OPPO ဟာ မကြာမီ ကာလအတွင်းမှာ OPPO Reno5 မိသားစုဝင်သစ်ကို ကြေညာလာပါမယ်။ Reno5 မိသားစုဝင်သစ် အမည်က Reno5 K ဖြစ်ပါတယ်။

တကယ်တော့ ဒီဖုန်းက ဖုန်းသစ် မဟုတ်ပါဘူး။ OPPO Reno5 5G ကို Chipset ပြောင်းလဲထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ K မှာ Snapdragon 750G Chipset သုံးလာပါမယ်။ Reno5 5G မှာတုန်းက Snapdragon 765G သုံးခဲ့တာပါ။

Reno5 K မှာ 6.43 လက်မ OLED 90Hz Refresh Rate FullHD+ ရုပ်ထွက် သုံးလာပါမယ်။ ရှေ့ကင်မရာက 32MP f/2.4 ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ 4 လုံးက 64MP + 8MP Ultrawide + 2MP Macro + 2MP Depth ဖြစ်ပါတယ်။

Reno5 5G တုန်းက 8/128GB ၊ 12/256GB တို့နှင့် ရွေးချယ်နိုင်ခဲ့ပြီး OPPO Reno5 K မှာကိုတော့ 8/128GB ဗားရှင်း 1 မျိုးတည်းနှင့်ဘဲ ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းကလည်း ဒေါ်လာ 385 ဘဲ ဖြစ်လာပါမယ်။ ဒီဖုန်းကို Moonlight Black ၊ Starry Dream အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Reno5 မိသားစုဝင္သစ္အျဖစ္ Reno5 K ကို ေၾကညာမည့္ OPPO

OPPO ဟာ မၾကာမီ ကာလအတြင္းမွာ OPPO Reno5 မိသားစုဝင္သစ္ကို ေၾကညာလာပါမယ္။ Reno5 မိသားစုဝင္သစ္ အမည္က Reno5 K ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီဖုန္းက ဖုန္းသစ္ မဟုတ္ပါဘူး။ OPPO Reno5 5G ကို Chipset ေျပာင္းလဲထားတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ K မွာ Snapdragon 750G Chipset သုံးလာပါမယ္။ Reno5 5G မွာတုန္းက Snapdragon 765G သုံးခဲ့တာပါ။

Reno5 K မွာ 6.43 လက္မ OLED 90Hz Refresh Rate FullHD+ ႐ုပ္ထြက္ သုံးလာပါမယ္။ ေရွ႕ကင္မရာက 32MP f/2.4 ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာ 4 လုံးက 64MP + 8MP Ultrawide + 2MP Macro + 2MP Depth ျဖစ္ပါတယ္။

Reno5 5G တုန္းက 8/128GB ၊ 12/256GB တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ခဲ့ၿပီး OPPO Reno5 K မွာကိုေတာ့ 8/128GB ဗားရွင္း 1 မ်ိဳးတည္းႏွင့္ဘဲ ေရြးခ်ယ္ႏိုင္ပါမယ္။ ေဈးႏႈန္းကလည္း ေဒၚလာ 385 ဘဲ ျဖစ္လာပါမယ္။ ဒီဖုန္းကို Moonlight Black ၊ Starry Dream အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)