ပြီးခဲ့တဲ့နှစ်တုန်းက Motorola ဟာ WearOS သုံးထားတဲ့ Moto 360 စမတ်နာရီကို ကြေညာရောင်းချခဲ့ပါတယ်။ Motorola ဟာ ယခုနှစ်မှာ စမတ်နာရီကို ပိုမိုအားစိုက် ထုတ်လုပ်ရောင်းချလာဖို့ ရှိပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Motorola ဟာ Moto အမှတ်တံဆိပ် စမတ်နာရီ 3 မျိုး ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

Motorola ဟာ ဇွန်လမှာ Moto G စမတ်နာရီကို ကြေညာလာပါမယ်။ Moto G စမတ်နာရီမှာ စက်ဝိုင်းဒီဇိုင်း သုံးလာမှာဖြစ်ပြီး ခလုတ် 2 ခု ပါဝင်ပါမယ်။

ဇူလိုင်လမှာ Moto Watch နှင့် Moto One တို့ကို ကြေညာလာပါမယ်။ ယင်းစမတ်နာရီများမှာ Apple Watch လိုမျိုး ဒီဇိုင်းမျိုး သုံးလာမှာ ဖြစ်ပါတယ်။ အောက်ဘက်မှာ အတွင်းကို ဖောက်မြင်ရတဲ့ဒီဇိုင်း သုံးထားပြီး အားသွင်းကွိုင်ကိုလည်း မြင်တွေ့ရတာ တွေ့ရပါတယ်။

ယင်းစမတ်နာရီများကို Qualcomm Chipset နှင့် ပါဝါထောက်ပံ့လာပါမယ်။ တန်ဖိုးမြင့် Moto Watch မှာ Snapdragon Wear 4100 ၊ RAM1GB နှင့် ပါဝါထောက်ပံ့လာဖို့ရှိပြီး တန်ဖိုးသင့် စမတ်နာရီမှာ Snapdragon 3100 သုံးလာဖို့ ရှိပါတယ်။ 3 မျိုးလုံးမှာ WearOS သုံးလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Motorola စမတ္နာရီသစ္မ်ားအျဖစ္ ယခုႏွစ္ ေႏွာင္းပိုင္းတြင္ Moto G ၊ Watch ႏွင့္ One တို႔ ထြက္လာမည္

ၿပီးခဲ့တဲ့ႏွစ္တုန္းက Motorola ဟာ WearOS သုံးထားတဲ့ Moto 360 စမတ္နာရီကို ေၾကညာေရာင္းခ်ခဲ့ပါတယ္။ Motorola ဟာ ယခုႏွစ္မွာ စမတ္နာရီကို ပိုမိုအားစိုက္ ထုတ္လုပ္ေရာင္းခ်လာဖို႔ ရွိပါတယ္။ ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ Motorola ဟာ Moto အမွတ္တံဆိပ္ စမတ္နာရီ 3 မ်ိဳး ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Motorola ဟာ ဇြန္လမွာ Moto G စမတ္နာရီကို ေၾကညာလာပါမယ္။ Moto G စမတ္နာရီမွာ စက္ဝိုင္းဒီဇိုင္း သုံးလာမွာျဖစ္ၿပီး ခလုတ္ 2 ခု ပါဝင္ပါမယ္။

ဇူလိုင္လမွာ Moto Watch ႏွင့္ Moto One တို႔ကို ေၾကညာလာပါမယ္။ ယင္းစမတ္နာရီမ်ားမွာ Apple Watch လိုမ်ိဳး ဒီဇိုင္းမ်ိဳး သုံးလာမွာ ျဖစ္ပါတယ္။ ေအာက္ဘက္မွာ အတြင္းကို ေဖာက္ျမင္ရတဲ့ဒီဇိုင္း သုံးထားၿပီး အားသြင္းကြိဳင္ကိုလည္း ျမင္ေတြ႕ရတာ ေတြ႕ရပါတယ္။

ယင္းစမတ္နာရီမ်ားကို Qualcomm Chipset ႏွင့္ ပါဝါေထာက္ပံ့လာပါမယ္။ တန္ဖိုးျမင့္ Moto Watch မွာ Snapdragon Wear 4100 ၊ RAM1GB ႏွင့္ ပါဝါေထာက္ပံ့လာဖို႔ရွိၿပီး တန္ဖိုးသင့္ စမတ္နာရီမွာ Snapdragon 3100 သုံးလာဖို႔ ရွိပါတယ္။ 3 မ်ိဳးလုံးမွာ WearOS သုံးလာပါမယ္။

NetGuide Journal (Every Wednesday)