Nubia Technology ရဲ့ ဂိမ်းအသားပေး အမှတ်တံဆိပ် Red Magic ဟာ လာမယ့် မတ်လ 4 ရက်နေ့မှာ ဂိမ်းစမတ်ဖုန်းသစ်အဖြစ် RedMagic 6 ကို မိတ်ဆက်သွားပါမယ်။ မိတ်ဆက်ပွဲ မတိုင်မီ nubia ဟာ Red Magic မှာ အသုံးပြုလာမယ့် စနစ်များကို အတည်ပြုလျက် ရှိနေပါတယ်။

ယနေ့မှာ nubia က Red Magic 6 မှာ 160Hz Refresh Rate ပါဝင်မယ့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ ဆိုသွားပါတယ်။ ဒါ့အပြင် Red Magic 6 မှာ 500Hz Touch Sampling Rate လည်း ထောက်ပံ့လာပါဦးမယ်။

Red Magic 6 က ဂိမ်းစမတ်ဖုန်းဖြစ်ပြီး သေနတ်ပစ်ခတ်တဲ့ ဂိမ်းများအတွက် Shoulder Buttons လည်း ပါဝင်ပါမယ်။ ယင်းခလုတ်များကလည်း 400Hz Touch Sampling Rate ထောက်ပံ့လာပါမယ်။ ဂိမ်းတာရှည် ကစားမှုကြောင့် ဖုန်းပူမှု မဖြစ်လာအောင် Air and Liquid Cooling System လည်း ပါဝင်ပါမယ်။

ဒီဖုန်းမှာ အခြား Android အဆင့်မြင့် ဖုန်းများမှာလို Snapdragon 888 SoC ၊ LPDDR5 RAM ၊ UFS 3.1 Storage တို့ ပါဝင်လာပါမယ်။ ဘက်ထရီ 4500 mAh ပါဝင်မှာဖြစ်ပြီး 120W ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Red Magic 6 တြင္ 500Hz Touch Sampling Rate ပါဝင္မည္

Nubia Technology ရဲ႕ ဂိမ္းအသားေပး အမွတ္တံဆိပ္ Red Magic ဟာ လာမယ့္ မတ္လ 4 ရက္ေန႔မွာ ဂိမ္းစမတ္ဖုန္းသစ္အျဖစ္ RedMagic 6 ကို မိတ္ဆက္သြားပါမယ္။ မိတ္ဆက္ပြဲ မတိုင္မီ nubia ဟာ Red Magic မွာ အသုံးျပဳလာမယ့္ စနစ္မ်ားကို အတည္ျပဳလ်က္ ရွိေနပါတယ္။

ယေန႔မွာ nubia က Red Magic 6 မွာ 160Hz Refresh Rate ပါဝင္မယ့္ ကမာၻ႔ပထမဆုံး စမတ္ဖုန္း ျဖစ္လာမယ္လို႔ ဆိုသြားပါတယ္။ ဒါ့အျပင္ Red Magic 6 မွာ 500Hz Touch Sampling Rate လည္း ေထာက္ပံ့လာပါဦးမယ္။

Red Magic 6 က ဂိမ္းစမတ္ဖုန္းျဖစ္ၿပီး ေသနတ္ပစ္ခတ္တဲ့ ဂိမ္းမ်ားအတြက္ Shoulder Buttons လည္း ပါဝင္ပါမယ္။ ယင္းခလုတ္မ်ားကလည္း 400Hz Touch Sampling Rate ေထာက္ပံ့လာပါမယ္။ ဂိမ္းတာရွည္ ကစားမႈေၾကာင့္ ဖုန္းပူမႈ မျဖစ္လာေအာင္ Air and Liquid Cooling System လည္း ပါဝင္ပါမယ္။

ဒီဖုန္းမွာ အျခား Android အဆင့္ျမင့္ ဖုန္းမ်ားမွာလို Snapdragon 888 SoC ၊ LPDDR5 RAM ၊ UFS 3.1 Storage တို႔ ပါဝင္လာပါမယ္။ ဘက္ထရီ 4500 mAh ပါဝင္မွာျဖစ္ၿပီး 120W ျဖင့္ အားသြင္းႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)