Samsung ဟာ မကြာသေးမီတုန်းက ကင်မရာဆင်ဆာသစ်အဖြစ် 50MP Samsung GN1 Sensor သစ်ကို ကြေညာခဲ့ပါတယ်။

ယနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ Xiaomi Mi 11 Ultra က 50MP Samsung GN1 Sensor အသုံးပြုလာမယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာဖြစ်ကြောင်း သိရပါတယ်။

Xiaomi Mi 11 Ultra ရဲ့ ကျောဘက်မှာ ကင်မရာ 3 လုံးနှင့် ရုပ်ထွက်ငယ် 1 ခု ပါဝင်ပါမယ်။ ကျောဘက်ကင်မရာ 3 လုံးက 50MP + 48MP Ultrawide + 48MP Telephoto ဖြစ်ပါတယ်။

Samsung GN1 Sensor က Dual Pixel Pro ပါဝင်တဲ့ ပထမဆုံး Samsung ကင်မရာဆင်ဆာဖြစ်ပြီး ဓာတ်ပုံအသေးစိတ်မှု၊ အရောင်ပေးမှု၊ အရောင်ပေးမှုပိုင်း အလွန်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။

Xiaomi ဟာ 2019 ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး Samsung နှင့် ပူးပေါင်းကာ ကင်မရာဆင်ဆာများကို ဦးဦးဖျားဖျား သုံးလာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Redmi Note 7 က Samsung ရဲ့ 48MP GM1 ကင်မရာသုံး ပထမဆုံး စမတ်ဖုန်းဖြစ်သလို Redmi Note 10 Pro ကလည်း 64MP GW1 အသုံးပြုတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi Mi CC9 Pro ကလည်း 108MP ISOCELL HMX ဆင်ဆာကို ပထမဆုံးသုံးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Xiaomi Mi 11 Ultra တြင္ Samsung က အသစ္ ေၾကညာထားတဲ့ 50MP Samsung GN1 Sensor သစ္ သုံးလာမည္

Samsung ဟာ မၾကာေသးမီတုန္းက ကင္မရာဆင္ဆာသစ္အျဖစ္ 50MP Samsung GN1 Sensor သစ္ကို ေၾကညာခဲ့ပါတယ္။

ယေန႔ ထြက္ေပၚလာတဲ့ သတင္းအရ Xiaomi Mi 11 Ultra က 50MP Samsung GN1 Sensor အသုံးျပဳလာမယ့္ ပထမဆုံး စမတ္ဖုန္း ျဖစ္လာမွာျဖစ္ေၾကာင္း သိရပါတယ္။

Xiaomi Mi 11 Ultra ရဲ႕ ေက်ာဘက္မွာ ကင္မရာ 3 လုံးႏွင့္ ႐ုပ္ထြက္ငယ္ 1 ခု ပါဝင္ပါမယ္။ ေက်ာဘက္ကင္မရာ 3 လုံးက 50MP + 48MP Ultrawide + 48MP Telephoto ျဖစ္ပါတယ္။

Samsung GN1 Sensor က Dual Pixel Pro ပါဝင္တဲ့ ပထမဆုံး Samsung ကင္မရာဆင္ဆာျဖစ္ၿပီး ဓာတ္ပုံအေသးစိတ္မႈ၊ အေရာင္ေပးမႈ၊ အေရာင္ေပးမႈပိုင္း အလြန္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။

Xiaomi ဟာ 2019 ခုႏွစ္၊ ဇန္နဝါရီလမွ စတင္ၿပီး Samsung ႏွင့္ ပူးေပါင္းကာ ကင္မရာဆင္ဆာမ်ားကို ဦးဦးဖ်ားဖ်ား သုံးလာတဲ့ ကုမၸဏီ ျဖစ္ပါတယ္။

Redmi Note 7 က Samsung ရဲ႕ 48MP GM1 ကင္မရာသုံး ပထမဆုံး စမတ္ဖုန္းျဖစ္သလို Redmi Note 10 Pro ကလည္း 64MP GW1 အသုံးျပဳတဲ့ ပထမဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။

ဒါ့အျပင္ Xiaomi Mi CC9 Pro ကလည္း 108MP ISOCELL HMX ဆင္ဆာကို ပထမဆုံးသုံးတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)