Samsung Galaxy A52 5G နဲ့ပတ်သက်ပြီး သတင်းတွေက အပတ်တိုင်းလိုလို ထွက်နေပါတယ်။ အခုဆိုရင် Samsung Galaxy A52 5G နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်လာခဲ့တဲ့ 2 လ တိုင်တိုင်တောင် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Samsung ဘက်ကတော့ Samsung Galaxy A52 5G နဲ့ပတ်သက်ပြီး တစ်ခွန်းမှ မဟသေးပါဘူး။ ဒါပေမယ့် Samsung Galaxy A52 5G နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်နေမှုကလည်း မရပ်ပါဘူး။

ယနေ့မှာ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ပိုစတာဓာတ်ပုံအရ Samsung Galaxy A52 5G မှာ ပါဝင်လာမယ့် စနစ် 1 ခုကို အတည်ပြုလာနိုင်ပါတယ်။ Samsung Galaxy A52 5G မှာ IP67 Rating ပါဝင်လာမှာဖြစ်ပြီး ရေဒဏ်၊ ဖုန်ဒဏ် ခံနိုင်လာပါမယ်။

Samsung ဟာ Galaxy A52 ကို 2017 ခုနှစ်တုန်းက ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ ယင်းအမည်ကိုဘဲ အသုံးပြုကာ 5G စမတ်ဖုန်းအဖြစ် ပြန်လည်ဆန်းသစ်လာပါမယ်။

ဒီဖုန်းက အလယ်အလတ်တန်း စမတ်ဖုန်းဖြစ်ပေမယ့် Samsung က ရေစိမ်ခံနိုင်တဲ့အထိ လုပ်ဆောင်လာမှုက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Samsung Galaxy A52 5G မှာ Infinity-O Display ၊ In-Display Fingerprint ၊ Flat Screen ၊ Snapdragon 750G ၊ ဘက်ထရီ 4500 mAh ၊ 15W Fast Charging တို့ ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ေရစိမ္ခံလာႏိုင္မယ့္ Samsung Galaxy A52 5G

Samsung Galaxy A52 5G နဲ႔ပတ္သက္ၿပီး သတင္းေတြက အပတ္တိုင္းလိုလို ထြက္ေနပါတယ္။ အခုဆိုရင္ Samsung Galaxy A52 5G နဲ႔ပတ္သက္တဲ့ သတင္းေတြ ထြက္လာခဲ့တဲ့ 2 လ တိုင္တိုင္ေတာင္ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

Samsung ဘက္ကေတာ့ Samsung Galaxy A52 5G နဲ႔ပတ္သက္ၿပီး တစ္ခြန္းမွ မဟေသးပါဘူး။ ဒါေပမယ့္ Samsung Galaxy A52 5G နဲ႔ပတ္သက္တဲ့ သတင္းေတြ ထြက္ေနမႈကလည္း မရပ္ပါဘူး။

ယေန႔မွာ အြန္လိုင္းမွာ ထြက္ေပၚလာတဲ့ ပိုစတာဓာတ္ပုံအရ Samsung Galaxy A52 5G မွာ ပါဝင္လာမယ့္ စနစ္ 1 ခုကို အတည္ျပဳလာႏိုင္ပါတယ္။ Samsung Galaxy A52 5G မွာ IP67 Rating ပါဝင္လာမွာျဖစ္ၿပီး ေရဒဏ္၊ ဖုန္ဒဏ္ ခံႏိုင္လာပါမယ္။

Samsung ဟာ Galaxy A52 ကို 2017 ခုႏွစ္တုန္းက ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္ ယခုႏွစ္မွာ ယင္းအမည္ကိုဘဲ အသုံးျပဳကာ 5G စမတ္ဖုန္းအျဖစ္ ျပန္လည္ဆန္းသစ္လာပါမယ္။

ဒီဖုန္းက အလယ္အလတ္တန္း စမတ္ဖုန္းျဖစ္ေပမယ့္ Samsung က ေရစိမ္ခံႏိုင္တဲ့အထိ လုပ္ေဆာင္လာမႈက စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။

Samsung Galaxy A52 5G မွာ Infinity-O Display ၊ In-Display Fingerprint ၊ Flat Screen ၊ Snapdragon 750G ၊ ဘက္ထရီ 4500 mAh ၊ 15W Fast Charging တို႔ ပါဝင္ပါမယ္။

NetGuide Journal (Every Wednesday)