကစ်တွန်းတာကြောင့် […]

မန်ယူဝတ်စုံနဲ့ မာတီနက်ဇ် တစ်ကြိမ်ပေါ်လာတိုင်း ပေါင် ၅၆၀၀၀ ရမယ့် အေဂျက်ဇ်

July 30, 2022 Ko Thar Gyi 0

မန်ချက်စတာယူနိုက်တက်ဟာ သူတို့ကစားသမားသစ် လီဆန်ဒရိုမာတီနက်ဇ် ပွဲထွက်ကစားတိုင်း အေဂျက်ဇ်ကို အပိုဆုကြေး ပေါင် ၅၆၀၀၀ ပေးချေရမယ်လို့ သိရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး လအတန်ကြာထင်ကြေးပေးခံခဲ့ရတဲ့နောက် မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ အသင်းဖော်သစ်တွေနဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဗဟိုနောက်ခံလူကို ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းအပြင် အပိုဆုကြေး […]

မန်ယူနည်းပြဘ၀ ပထမဆုံးရှုံးပွဲအရသာကို မြည်းစမ်းခွင့်ရသွားတဲ့ တန်းဟတ်

July 30, 2022 Ko Thar Gyi 0

မန်ချက်စတာယူနိုက်တက်ကိုရောက်လာတဲ့နောက် ခြေစမ်းပွဲရလဒ်ကောင်းတွေနဲ့ သရဲနီပရိသတ်တွေကိုပျော်ရွှင်စေခဲ့တဲ့ နည်းပြသစ်တန်းဟတ်မှာ နော်ဝေမှာကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ဂျာအိုဖိလစ်ရဲ့နောက်ကျဂိုးဟာ တန်းဟတ်ရဲ့မန်ယူနည်းပြဘ၀ ပထမဆုံးရှုံးနိမ့်မှုကို ဖန်တီးသွားခဲ့တာပါ။ တစ်ပွဲလုံးအနေအထားအရ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့တာက မန်ယူဖြစ်ပေမယ့် လူစားဝင်ကစားသမား ဂျာအိုဖိလစ်ရဲ့ကန်ချက်ကိုတော့ ဒီဂီယာ မတားဆီးနိုင်ခဲ့ပါဘူး။ သရဲနီတွေ လူတစ်ယောက်လျော့တာကလည်း ပွဲပြီးကာနီးမှဖြစ်ပြီး ဖရက်ဒ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ […]

လီဗာပူးလ်နဲ့ပွဲမှာ ဘောလုံး ၈ ကြိမ်သာထိတာကြောင့် ဟာလန်းကို မန်စီးတီးပရိသတ်တွေ အထင်သေးသွားကြ

July 30, 2022 Ko Thar Gyi 0

မန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းဟာ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဘောလုံး ၈ ကြိမ်သာထိခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ ဒီလအစောပိုင်းမှာ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးကိုရောက်လာသူဖြစ်ပြီး မိုးပြာရောင်အသင်းကို ဦးဆောင်မယ့်သူလို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ဆဲလ်ဘတ်နဲ့ ဒေါ့တ်မန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ဟာလန်းဟာ […]