Note 10 ရဲ့ ဗူးခွံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ထွက်ပေါ်လာပါတယ်။ ယင်းဓာတ်ပုံ ပေါက်ကြားမှုနဲ့အတူ Redmi Note 10 မှာ အသုံးပြုလာမယ့် စနစ်အချို့ကို သိခွင့်ရရှိလာပါတယ်။
Redmi Note 10 မှာ FullHD+ AMOLED နှင့် 48MP Quad Camera ပါဝင်မယ်လို့ အတည်ပြုသွားပါတယ်။
Redmi ဟာ Redmi Note 10 စီးရီးကို လာမယ့် မတ်လ 4 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ Note 10 စီးရီးအဖြစ် Note 10 ၊ Note 10 Pro ၊ Note 10 Pro Max တို့ကို မြင်တွေ့ရပါမယ်။ ဖုန်းအားလုံးမှာ Gorilla Glass ၊ IP52 Rating နှင့် Flat Display တို့ ပါဝင်ပါမယ်။
အစောပိုင်း သတင်းများအရ Redmi Note 10 Pro ကို Snapdragon 750G Chipset နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 108MP ကင်မရာ ပါဝင်လာပါမယ်။
Redmi Note 10 နဲ့ပတ်သက်ပြီး အခု ဒီလောက်ဘဲ သိရပါသေးတယ်။ လာမယ့် မတ်လ 4 ရက်နေ့မှာ အားလုံး အပြည့်အစုံ သိရပါမယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————
(Zawgyi Version)
Redmi Note 10 တွင် AMOLED ရုပ်ထွက်နှင့် 48MP ကင်မရာ ပါဝင်မည်