အသင်းဝက်ဘ်ဆိုက်က ဂရင်းဝုဒ် Profile ကြောင့် ပွက်လောရိုက်နေတဲ့ ယူနိုက်တက်ပရိသတ်တွေ . . .

March 31, 2022 author wyne 0

ကလပ်က တိုက်စစ်မှုးဂရင်းဝုဒ်ရဲ့အခြေအနေဟာ အပြောင်းအလဲမရှိကြောင်း မန်ယူဘက်က ရှင်းလိုက်ပါတယ်။ မန်ယူကလပ်ဝက်ဘ်ဆိုဒ်က လူစာရင်းမှာ ဂရင်းဝုဒ်ကို ပြန်တွေ့ခဲ့ရပြီးနောက် သူဟာ အသင်းမှာ ပြန်ပါတော့မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ဆိုရှယ်မီဒီယာထက်မှာ ရှိလာခဲ့တာပါ။ ၂၁ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ အမျိုးသမီးငယ်တစ်ယောက်ကို မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုစွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ အဲဒီနောက် သူဟာ […]

ပရိသတ်အရေအတွက်စံချိန်တင်ခဲ့တဲ့ပွဲမှာ ရီးယဲလ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘာစီလိုနာအမျိုးသမီးအသင်း

March 31, 2022 author wyne 0

မနေ့က အမျိုးသမီးချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ နူးကမ့်ကွင်းမှာအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး အဲဒီပွဲကို ပရိသတ်(၉၁,၅၅၃)လာရောက်ကြည့်ရှုခဲ့လို့ အမျိုးသမီးဘောလုံးပွဲတွေထဲမှာ ပရိသတ်အရေအတွက်အများဆုံးပွဲအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၁၉၉၉ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲဖြစ်တဲ့ အမေရိကန်နဲ့တရုတ်အသင်းတို့ကစားခဲ့တဲ့ပွဲက စုစုပေါင်းပရိသတ်(၉၀,၁၉၅)ကို ကျော်ဖြတ်ခဲ့သလို စပိန်အမျိုးသမီးဘောလုံးပွဲမှာ ပရိသတ်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အက်သလက်တီကို-ဘာစီလိုနာ(၂၀၁၉)ပွဲက ပရိသတ်အရေအတွက်(၆၀,၇၃၉)ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဒီပွဲအတွက် စုစုပေါင်းလက်မှတ်စောင်ရေ […]

ပီအက်စ်ဗွီနည်းပြသစ်ဖြစ်လာတဲ့ နစ္စတယ်ရွိုင်း

March 31, 2022 author wyne 0

ပီအက်စ်ဗွီအသင်းဟာ အသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို လာမယ့်ရာသီအတွက်နည်းပြသစ်အဖြစ် တရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ ပီအက်စ်ဗွီရဲ့ ယူ-၁၉ အသင်းကို နည်းပြခဲ့တာဖြစ်ပြီး ဒီနှစ်ရာသီအစမှာတော့ အရန်အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အသက်(၄၅)နှစ် အရွယ်ရှိပြီဖြစ်သူ နစ္စတယ်ရွိုင်းဟာ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲဝင် […]

အီဂျစ်လက်ရွေးစင်ဘဝကနေ အနားယူဖို့နီးစပ်နေတဲ့ ဆာလာ

March 31, 2022 author wyne 0

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆီနီဂေါကို ရှုံးနိမ့်ပြီးနောက် အသင်းဖော်တွေကိုအဝတ်လဲခန်းထဲမှာ စကားပြောခဲ့ရာမှာ နှုတ်ဆက်သလိုစကားလုံးတွေပါဝင်ခဲ့လို့ လက်ရွေးစင်အသင်းကိုကျောခိုင်းဖို့နီးစပ်လာပြီလို့ ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အာဖရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆီနီဂေါနဲ့အဝေးကွင်းကစားခဲ့ရာမှာ အီဂျစ်ဟာ ၁-၀ နဲ့ရှုံးခဲ့ပြီး နှစ်ပွဲပေါင်းရလဒ် ၁-၁ ဖြစ်နေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဆာလာပင်နယ်တီလွဲမှုနဲ့အတူ အီဂျစ်ဟာလည်း ကမ္ဘာ့ဖလားကျင်းပမယ့် ကာတာ ကိုသွားရောက်ခွင့်လက်မှတ်ဆုံးရှုံးလိုက်ရပါတယ်။ […]

” ကြံ့ခိုင်မှုအပြည့်နဲ့ နိုင်ငံအတွက် အကျိုးပြုနိုင်ဦးမယ်ဆိုရင် ကျွန်တော်ဆက်ကစားနေဦးမှာပါ ” အီဘရာဟီမိုဗစ်

March 30, 2022 author wyne 0

ဆွီဒင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီးအီဘရာဟီမိုဗစ်ဟာ သူ့အသင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ပေမယ့် လက်ရွေးစင် ကစားသမားဘဝကနေ အနားယူဖို့မရှိသေးဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဆွီဒင်အသင်းဟာ အင်္ဂါနေ့က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play off ပွဲအဖြစ် ပိုလန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လီဝန်ဒေါစကီး၊ ဇီလင်စကီးတို့ရဲ့ဂိုးတွေကြောင့် (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့မှတ်တမ်းပိုင်ဆိုင်ခဲ့ရပါတယ်။ အဲဒီပွဲမှာ အီဘရာဟီမိုဗစ်ဟာ […]

စိန်ခေါ်မှုတစ်ခုဆိုတာထက်ပိုစေချင်လို့ ပြိုင်ဘက်ကစားသမားကို မထုတ်ဖို့တောင်းဆိုခဲ့တဲ့ ဂရီလစ်ရှ်

