Xiaomi ဟာ လာမယ့် မတ်လ 4 ရက်နေ့မှာ Redmi Note 10 ကို မိတ်ဆက်သွားပါမယ်။ ဒီဖုန်းကို ထွက်ဖို့ရက် အနည်းငယ်ဘဲ လိုတော့ပေမယ့် ဖုန်းနဲ့ပတ်သက်ပြီး ဆက်လက်ပေါက်ကြားမှုများ ဖြစ်နေပါတယ်။ ယနေ့မှာ Redmi Note 10 ရဲ့ မျက်နှာပြင်ဒီဇိုင်း၊ အားသွင်းမှုအပိုင်းနှင့် Chispet တို့ကို သိခွင့်ရရှိလာပါတယ်။
Redmi Note 10 ကို Qualcomm Snapdragon 678 နှင့် ပါဝါထောက်ပံ့လာပါမယ်။ 11nm LLP Chipset ဖြစ်ပါတယ်။ 2.2GHz CPU ပါဝင်ပါတယ်။ ဘက်ထရီ 5000 mAh ပါဝင်ပါမယ်။
ဘက်ထရီပိုင်း များပြားသလို 33W Fast Charging နှင့်လည်း အားသွင်းနိုင်ပါမယ်။ Pro မှာ ယင်းထက်မြင့်တဲ့ Fast Charging ပါဝင်နိုင်ပါတယ်။
Redmi Note 10 မှာ 6.43 လက်မ Super AMOLED ရုပ်ထွက် သုံးလာမှာဖြစ်ပြီး Punch-Hole ပါဝင်ပါမယ်။ စတီရီယို စပီကာ 2 လုံး ပါဝင်ပါမယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————
(Zawgyi Version)
Xiaomi Redmi Note 10 ရဲ့ ဒီဇိုင်းကို သိရပြီဖြစ်ပြီး Snapdragon 678 Chipset သုံးလာမည်