nubia ဟာ လာမယ့် မတ်လမှာ nubia Red Magic 6 ကို ကြေညာလာပါတယ်။ nubia Red Magic 6 ကို မော်ဒယ် 2 မျိုးနှင့် ကြေညာလပါမယ်။ nubia Red Magic 6 ၊ nubia Red Magic 6 Pro ဖြစ်ပါတယ်။

ယနေ့မှာ TENNA မှာ Red Magic 6 နှင့် Red Magic 6 Pro တို့ရဲ့ ဒီဇိုင်းဓာတ်ပုံများကို ဖော်ပြလာပါတယ်။ ဖုန်းများမှာ အသုံးပြုလာမယ့် စနစ်များကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဖုန်းရဲ့ မော်ဒယ်နံပါတ်က NX669J နှင့် NX669J-P ဖြစ်ပါတယ်။ P က Pro ဖြစ်လာဖို့ ရှိပါတယ်။ ဖုန်း 2 မျိုးလုံးမှာ Shoulder Keys များ ပါဝင်သလို Under-Display Fingerprint သုံးလာပါမယ်။ ကျောဘက်ကင်မရာ 3 လုံး ပါဝင်ပါမယ်။

Nubia Red Magic 6 Pro မှာ 144Hz Refresh Rate ၊ Snapdragon 888 SoC ၊ 120W Fast Charging တို့ ပါဝင်ပါမယ်။ ဒီဖုန်းများကို လာမယ့် မတ်လ 4 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

nubia Red Magic 6 ၊ nubia Red Magic 6 Pro တို့ရဲ့ ဒီဇိုင်းကို အတည်ပြုနိုင်ပြီ




