OnePlus 9 စီးရီးကို မိတ်ဆက်ဖို့ တဖြည်းဖြည်း နီးလာပြီ ဖြစ်ပါတယ်။ OnePlus 9 စီးရီးကို ယခုလ အတွင်းမှာ မိတ်ဆက်လာဖို့ သေချာနေပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ OnePlus 9 စီးရီးကို မတ်လ 23 ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

OnePlus ဟာ OnePlus 9 စီးရီးအဖြစ် OnePlus 9 ၊ OnePlus 9 Pro တို့အပြင် OnePlus 9e ကိုလည်း မိတ်ဆက်လာဖို့ ရှိပါတယ်။

OnePlus 9 Pro မှာ 6.7 လက်မ Fluid AMOLED ရုပ်ထွက်နှင့် 120Hz Refresh Rate တို့ သုံးလာပါမယ်။ Snapdragon 888 SoC ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Storage 128GB ပါဝင်ပါမယ်။

Lite (သို့မဟုတ်) E ဗားရှင်းကို Snapdragon 865 ၊ 1080p 90Hz Refresh Rate ပါဝင်လာမယ်လို့ သတင်းထွက်ထားပါတယ်။

ကျောဘက်ကင်မရာ 64MP ၊ 8MP Ultrawide ကင်မရာတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ 5000 mAh ၊ RAM8GB ၊ Storage 128GB ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OnePlus 9 စီးရီးကို မတ်လ 23 ရက်တွင် မိတ်ဆက်လာမည်ဟု သတင်းထွက်