March 30, 2022 author wyne 0

အိုင်ဗရီကို့စ်နဲ့ခြေစမ်းပွဲမှာ ၁၁ ယောက်ချင်းကန်ချင်တာကြောင့် ပြိုင်ဘက် နောက်ခံလူအော်ရီယာကို အနီကတ်မပြဖို့ ဒိုင်ကို တောင်းဆိုခဲ့ကြောင်း အင်္ဂလန်ကြယ်ပွင့်ဂရီယာလစ်ရှ်က ဖွင့်ဟလိုက်ပါတယ်။ အင်္ဂလန်ဟာ အင်္ဂါညက ကစားခဲ့တဲ့ ဝင်ဘလေကွင်းက ခြေစမ်းပွဲမှာ အိုင်ဗရီကို့စ်ကို ၃ ဂိုးပြတ်နဲ့ သက်သောင့်သက်သာ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ အဲဒီလိုအလွယ်တကူနိုင်ခဲ့တာကလည်း ပထမပိုင်းမှာကတည်းက တစ်ယောက်အသာနဲ့ ကစားခဲ့ရလို့ […]

ချဲလ်ဆီးကနေ နှုတ်ဆက်ထွက်ခွာတော့မယ့် ဗာနာ

March 30, 2022 author wyne 0

ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ တိုက်စစ် ကစားသမားဗာနာဟာ လာမယ့်နွေရာသီကျရင်အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီလို့ ဂျာမန်မီဒီယာတွေကဖော်ပြနေကြပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာနာဟာ ၂၀၂၀၊ ဇွန်လက လိုက်ပ်ဇစ်အသင်းကနေ ပေါင်(၅၃)သန်းနဲ့ ချယ်လ်ဆီးအသင်းဆီရောက်ရှိခဲ့ပြီး အခုအချိန်အထိ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးပါဘူး။ ဗာနာရဲ့စာချုပ်က ၂၀၂၅ ခုနှစ်အထိ သက်တမ်း ကျန်ရှိနေပေမယ့် သူနဲ့အေးဂျင့်ဖြစ်သူတို့ဟာ လာမယ့်နွေရာသီကျရင် ချယ်လ်ဆီးအသင်းကနေထွက်ခွာဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ […]

ဘိုင်စကယ်ကစ်နဲ့ ဂိုးသွင်းယူပြီး မက်ဆီရဲ့စံချိန်ကို ကျော်တက်သွားတဲ့ ဆွာရက်ဇ်

March 30, 2022 author wyne 0

ချီလီနဲ့ နောက်ဆုံးပွဲမှာ ဘိုင်စကယ်ကစ်နဲ့ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဆွာရက်ဇ်ဟာ မက်ဆီကိုကျော်တက်ပြီး တောင်အမေရိကဇုန်ခြေစစ်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပါတယ်။ ဆွာရက်ဇ်ရဲ့ဥရုဂွေးအသင်းဟာ ခြေစစ်ပွဲအောင်ပြီးသားဖြစ်ပေမယ့် ချီလီနဲ့ပွဲမှာ ၂-၀ နဲ့အနိုင်ရအောင် ကစားခဲ့တာပါ။ အဲဒီပွဲမှာ သူဟာ ဥရုဂွေးအတွက် ပထမဂိုးကို နောက်ပြန်ကန်ချက်နဲ့ သွင်းခဲ့တာ ဖြစ်ပါတယ်။ သူတို့နဲ့ တစ်ချိန်တည်းကစားတဲ့ အာဂျင်တီးနားရဲ့ပွဲစဉ်မှာတော့ […]

ကနေဒါအသင်းရဲ့ ကံကောင်းစေတဲ့ လပ်ကီးဓား

March 30, 2022 author wyne 0

ကနေဒါအသင်းဟာ ၁၉၈၆ နောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးတဲ့နောက် နည်းပြဂျွန်ဟက်ဒ်မန်းက သူတို့အသင်းရဲ့အဆောင်လိုဖြစ်နေတဲ့ ခြေစစ်ပွဲကစားတိုင်းယူသွားတဲ့ ဓားအကြောင်းကိုထုတ်ပြောသွားပါတယ်။ ကနေဒါအသင်းဟာ ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲမှာ အမေရိကန်နဲ့ မက္ကဆီ တို့လိုအသင်းတွေကို ကျော်ပြီး အုပ်စုထိပ်ဆုံးမှာရပ်တည်ကာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာခြေစစ်ပွဲကစားတဲ့ပွဲတိုင်းကို ဓားတစ်လက်ယူဆောင်သွားလေ့ရှိပြီး ဒီဓားမှာ ကာတာ ၂၀၂၂(Qatar 2022) လို့ရေးထိုးထားတာပါ။ […]

၂၀၂၆ အထိ ဆက်ကစားဦးမယ့် ခရစ္စတီယာနို ရော်နယ်ဒို

March 30, 2022 author wyne 0

ပေါ်တူဂီလက်ရွေးစင်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက လာမယ့် ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားက သူ့ကစားသမားဘဝမှာနောက်ဆုံးဖြစ်လိမ့်မယ်လို့ ဆိုနေကြတာတွေကို ပယ်ချလိုက်ပြီး ၂၀၂၆ ပြိုင်ပွဲအထိဆက်ကစားချင်တာလို့ ပြောလိုက်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်ရောက်ရင် စီရော်နယ်ဒိုဟာအသက် ၄၁ နှစ်ရှိနေမှာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားကို ဖာနန်ဒက်စ်ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲ့အနိုင်ရပြီး ခြေစစ်ပွဲအောင်သွားခဲ့လို့ […]