OPPO ဟာ A73 ရဲ့ခြေရာကို ဆက်ခံမယ့် စမတ်ဖုန်းအဖြစ် A74 ကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဖုန်းရဲ့ မော်ဒယ်နံပါတ်က CPH2219 ဖြစ်ပါတယ်။ CPH2219 ဟာ FCC ၊ Bureau of India Standards ၊ Eurasian Economic Commission ၊ Wi-Fi Allience တို့မှာ ထောက်ခံချက် ရယူလာပါတယ်။

ယင်းတို့မှာ ထောက်ခံချက် ရယူလာမှုအရ OPPO A74 မှာ သုံးလာမယ့် စနစ်အချို့တို့ကိုလည်း သိခွင့်ရရှိလာပါတယ်။ OPPO A74 မှာ Android 10 အခြေပြု ColorOS 7 ပါဝင်ပါမယ်။ China Quality Certifications မှာ ထောက်ခံချက် ရယူမှုအရ 33W Charging ပါဝင်လာမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ယမန်နှစ်ထွက် A73 မှာ 30W ထည့်သွင်းလာရာကနေ A74 မှာ Charging ပိုင်းကို မြှင့်တင်လာတာလည်း ဖြစ်ပါတယ်။

OPPO ဟာ A74 ကိုလည်း A73 လိုဘဲ 4G နှင့် 5G ဗားရှင်းဆိုပြီး ရောင်းချလာဖို့ ရှိပါတယ်။ 5G ဗားရှင်းရဲ့ မော်ဒယ်နံပါတ်က CPH2197 ဖြစ်နိုင်ပါတယ်။ ယင်းဖုန်းမှာ ဘက်ထရီ 5000 mAh နှင့် 5G ပါဝင်မယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် LTE ဗားရှင်းလို မဟုတ်ဘဲ 5G ဗားရှင်းမှာ Android 11 အခြေပြု ColorOS 11 ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OPPO A74 ထြက္ဖို႔ နီးလာၿပီ

OPPO ဟာ A73 ရဲ႕ေျခရာကို ဆက္ခံမယ့္ စမတ္ဖုန္းအျဖစ္ A74 ကို လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္က CPH2219 ျဖစ္ပါတယ္။ CPH2219 ဟာ FCC ၊ Bureau of India Standards ၊ Eurasian Economic Commission ၊ Wi-Fi Allience တို႔မွာ ေထာက္ခံခ်က္ ရယူလာပါတယ္။

ယင္းတို႔မွာ ေထာက္ခံခ်က္ ရယူလာမႈအရ OPPO A74 မွာ သုံးလာမယ့္ စနစ္အခ်ိဳ႕တို႔ကိုလည္း သိခြင့္ရရွိလာပါတယ္။ OPPO A74 မွာ Android 10 အေျချပဳ ColorOS 7 ပါဝင္ပါမယ္။ China Quality Certifications မွာ ေထာက္ခံခ်က္ ရယူမႈအရ 33W Charging ပါဝင္လာမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

ယမန္ႏွစ္ထြက္ A73 မွာ 30W ထည့္သြင္းလာရာကေန A74 မွာ Charging ပိုင္းကို ျမႇင့္တင္လာတာလည္း ျဖစ္ပါတယ္။

OPPO ဟာ A74 ကိုလည္း A73 လိုဘဲ 4G ႏွင့္ 5G ဗားရွင္းဆိုၿပီး ေရာင္းခ်လာဖို႔ ရွိပါတယ္။ 5G ဗားရွင္းရဲ႕ ေမာ္ဒယ္နံပါတ္က CPH2197 ျဖစ္ႏိုင္ပါတယ္။ ယင္းဖုန္းမွာ ဘက္ထရီ 5000 mAh ႏွင့္ 5G ပါဝင္မယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ LTE ဗားရွင္းလို မဟုတ္ဘဲ 5G ဗားရွင္းမွာ Android 11 အေျချပဳ ColorOS 11 ပါဝင္ပါမယ္။

NetGuide Journal (Every Wednesday)