Huawei ဟာ အမေရိကန်အစိုးရရဲ့ ပိတ်ပင်ခြင်းခံရမှုနဲ့အတူ ငွေကြေးများစွာ ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ အထူးသဖြင့် Huawei ဟာ 5G Equipment ၊ စမတ်ဖုန်းရောင်းချမှုအပိုင်းမှာ များစွာ နစ်နာခဲ့ပါတယ်။ ယင်းသို့ အခြေအနေများကြောင့် Huawei ဟာ Honor စမတ်ဖုန်း အမှတ်တံဆိပ်ကို ရောင်းချခဲ့ရပါတယ်။ အခြားတစ်ဖက်တွင် ၎င်းတို့ဟာ ကြိုးမဲ့နားကြပ်နှင့် စမတ်နာရီတို့ကို ပိုမိုအားစိုက်လုပ်လာပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Huawei ဟာ ယခုနှစ် နှောင်းပိုင်းမှာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချရန် စီစဉ်နေကြောင်း သိရပါတယ်။ Huawei ဟာ ယခုနှစ်နှောင်းပိုင်းမှာ မော်ဒယ်တစ်ချို့ကို ရောင်းချသွားဖို့ရှိကြောင်း သိရပါတယ်။ တရုတ်ထိပ်သီးကုမ္ပဏီဟာ ဒီဇိုင်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ဆောင်ထားပြီးဖြစ်သလို ပစ္စည်းထောက်ပံ့ရေးပြုလုပ်မယ့်ကုမ္ပဏီကိုလည်း အမှာလုပ်ထားပြီး ဖြစ်ပါတယ်။

Huawei လျှပ်စစ်ကား ထုတ်လုပ်ရေးစီမံကိန်းကို Huawei အကြီးအကဲ ရစ်ချက်ယူကိုယ်တိုင် ဦးဆောင်လုပ်ဆောင်နေကာ Changan Automobile ကုမ္ပဏီနှင့်လည်း ဆွေးနွေးထားပြီး ဖြစ်သလို BluePark New Energy Technology အပြင် အခြားကားကုမ္ပဏီများနှင့်လည်း တွေ့ဆုံမှုပြုလုပ်ထားပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ယခုနှစ် နှောင်းပိုင်းတွင် လျှပ်စစ်ကား ထုတ်လုပ်ရန် Huawei ဆန္ဒရှိ



