Apple ဟာ ယခုနှစ်မှာ Device သစ်များစွာ ကြေညာရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ယင်းအထဲမှာ iPad Pro 2021 လည်း ပါဝင်ပါတယ်။ iPad Pro 2021 ကို ယခု မတ်လအတွင်းမှာ မိတ်ဆက်လာဖို့ ရှိပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Apple iPad Pro 2021 ကို Apple A14 Chipset နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ကြောင်း သိရပါတယ်။ Apple ဟာ A14 Chipset ကို iPhone 12 စီးရီးမှာ စတင် အသုံးပြုလာခဲ့တာပါ။ Apple A14 Chipset က 5nm Chipset ဖြစ်ပြီး လက်ရှိ iPad Pro မှာ သုံးထားတဲ့ A12Z Bionic ထက် များစွာ စွမ်းဆောင်ရည် မြင့်မားပါတယ်။

iPad Pro 2021 ဟာ A14 Chipset ကြောင့် M1 နှင့် ပါဝါထောက်ပံ့ထားတဲ့ Apple Mac Devices များလိုဘဲ ပါဝါမြင့်မားလာပါမယ်။

iPad Pro 2021 မှာ လက်ရှိ iPad Pro လိုမျိုး ဒီဇိုင်းဘဲ သုံးလာမယ်ဆိုပေမယ့် ပိုပါးလာမှာဖြစ်ပြီး Mini-LED ရုပ်ထွက် သုံးလာပါမယ်။ ဒါကြောင့် အလင်းပေးမှု အပိုင်းမှာ ပိုမိုကောင်းမွန်လာပါမယ်။

ဒါ့အပြင် iPad Pro 2021 မှာ 5G ထောက်ပံ့လာမှာဖြစ်ပြီး sub-6GHz နှင့် mm Wave ထောက်ပံ့လာပါမယ်။ ကင်မရာစွမ်းဆောင်ရည်ပိုင်းလည်း ပိုမိုကောင်းမွန်လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Apple iPad Pro 2021 ကို A14 Chipset ႏွင့္ ပါဝါေထာက္ပံ့လာမည္

Apple ဟာ ယခုႏွစ္မွာ Device သစ္မ်ားစြာ ေၾကညာေရာင္းခ်ဖို႔ လုပ္ေဆာင္ေနပါတယ္။ ယင္းအထဲမွာ iPad Pro 2021 လည္း ပါဝင္ပါတယ္။ iPad Pro 2021 ကို ယခု မတ္လအတြင္းမွာ မိတ္ဆက္လာဖို႔ ရွိပါတယ္။

ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ Apple iPad Pro 2021 ကို Apple A14 Chipset ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ေၾကာင္း သိရပါတယ္။ Apple ဟာ A14 Chipset ကို iPhone 12 စီးရီးမွာ စတင္ အသုံးျပဳလာခဲ့တာပါ။ Apple A14 Chipset က 5nm Chipset ျဖစ္ၿပီး လက္ရွိ iPad Pro မွာ သုံးထားတဲ့ A12Z Bionic ထက္ မ်ားစြာ စြမ္းေဆာင္ရည္ ျမင့္မားပါတယ္။

iPad Pro 2021 ဟာ A14 Chipset ေၾကာင့္ M1 ႏွင့္ ပါဝါေထာက္ပံ့ထားတဲ့ Apple Mac Devices မ်ားလိုဘဲ ပါဝါျမင့္မားလာပါမယ္။

iPad Pro 2021 မွာ လက္ရွိ iPad Pro လိုမ်ိဳး ဒီဇိုင္းဘဲ သုံးလာမယ္ဆိုေပမယ့္ ပိုပါးလာမွာျဖစ္ၿပီး Mini-LED ႐ုပ္ထြက္ သုံးလာပါမယ္။ ဒါေၾကာင့္ အလင္းေပးမႈ အပိုင္းမွာ ပိုမိုေကာင္းမြန္လာပါမယ္။

ဒါ့အျပင္ iPad Pro 2021 မွာ 5G ေထာက္ပံ့လာမွာျဖစ္ၿပီး sub-6GHz ႏွင့္ mm Wave ေထာက္ပံ့လာပါမယ္။ ကင္မရာစြမ္းေဆာင္ရည္ပိုင္းလည္း ပိုမိုေကာင္းမြန္လာပါမယ္။

NetGuide Journal (Every Wednesday)