Yonhap က LG Rollable Phone ထုတ်လုပ်ရေး အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ LG မှ ပြောရေးဆိုခွင့်ရှိသူ 1 ဦးက LG Rollable Phone ထုတ်လုပ်ရေး အစီအစဉ်ကို ဖျက်သိမ်းခြင်း မရှိကြောင်း ဆိုထားပါတယ်။

LG ဟာ LG Rollable Phone ပုံကြမ်းထည်ကို CES ပွဲမှာတုန်းက ပြသခဲ့ပြီး ယင်းဖုန်းကို ယခုနှစ် အတွင်းမှာ ထုတ်လုပ်ရောင်းချလာမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

LG ဟာ စမတ်ဖုန်းရောင်းအား အလွန်ကျဆင်းမှုနဲ့အတူ စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းမယ်လို့ သတင်းထွက်နေပါတယ်။ LG က ယင်းသတင်းကို ငြင်းဆိုထားပေမယ့် ဝယ်ယူမယ့်သူအား ရှာဖွေနေပြီး ဆွေးနွေးနေကြောင်း တောင်ကိုရီးယား မီဒီယာများက ရေးသားနေပါတယ်။

LG ဟာ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းလိုက်နိုင်ပေမယ့် ရုပ်ထွက်အပါအဝင် တီဗွီ၊ မော်နီတာ အပါအဝင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုများကို ရပ်ဆိုင်းမှာ မဟုတ်ပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Rollable Phone ထုတ္လုပ္ေရးကို ဖ်က္လိုက္ၿပီဆိုတဲ့ သတင္းကို LG ျငင္းဆို

မၾကာေသးမီတုန္းက Yonhap က LG Rollable Phone ထုတ္လုပ္ေရး အစီအစဥ္ကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ ယေန႔မွာေတာ့ LG မွ ေျပာေရးဆိုခြင့္ရွိသူ 1 ဦးက LG Rollable Phone ထုတ္လုပ္ေရး အစီအစဥ္ကို ဖ်က္သိမ္းျခင္း မရွိေၾကာင္း ဆိုထားပါတယ္။

LG ဟာ LG Rollable Phone ပုံၾကမ္းထည္ကို CES ပြဲမွာတုန္းက ျပသခဲ့ၿပီး ယင္းဖုန္းကို ယခုႏွစ္ အတြင္းမွာ ထုတ္လုပ္ေရာင္းခ်လာမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

LG ဟာ စမတ္ဖုန္းေရာင္းအား အလြန္က်ဆင္းမႈနဲ႔အတူ စမတ္ဖုန္းထုတ္လုပ္မႈကို ရပ္ဆိုင္းမယ္လို႔ သတင္းထြက္ေနပါတယ္။ LG က ယင္းသတင္းကို ျငင္းဆိုထားေပမယ့္ ဝယ္ယူမယ့္သူအား ရွာေဖြေနၿပီး ေဆြးေႏြးေနေၾကာင္း ေတာင္ကိုရီးယား မီဒီယာမ်ားက ေရးသားေနပါတယ္။

LG ဟာ စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်မႈကို ရပ္ဆိုင္းလိုက္ႏိုင္ေပမယ့္ ႐ုပ္ထြက္အပါအဝင္ တီဗြီ၊ ေမာ္နီတာ အပါအဝင္ လွ်ပ္စစ္ပစၥည္း ထုတ္လုပ္မႈမ်ားကို ရပ္ဆိုင္းမွာ မဟုတ္ပါဘူး။

NetGuide Journal (Every Wednesday)