ဒိုလေးရဲ့ နာမည်ကျော် SIUUU အောင်ပွဲခံပုံစံကြောင့် ဘူဂေးလ်ရီးယားကစားသမား အနီကတ်ထိ

March 30, 2022 author wyne 0

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေရှားနဲ့ဘူဂေးလ်ရီးယား တို့ရဲ့ ခြေစမ်းပွဲစဉ်မှာတော့ ဘူဂေးလ်ရီးယားကစားသမား ဒက်ပိုဒေါ့ဗ် ဟာ အသင်းအတွက်ဂိုးသွင်းယူပေးပြီးနောက် စီရော်နယ်ဒိုရဲ့နာမည်ကျော် အောင်ပွဲခံမှုပုံစံနဲ့ အောင်ပွဲခံခဲ့တာကြောင့် အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ တောင်ပံကစားသမားဟာခရိုအေးရှားကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ ဘူဂေးလ်ရီးယားအတွက်ဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ဘူဂေးလ်ရီးယားကစားသမား ဒက်ပိုဒေါ့ဗ်အနေနဲ့ ပွဲချိန် ၆၄ မိနစ်မှာ ပထမအကြိမ် အဝါကတ် ထိထားခဲ့တာဖြစ်ပြီး […]

ကပ္ပတိန်အဖြစ်နဲ့ နှလုံးရပ်တန့်ခဲ့ရာကွင်းထဲကို ပြန်ရောက်လာကာ သွင်းဂိုးသွင်းယူခဲ့တဲ့ အဲရစ်ဆင်

March 30, 2022 author wyne 0

ယူရို ၂၀၂၀ တုန်းက ကွင်းတွင်းနှလုံးရပ်တန့်မှုဖြစ်ပွားခဲ့ရာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တော်က ပါ့ခ်ကန်ကွင်းကြီးကို အဲရစ်ဆင်ဟာ ဒိန်းမတ်နိုင်ငံ အသင်းရဲ့ကပ္ပတိန်အဖြစ်နဲ့ ယမန်နေ့ကတကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပါ့ခ်ကန်ကွင်းကို ပြန်လည်ခြေချတဲ့အခါမှာတော့ ပြန်လည်ကြိုဆိုပါတယ် အဲရစ်ဆင်ဆိုတဲ့ နဖူးစည်းစာတန်းဘန်နာတွေနဲ့အတူ ဒိန်းမတ်ဖန်တွေသာမက ဆာဘီးယား ပရိသတ်တွေကပါ သူ့ကိုသောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။ ကပ္ပတိန်အဲရစ်ဆင်က အသင်းကိုဦးဆောင်ပြီးခြေစွမ်းပြရုံသာမက ဝမ်းဒါးဂိုးတစ်ဂိုးကိုပါသွင်းယူခဲ့တာပါ။ ဆာဘီးယားနဲ့ပွဲမှာ […]

” ဘယ်သူဂိုးသွင်းသွင်း ပွဲစဉ်တိုင်းကို အနိုင်ရဖို့က အရေးအကြီးဆုံးပါပဲ ” ဘရူနို

March 30, 2022 author wyne 0

မနေ့တုန်းက ပေါ်တူဂီအသင်းက မြောက်မက်ဆီဒိုးနီးယားကို ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့နောက် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ၅ကြိမ်ဆက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားပါပြီ။ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုး ၂ဂိုးနဲ့အတူ အနိုင်ရခဲ့တဲ့ပေါ်တူဂီအသင်းဟာ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ အရေးကြီးတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က အသင်းအနိုင်ရဖို့အတွက်ကသာ အရေးအကြီးဆုံးဖြစ်ပြီး ဘယ်သူက ဂိုးသွင်းတယ်ဆိုတာက အရေးကြီးတဲ့အချက် […]

” ပင်နယ်တီကန်သွင်းရတဲ့ ခံစားချက်က စိတ်ထဲအလေးလံဆုံးပါပဲ ” လီဝန်ဒေါစကီး

March 30, 2022 author wyne 0

မနေ့က ပိုလန်နဲ့ဆွီဒင် ပွဲမှာ လီဝန်ဒေါစကီး ၅၀ မိနစ်(ပင်နယ်တီ)၊ ဇီလင်စကီး ၇၂ မိနစ်တို့ရဲ့သွင်းဂိုးတွေကြောင့် ပိုလန်ဟာ ၂ ဂိုး ဂိုးမရှိနဲ့ ဆွီဒင်ကို ကျော်ဖြတ်ပြီး ကာတာကို ခြေချခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်က ဆွီဒင်မှာလည်း ကစားသမားကောင်းတွေပါဝင်ခဲ့ပေမယ့် ရှုံးပွဲကြုံသွားခဲ့တာကြောင့် နတ်ဘုရားကြီး ဇလာတန်တစ်ယောက် ကမ္ဘာ့ဖလားကစားခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ […]

UEFA နဲ့ FIFA ရဲ့ ပိတ်ပင်တားဆီးမှုကြောင့် ရု-ရှားတို့ အာရှကိုပြောင်းလဲကစားမယ်

March 30, 2022 author wyne 0

ယူကရိန်းနိုင်ငံထဲ ရုရှားဘက်က ကျူးကျော်ဝင်ရောက်မှုကြောင့် ရုရှားကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းတို့ ကစားခွင့်ပိတ်ပင်ခံခဲ့ရပြီးနောက် ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပကနေ အာရှကို ပြောင်းလဲကစားဖို့ ပြင်ဆင်နေပါတယ်။ ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့က ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရုရှားလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲကစားခွင့် ပိတ်ပင်တားမြစ်လိုက်တာဖြစ်ပါတယ်။ ရုရှားကလပ်တွေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ […]

