Samsung Galaxy Xcover 5 ရဲ့ တရားဝင် ဒီဇိုင်းဓာတ်ပုံ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။ Xcover 5 က Xcover Pro ရဲ့ ခြေရာကို ဆက်ခံမယ့် စမတ်ဖုန်း မဟုတ်ဘဲ 2019 ခုနှစ်ထွက် Xcover 4s ရဲ့ ခြေရာကို ဆက်ခံမယ့် အကြမ်းပတမ်းခံ စမတ်ဖုန်း ဖြစ်ပါတယ်။

Samsung Galaxy Xcover 5 ကို မကြာမီ ကာလအတွင်းမှာ ကြေညာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဒီဖုန်းကို တရားဝင် ကြေညာဖို့ နီးသထက် နီးလာနေပါပြီ။ ယနေ့မှာ Samsung Galaxy Xcover 5 ဟာ Bluetooth SIG မှာ ထောက်ခံချက် ရယူလာပါပြီ။

Bluetooth SIG မှာ ဖော်ပြထားမှုအရ Xcover 5 မှာBlutooth 5.0 ပါဝင်လာပါမယ်။ ဖုန်းရဲ့ မော်ဒယ်နံပါတ်က SM-G525F နှင့် SM-G525_DS ဖြစ်ပါတယ်။ DS က Dual SIM ဗားရှင်း ဖြစ်လာဖို့ ရှိပါတယ်။ အစောပိုင်းတုန်းက Geekbench မှာ ဖော်ပြခဲ့မှုအရ ဒီဖုန်းမှာExynos 850 Chipset ၊ RAM4GB နှင့် Android 11 ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။

Galaxy Xcover 5 မှာ 5.3 လက်မ HD+ LCD ရုပ်ထွက်၊ 64GB Storage ၊ microSD ၊ ဘက်ထရီ 3000 mAh ၊ USB Type C ၊ 15W Fast Charging တို့ ပါဝင်ပါမယ်။

Xcover 5 မှာ ကျောဘက်ကင်မရာ 16MP နှင့် ရှေ့ကင်မရာ 5MP ပါဝင်မှာဖြစ်ပြီး NFC ပါဝင်ပါမယ်။ IP68 နှင့် MIL-STD-810G ထောက်ခံချက် ရရှိလာမှာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ဈေးနှုန်းက ယူရို 300 ဝန်းကျင် ဖြစ်လာနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Samsung Galaxy Xcover 5 စမတ်ဖုန်း ထွက်လာရန် နီးစပ်နေပြီ





