OPPO ဟာ လာမယ့်လမှာ OPPO Find X3 စီးရီးကို မိတ်ဆက်သွားပါမယ်။ ယနေ့မှာ မော်ဒယ်နံပါတ် PEDM00 ကို Master Lu မှာ တင်လာပါတယ်။ OPPO Find X3 ဖြစ်လာပါမယ်။
ယင်းမှာ OPPO Find X3 မှာ အသုံးပြုလာမယ့် အရေးပါတဲ့ စနစ်အချို့တို့ကိုလည်း အတည်ပြု ဖော်ပြထားပါတယ်။ OPPO Find X3 မှာ 3.2GHz CPU ပါ Snapdragon 870 ၊ 8GB RAM ၊ QHD+ ရုပ်ထွက် (3216x1440px) သုံးလာပါမယ်။
Master Lu မှာ OPPO Find X3 ဟာ ရမှတ် 791466 ရရှိတာကြောင့် ကျေနပ်စရာကောင်းတဲ့ အနေအထားမှာတော့ ရှိပါတယ်။ အစောပိုင်း သတင်းများအရ OPPO Find X3 မှာ Android 11 အခြေပြု ColorOS 11.2 ၊ 65W Fast Charging တို့ ပါဝင်ပါမယ်။ ဒီဖုန်းကို RAM12GB/256GB ဗားရှင်းနှင့်လည်း ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OPPO Find X3 တွင် Snapdragon 870 အသုံးပြုလာမည်
