ပြီးခဲ့တဲ့ နှစ်တုန်းက Microsoft ဟာ ပထမဆုံး မျက်နှာပြင် 2 ခုပါ စမတ်ဖုန်းအဖြစ် Microsoft Surface Duo ကို ကြေညာရောင်းချခဲ့ပါတယ်။ Microsoft Surface Duo က အကြီးအကျယ် အောင်မြင်မှု မရဘူးဆိုပေမယ့် အတိုင်းအတာတစ်ခုတော့ အောင်မြင်ပါတယ်။ ယခုအခါ Microsoft ဟာ Microsoft Surface Duo ရဲ့ခြေရာကို ဆက်ခံမယ့် Surface Duo 2 ကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Microsoft Surface Duo 2 မှာ 5G ကွန်ရက် ထောက်ပံ့လာမှာဖြစ်ပြီး ပိုကောင်းတဲ့ကင်မရာ ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ Microsoft Surface Duo 2 ရဲ့ ကုတ်အမည်က Zara ဖြစ်ပါတယ်။

Microsoft Surface Duo 2 ရဲ့ ကင်မရာမှာ ပိုကောင်းတဲ့ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် Machine Learing နှင့် AI တို့သုံးလာပါမယ်။

ယမန်နှစ်ထွက် Microsoft Surface Duo မှာ Snapdragon 855 သုံးလာခဲ့ပေမယ့် ယခုနှစ်မှာ ထွက်လာမယ့် Surface Duo 2 မှာတော့ Snapdragon 888 သုံးလာါပမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Microsoft Surface Duo 2 တွင် 5G နှင့် ပိုကောင်းတဲ့ ကင်မရာ ပါဝင်လာမည်