၂၀၂၂ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရဖို့ နောက်ဆုံး ၅ နေရာသာ ကျန်

March 30, 2022 author wyne 0

ပြီးခဲ့အင်္ဂါညခြေစစ်ပွဲတွေအပြီးမှာ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင် အသင်း ၇ သင်းထပ်မံပေါ်ထွက်လာပါတယ်။ သူတို့တွေက ဥရောပဇုန်က ၂ သင်းနဲ့ အာဖရိကဇုန်က ၅ သင်းတို့ဖြစ်ကာ ပေါ်တူဂီ၊ ပိုလန်၊ ဂါနာ၊ ဆီနီဂေါ၊ မော်ရိုကို၊ တူနီးရှားနဲ့ ကင်မရွန်းတို့ပါ။ ဒါကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အသင်းအရေအတွက်ဟာ အိမ်ရှင်ကာတာအပါအဝင် […]

ပေါ်တူဂီကို ကမ္ဘာ့ဖလားဆီ ပို့ပေးခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ စီရော်နယ်ဒို

March 30, 2022 author wyne 0

ဖာနန်ဒက်စ်နဲ့စီရော်နယ်ဒိုတို့ဟာ ဒီရာသီမန်ယူမှာ ပုံမှန်စွမ်းဆောင်နိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နိုင်ငံအသင်းပေါ်တူဂီကိုတော့ ကမ္ဘာ့ဖလားဆီ အတူပေါင်းစပ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားနဲ့ ဥရောပဇုန် ခြေစစ်ပွဲ play-off ဗိုလ်လုပွဲမှာ ပေါ်တူဂီရခဲ့တဲ့ ၂ ဂိုးစလုံးကို ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာပါ။ ဒါကြောင့် ဖာနန်ဒက်စ်တစ်ယောက် သူရဲကောင်းဖြစ်ခဲ့တဲ့ပွဲလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီရခဲ့တဲ့ ပထမဂိုးဟာလည်း မန်ယူအသင်းဖော်နှစ်ယောက်ရဲ့တွဲလုံးကနေ […]

” အနာဂတ်မှာ ဘာပေဟာ သူ့အရည်အချင်းနဲ့ ရွှေဘောလုံးများစွာကို ပိုင်ဆိုင်နိုင်ပါတယ် “

March 29, 2022 author wyne 0

ဘော်လွန်းဒီအော် သုံးဆုပိုင်ရှင် ပလာတီနီကတော့ ပီအက်စ်ဂျီကစားသမား ဘာပေဟာ ရွှေဘောလုံးဆုကို များစွာပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ ဘာပေဟာ မိုနာကိုမှာ ၂၀၁၆-၁၇ တုန်းက ဖလားရတဲ့ထိ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အဲဒီကစားသမားဟာ ပီအက်စ်ဂျီအသင်းရဲ့ ၃၇ ပွဲမှာ ၂၆ ဂိုးသွင်း ပြီး ၁၇ […]

” play-off ရှုံးပွဲအပြီး ၄၈ နာရီ ကာလဟာ တကယ်ခံစားရခက်ခဲ့ပါတယ် … ဒါက ရူးလောက်စရာပါပဲ ” ဘိုနူချီ

March 29, 2022 author wyne 0

အီတလီလက်ရွေးစင် အသင်းရဲ့ ဝါရင့် နောက်ခံကစားသမား ဘိုနူချီက (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတဲ့အပေါ် မချိတင်ကဲ ဖြစ်နေပါတယ်။ အီတလီဟာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ ဒုတိယသာရခဲ့တာကြောင့် ပလေးအော့ဖ် ကစားခဲ့ရပါတယ်။ ပလေးအော့ဖ် အိမ်ကွင်းပွဲမှာ အီတလီတို့ မထင်မှတ်ဘဲ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့တာကြောင့် ကာတာကမ္ဘာ့ဖလားနဲ့ […]

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားစစ်ခင်းပြီး စနောက်နေကြတဲ့ ဝိန်းရွန်းနီနဲ့ ရီယိုဖာဒီနန်

March 29, 2022 author wyne 0

ဝိန်းရွန်းနီဟာ စနေနေ့က မန်ချက်စတာမှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲအစီအစဉ်မှာ ရီယိုဖာဒီနန်အပါအဝင် မန်ချက်စတာကစားဖော်ဟောင်း အတော်များများနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။ အဲ့သည့်အချိန်မှာ ရွန်းနီကလည်း ဘီယာသောက်ထားတာ အရှိန်ကောင်းနေပြီး နှုတ်ရွှင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ယူနိုက်တက်မှာ ဆယ်နှစ်ကြာ တွဲကစားခဲ့တဲ့ ဖာဒီနန်နှင့်ပတ်သက်ပြီးရွန်းနီက “ရီယိုဟာ ထိပ်တန်း ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူကမာနကြီးတယ်ဗျ။ သူနဲ့ယူနိုက်တက်မှာကစားစဉ်တုန်းက အမြဲလိုလိုအငြင်းအခုန်ဖြစ်ခဲ့ရကြောင်းဆိုခဲ့ပြီး […]