မနေ့တုန်းက OPPO Find X3 စီးရီးကို မတ်လ 11 ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ တကယ်တမ်းမှာလည်း OPPO Find X3 စီးရီးကို မတ်လ 11 ရက်နေ့မှာ မိတ်ဆက်လာပါမယ်။ OPPO က Find X3 စီးရီးကို မတ်လ 11 ရက်နေ့မှာ မိတ်ဆက်မယ်လို့ တရားဝင် အတည်ပြု ကြေညာလာပြီ ဖြစ်ပါတယ်။

OPPO Find X3 စီးရီးအဖြစ် Find X3 ၊ Find X3 Pro တို့အပြင် Find X3 Neo နှင့် Find X3 Lite တို့ကိုလည်း မြင်တွေ့ရပါမယ်။ Neo နှင့် Lite တို့က Reno5 Pro+ နှင့် Reno5 5G တို့ကို အမှတ်တံဆိပ်ပြောင်းပြီး ကြေညာရောင်းချလာမယ့် စမတ်ဖုန်းများသာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ပေါက်ကြားထားတဲ့ သတင်းများအရ Find X3 Pro မှာ 6.78 လက်မ OLED QHD+ 120Hz Refresh Rate ရုပ်ထွက် သုံးလာမယ်လို့ သိရပါတယ်။ Find X3 Pro ကို Snapdragon 888 SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး X3 ကို Snapdragon 870 SoC နှင့် အထိုင်ချလာပါမယ်။

Find X3 Pro မှာ ဘက်ထရီ 4500 mAh ပါဝင်ကာ 65W SuperVOOC Fast Charging ၊ 30W AirVOOC Wireless Charging တို့ဖြင့် အားသွင်းနိုင်ပါမယ်။ Sony IMX766 50MP ၊ Sony IMX766 50MP ၊ 13MP Telephoto (2x Optical Zoom) ၊ 3MP Macro (25x Zoom) ကင်မရာတို့ ပါဝင်မယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OPPO Find X3 စီးရီးကို မတ်လ 11 ရက်နေ့တွင် မိတ်ဆက်လာမည်




