OPPO က ကြေညာလာမယ့် OPPO Find X3 စီးရီးနဲ့ပတ်သက်ပြီး သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေပါတယ်။ ယနေ့မှာ ပေါက်ကြားလာတဲ့ ပိုစတာအရ OPPO Find X3 စီးရီးကို မတ်လ 11 ရက်နေ့မှာ မိတ်ဆက်လာဖို့ ရှိနေပါတယ်။

OPPO ဟာ OPPO Find X3 စီးရီးအဖြစ် Find X3 ၊ Find X3 Pro ၊ Find X3 Lite နှင့် Find X3 Neo တို့ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

အစောပိုင်းက ပေါက်ကြားထားတဲ့ သတင်းများအရ Find X3 ကို Snapdragon 870 နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Find X3 Pro ကို Snapdragon 888 သုံးလာပါမယ်။ Find X3 Pro မှာ Sony IMX766 Sensor 2 လုံး ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် Find X3 Pro မှာ 6.7 လက်မ OLED 1440p+ ရုပ်ထွက်နှင့် 120Hz Refresh Rate ပါဝင်ပါမယ်။ ဘက်ထရီ 4500 mAh ပါဝင်ပြီး 65W Charging နှင့် 30W Wireless Charging ပါဝင်လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OPPO Find X3 ကို လာမယ့် မတ်လ 11 ရက်နေ့မှာ မိတ်ဆက်လာမလား




